Tuesday, July 29, 2008

စာသင်ကျောင်း နှစ်ကျောင်း၊ လူ့အခွင့်အရေး သင်တန်းနဲ့ ကျွန်တော်

လုပ်ငန်းစဉ် နှစ်ရပ်ကို ပူးတွဲအကောင်အထည်ဖော်ဖို့အတွက် ၂၈ ရက်နေ့ ခူရဘူရီခရီးစဉ်ကိုမနက် ၈နာရီမှာ စတင် တယ်။ ဖုန်းကြီးကျောင်းတစ်ကျောင်းမှာ ၀ါဆိုနေတဲ့ ဘုန်းကြီးကိုဝင်ပင့်တယ်။ Grassroots - HRE နဲ့ MMT's ကဖွင့်ထားတဲ့ကျောင်းနှစ်ကျောင်းစလုံးကိုဘုန်းကြီးနဲ့တစ်လှည့်စီဝင်ရမှာပါ။ ဘုန်းကြီးကတော့ မြန်မာ ရွှေ့ ပြောင်းအလုပ်သမားများရဲ့သား၊သမီးကလေးငယ်များကို ယဉ်ကျေးမှု သင်တန်းတွေပေးမှာပါ။ ကျေးဇူးကြီး မားလှပါတယ်။ အချို့ ကလေးငယ်များဟာ ထိုင်းနိုင်ငံမှာတင် မွေးဖွားကြီးပြင်းလာကြရတဲ့ ကလေးတွေပါ။ မြန်မာနိုင်ငံနဲ့မြန်မာ့ယဉ်ကျေးမှုဆိုတာကလေးတွေအတွက်အသစ်အစမ်းတွေပါ။ကျွန်တော်ကတော့ကလေးများ ရဲ့ ကျမ်းမာရေးစစ်ဆေးပေးမှုများ ကိုဆောင်ရွက်ပေးမှာပါ။ ပုံမှန်အစီအစဉ်ထဲကိုအသစ်ထပ်ဝင် လာတာက ဘန်ကလန်း မှာဘုန်းကြီးက ၀ါဆိုသင်္ဃန်းကပ်လှုပူဇော်ခြင်းကို ခံရမယ့် အစီအစဉ်ပါ။ ကျောင်းသား အဖြစ်နဲ့ ဓါတ်ပုံမှတ်တမ်းတင်ပေးဖြစ်ပါတယ်။
ဘန်ကလန်းရဲ့ သဘာဝရှုခင်းတွေကိုလည်း ရိုက်လာဖြစ်ပါတယ်။ ၀ါဆိုသင်္ဃန်းကပ်နေတဲ့ မြင်ကွင်းက ရင်ကို ကြည်နှုးစေပါတယ်။ တို့လူမျိုးတွေ ဘယ်ကိုရောက်ရောက် ဘုရား၊ တရား၊ သံဃာ မမေ့တာ။ အလှူ ရေစက် လက်နဲ့မကွာတာ တွေအတွက် သာဓုခေါ်ဆိုရင်း မျက်ရည်ဝဲမိပါတယ်။ ပေးဆပ်လိုက်ရတဲ့ အချိန်တွေထက်ကို ပီတိပိုရရှိခဲ့ပါတယ်။ ဦးဇင်းဆွမ်း ဘုန်းပေးပြီးနောက်မှာ MMT's စာသင်ကျောင်းလေးကို ဆက်ထွက်ခဲ့ပါတယ်။ စာသင်ကျောင်းလေးမှာ ကလေးတွေ ထမင်းတောင်စား နေကြပြီ။ ကလေးတွေ ကိုကစားချိန် နာရီဝက် လောက်ပေးအပြီးမှာ ကျန်းမာရေး စစ်ဆေးပေးမှုကိုစတင်ပါတယ်။ ကလေး ၁၇ ယောက်ကို ကျန်းမာရေး စစ်ဆေးပေးမှုကို ပြုလုပ်ပေးခဲ့ပါတယ်။ နေ့လည် ၁နာရီ ၄၅ မိနစ်မှာ MMT's ကျောင်းမှ ထွက်ခွါလာပြီး Grassroots - HRE ကျောင်းမှာ ကလေး ၁၀ ယောက်ကို ကျန်းမာရေး စစ်ဆေးပေးပြီးချိန်မှာ ၃ နာရီထိုးပြီး ကျောင်းဆင်းချိန် ရောက်ပါတယ်။
ခူရဘူရီမှ ရုံးကို ပြန်ရောက်ချိန်မှာ ညနေ ၅ နာရီထိုးနေပါပြီ။ ၆ နာရီ ၃၀ မိနစ်မှာ စတင်မယ့်။ အခြေခံ လူ့အခွင့်အရေး သင်တန်းအတွက် ကြိုတင်ပြင်ဆင်ရပါတယ်။ ည ၈နာရီ ၀န်းကျင်မှာ ပဲသင်တန်း အောင်မြင်စွာ ပြီးဆုံးရင်း တစ်နေ့တာ လုပ်ငန်းစဉ်ရပ်နားခဲ့ပါတယ်။ (ကျွန်တော် ပေးတဲ့ လူ့အခွင့်ရေး သင်တန်းများကိုလည်း စောင့်မျှော်ဖတ်ပေးကြပါခင်ဗျာ။)

Read more...

Sunday, July 27, 2008

မွေးနေ့ တစ်ခုကို ဖြတ်သန်းခြင်း

ညနက်ပိုင်း မှအိပ်တတ်တဲ့ အလေ့အထကြောင့် မနက်ပိုင်းမှာ စောစောထလေ့မရှိ။ ရုံးပိတ်ရက်ဖြစ်တာ ကြောင့်နေ့လည် (၁၁)နာရီကျော်မှ အိပ်ယာထဖြစ်တယ်။ ဒီလိုနဲ့ပဲ (၂၆) ရက်နေ့မှာကြရောက်တဲ့ ကျွန်တော့်ရဲ့ မွေးနေ့ကို စတင်တယ်။ သူငယ်ချင်းတစ်ယောက်အခန်းရှေ့ က ဖြတ်သွားတာ တွေ့လို့ လိုက်သွား တာဟိုရောက်တော့ အရက်ဝိုင်းနဲ့သွားတိုးနေတယ်။ အမြည်းကတော့ ငါးစဉ်းကော။ အခန်းမှာ ရှိတဲ့စပိုင် ၃ ပုလင်း ပြန်ယူပြီးသောက်လိုက်တာ စံချိန်ချိုးသွားတယ်။ တစ်ခါမှ နေ့ခင်းကြောင် တောင် မမူးဖူးဘူး။ ထုံးစံအတိုင်းပေါ့ မူးနေတော့ နောက်ကြောင်းပဲ စားမြုံ့ပြန်ဖြစ်တယ်။ ဖြတ်သန်းခဲ့ရတဲ့ ဘ၀အစိတ်အပိုင်း တစ်ချို့ က သူငယ်ချင်းတွေ ကိုသတိရမိတယ်။ သီချင်းတွေ အော်ဆိုဖြစ်တယ် ဂီတာကျိုးပြတ်သွားတော့မှ သီချင်းဆိုရပ် တယ်။
၈၈၈၈ (ရှစ်လေးလုံး)နေ့အခန်းအနားကျင်းပဖို့ ပမာဏဆွေးနွေးရာကနေ ၈၈၈၈ လေးလုံးမတိုင်မှီမွန်၊ကရင် အရေးအခင်း၊KNU အကွဲအပြဲ၊ မွန်ပြည်သစ်ပါတီရဲ့ ခိုင်မာတဲ့ ရပ်တည်ချက်၊KNPP ရဲ့ခိုင်မာတဲ့ရပ်တည်ချက်၊ KIA ရဲ့ပျော့ညံ့တဲ့ ရပ်တည်ချက် အကုန်စုံသွားတာပဲ။ ဘယ်လိုစကားပြတ်သွားမှန်းတောင်မသိဘူး မူးမူးနဲ့ ပြန် လာပြီးအိပ်ပျော်သွားတာ ည ၈ နာရီခွဲလောက်မှ ပြန်နှိုးလာတယ်။ ကျွန်တော့်ရဲ့ မွေးနေ့ဟာ Happy Birthday လို့နှုတ်ဆက်သူ တစ်ယောက်တည်းနဲ့ ပွဲသိမ်းသွားတယ်။

Read more...

Thursday, July 24, 2008

ပင်လယ်ထဲမှ ဘ၀များ (၀ါးတန်းလှေ).....

ပင်လယ်ထဲ မှ ဘ၀များ (၀ါးတန်းလှေ) . . . .

ငါးဖမ်းလုပ်ငန်းသည် ထိုင်းနိုင်ငံ၏ အဓိကစီးပွါးရေးလုပ်ငန်းတစ်ခု ဖြစ်သကဲ့သို့ ထိုလုပ်ငန်း တွင်အဓိက လုပ်ကိုင်နေသော လုပ်သားအများစုမှာလည်း မြန်မာ အလုပ်သမားများ ဖြစ်ကြပါ သည်။ ကြမ်းတမ်းခက်ခဲသည့် လုပ်ငန်းတစ်ခု ဖြစ်သည့် အလျောက် အန္တရာယ်အလွန်များသော လုပ်ငန်းလည်းဖြစ်ပါသည်။

ငါးဖမ်းလှေအမျိုးအစား အများအပြား ရှိသည့်အနက် မြန်မာအလုပ်သမားများ အများဆုံး လုပ်ကိုင်ကြသော လှေအမျိုးအစားများမှာ ၎င်းတို့အခေါ် ၀ါးတန်းလှေနှင့် ၀ါးလက်လှေ နှစ်မျိုးသာ ဖြစ်ပါသည်။

ဝါးတန်းလှေ ဆိုသည်မှာ ပင်လယ်ထဲသို့ တစ်နေ့တစ်ကြိမ် ပုံမှန် ထွက်ပြီး ငါးဖမ်းသော လှေမျိုးဖြစ်သည်။ လှေအရွယ်အစားပေါ်တွင် မူတည်ပြီး ငါးဖမ်းလှေ တစ်စီးလျှင် အလုပ်သမားအင်အား သုံးဆယ်မှ ငါးဆယ်၊ ခြောက်ဆယ် အထိ ရှိကြ သည်။ ငါးဖမ်းမည့်နေရာ ပင်လယ်ထဲသို့ နေ့လည်ပိုင်းမှ စတင်ထွက်ခွါကာ ညပိုင်း တစ်ချို့ ရှစ်နာရီ၊ တစ်ချို့ ဆယ်နာရီ တစ်ချို့ ဆယ့်တစ်နာရီမှ စတင်ပြီး ငါးဖမ်းခြင်း လုပ်ငန်းများကို ဆောင်ရွက်လုပ်ကိုင်ကြသည်။




ဝါးတန်းလှေများသည် ငါးဖမ်းခြင်းကို စတင်ဆောင်ရွက်ရာ၌ ပထမဦးဆုံး အနေဖြင့် မိမိနှင့်သက်ဆိုင်သည့် မီးထွန်းလှေရှိရာသို့ စတင်ပြီး ဦးတည်မောင်းနှင် သွားရသည်။ မီးထွန်းလှေ ဆိုသည်မှာ စက်လှေအသေးစား တစ်မျိုးဖြစ်ပြီး အင်အားကောင်းသည့် မာကျူရီမီးလုံးများကို တပ်ဆင်ထားကာ ပင်လယ်ထဲတွင် ငြိမ်သက်စွာ ရပ်တန့်၍ မိမိနှင့်သက်ဆိုင်သည့် ၀ါးတန်းငါးဖမ်းလှေ လာရောက်ပြီး ငါးဖမ်းပိုက်ကို ပင်လယ်ထဲသို့ ၀ိုင်းပတ်ပြီး ချပေးသည်အထိ စောင့်ဆိုင်းရသည်။ ၎င်းသည် ပုံမှန်အားဖြင့် မီးအလင်းရောင်ကို အသုံးချကာ ပင်လယ်ထဲရှိ ငါးများကို ခေါ်ယူစုဆောင်းထားသည့် ပုံစံတစ်မျိုး ဖြစ်သည်။

ဝါးတန်းလှေအနေဖြင့် မိမိနှင့်သက်ဆိုင်သည့် မီးထွန်းလှေရှိရာသို့ ဦးတည် ခုတ်မောင်းပြီး မီးထွန်းလှေကို တွေ့သည့်အခါ ၎င်းမီးထွန်းလှေကို အလယ်တွင် ထား၍ ၀ါးတန်းလှေတွင် ပါရှိသည့် ငါးဖမ်းပိုက်ကြီးဖြင့် လှည့်ပတ်ဝိုင်းပတ်ပြီး ငါးဖမ်းပိုက်ကို ပင်လယ်ထဲသို့ ပစ်ချပြီးနောက် ၎င်းငါးဖမ်းပိုက်ကို လူအင်အားဖြင့် ပင်လယ်ထဲမှ ငါးဖမ်းလှေပေါ်သို့ ပြန်လည်ဆွဲတင်ပြီး ပိုက်အတွင်းသို့ ရောက်ရှိနေ သော ငါးများကို ဖမ်းယူခြင်းဖြစ်သည်။

ဝါးတန်းလှေ အနေဖြင့် ငါးဖမ်းခြင်းလုပ်ငန်း တစ်ကြိမ်လုပ်တိုင်း အလုပ်ချိန် ၁နာရီခွဲ မှ ၂ နာရီထိ ကြာမြင့်တတ်သည်။ မြန်မာ့ ရေလုပ်သားများအခေါ် တစ်စူး (တစ်ကြိမ်) ဟု ခေါ်သည်။ တစ်ညလျှင် သုံးစူး(သုံးကြိမ်) မှ ငါးစူး(ငါးကြိမ်) အထိ ငါးဖမ်း ခြင်းလုပ်ငန်းများကို ဆောင်ရွက် သည်။ လှေပိုင်ရှင်များ အနေဖြင့် သူတို့၏ သတ်မှတ်ချက် ပြည့်ဝသည့်အထိ ငါးဖမ်းယူခြင်းဖြစ် သည်။ အကြိမ်အရေအတွက် များလေလေ အလုပ်သမားများ ပင်ပန်းလေဖြစ်သည်။ လှေတစ်စီး လျှင် ထိုင်းလူမျိုး အလုပ်သမားခေါင်းဆောင် ငါးယောက်မှ ဆယ်ယောက်ထိ ပါရှိတတ်ပြီး ကျန်ရှိသည့် အလုပ်သမားများမှာ မြန်မာအလုပ်သမားများ ဖြစ်ကြသည်။

အလုပ်သမားများအနေဖြင့် တစ်နေ့လျှင် ပျမ်းမျှအလုပ်ချိန် တစ်ဆယ့် ရှစ်နာရီ မှ နာရီ နှစ်ဆယ်ထိ အလုပ်လုပ်ကိုင်ကြရသည်။ တစ်ရက်တာ အလုပ်ချိန်မှာ ဥပမာအားဖြင့် ညနေ ငါးနာရီ တွင် စတင်ထွက်ခွာသော လှေတစ်စီး အနေဖြင့် ငါးဖမ်းမည့်နေရာသို့ ညနေ ဆယ်နာရီဝန်းကျင် တွင်ရောက်ရှိပြီး ငါးဖမ်းခြင်းလုပ်ငန်း စတင်ဆောင်ရွက်ပါက လှေတွင် ပါရှိသည့် အလုပ်သမား များ၏ အားလပ်ချိန်နှင့် အိပ်ချိန် စုစုပေါင်းမှာ ငါးနာရီသာရှိသည်။ ငါးစတင်ဖမ်းဆီးသည့် အချိန်မှ စ၍ တစ်ညလုံး ငါးဖမ်းခြင်း လုပ်ငန်းများကို အကြိမ်ကြိမ် လုပ်ဆောင်ကာ မနက်မိုးလင်း သည့် အချိန်မှသာ ပင်လယ်ထဲမှ ငါးဂိုဒေါင်များရှိရာ လှေဆိပ်သို့ ပြန်လည် ခုတ်မောင်းလာခြင်းဖြစ်သည်။ ငါးဂိုဒေါင်သို့ ပြန်လာသည့် လမ်းတစ်လျှောက်တွင်လည်း အလုပ်သမားများအနေဖြင့် ငါးအမျိုး အစား ရွေးချယ်ခြင်း၊ ငါးဖမ်းပိုက်ကို ဆေးကြောပြီး သန့်စင်အောင် ဆောင်ရွက်ခြင်းများ လုပ်ဆောင်ရပြီး ငါးဂိုဒေါင်သို့ ရောက်ရှိသည့်အခါ ငါးတင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ကာ ညနေ လေးနာရီ သို့မဟုတ် ငါးနာရီလောက်တွင် ငါးတင်ခြင်းအလုပ် ပြီးစီးသည်နှင့် တစ်ပြိုင်နက် ငါးဖမ်းလှေအတွက် လိုအပ်သည့် ဆီ၊ ရေ ၊ ရေခဲ များကို ပြန်လည်ဖြည့်ဆည့်ပြီး ပင်လယ်ထဲသို့ ပြန်လည်ထွက်ခွာကြသည်။ အလုပ်သမားများအနေဖြင့် အိပ်ချိန်နှင့် အနားယူရသည့်အချိန်မှာ ငါးဂိုဒေါင်လှေဆိပ်မှ ပင်လယ်ထဲရှိ မီးထွန်းလှေ ရှိရာသို့ ပြန်လည်ခုတ်မောင်းသည့် ကြားကြာချိန်သာ ဖြစ်သည်။

ကျွန်တော်က ပိုက်သီးကူးတဲ့ အလုပ်လုပ်တယ်။ လှေထွက်စရိတ် နှစ်ထောင့် ငါးရာ ရတယ်။ ပင်လယ်ထဲဆင်းပြီး တစ်ညလုံးနီးပါး ရေကူးနေရတာ ဆိုတော့ ပင်ပန်းတာကို ခံနိုင်ရည်ရှိရသလို အအေးဒဏ်ကိုလည်း ခံနိုင်ရတယ်။ ပိုက်ကြီး ထဲမှာ မြွေကြီးတွေနှင့် တွေ့မှာ ကို ကျွန်တော် အကြောက်ဆုံးပဲ။ မီးထွန်းလှေနား ကပ်တဲ့အချိန်ကျရင်လည်း အရမ်းသတိထားရ တယ်။လှေအလုပ်သမားဖြစ်သူ ထားဝယ်အမျိုးသားလေး မောင်သားကန်းမှ ပြောဆိုခြင်း ဖြစ်သည်။ မောင်သားကန်း မှာ အသက်တစ်ဆယ့်လေးနှစ်သာ ရှိသေးသည့် ကလေးအလုပ်သမား တစ်ဦး ဖြစ်သည်။ မောင်သားကန်းမှ သူ၏အတွေ့ အကြုံကို ပြောဆိုရာမှာ

ဝါးတန်း ငါးဖမ်းလှေတိုင်းမှာ ဒီပိုက်သီးကူးတဲ့ အလုပ်ကိုလုပ်တဲ့ အလုပ် သမားတွေအားလုံးဟာ ကျွန်တော်တို့လို ကလေးတွေပဲ။ လှေတစ်စီးဆိုရင် ကလေး အနည်းဆုံး နှစ်ယောက်ကနေ လေး၊ ငါးယောက်ထိ ပါရှိတယ်။ အသက်တစ်ဆယ့် နှစ်နှစ်နှင့် တစ်ဆယ့်ငါးနှစ်ကြားအရွယ် ကျွန်တော်တို့လိုပေါ့ဟု သားကန်းမှ ပြောဆိုသည်။

ပိုက်သီးကူးအလုပ် ဆိုသည်မှာ ၀ါးတန်းငါးဖမ်းလှေ အနေဖြင့် မီးထွန်းလှေကို အလယ်ဗဟိုတွင်ထားပြီး ငါးဖမ်းပိုက်ကို ပင်လယ်ထဲသို့ ပစ်ချပြီးနောက် အလုပ် သမားအင်အားဖြင့် ငါးဖမ်းပိုက်ကို ၀ါးတန်းလှေပေါ်သို့ ပြန်လည်ဆွဲတင်သည့်အခါ ပိုက်ကွန်၏အပေါ်ပိုင်း ရေပေါ် တွင်ပေါ်နေသော ဖော့သီး(ပိုက်သီး) များကို နှစ်ဆယ့် ငါးပေ၊ ပေသုံးဆယ် အကွာအဝေးလျှင် တစ်ကြိမ် ပင်လယ်ထဲရှိ ဖော့သီး(ပိုက်သီး)ကို ရေထဲသို့ကူးခတ်ပြီး ကြိုးဖြင့် ချည်ပေးကာ လှေပေါ်တွင်ရှိသော အလုပ်သမားများက ငါးဖမ်းပိုက်ကို လှေပေါ်သို့ ဆွဲယူရန် အဆင့်သင့်ဖြစ် အောင်ဖော့သီး(ပိုက်သီး) ကို ကြိုးချည်ပေးရခြင်း ဖြစ်သည်။

လှေထွက်စရိတ် ဆိုသည်မှာလည်း လစာပေးခြင်းတစ်မျိုး ဖြစ်ပြီး ငါးဖမ်းလှေ အလုပ်သမားများကို ကြိုတင်ငွေပေးဆောင်သော စနစ်ဖြစ်သည်။ ပိုက်သီးကူး ကလေး အလုပ်သမားများနှင့် သာမန်အလုပ်ဝင်လာခါစ အလုပ်သမားသစ်များအနေဖြင့် တစ်လ၏ လုပ်အားခမှာ နှစ်ထောင့်ငါးရာထက် မပိုပေ။ ၀ါရင့်အလုပ်သမားများနှင့် ငါးဖမ်းလှေလုပ်ငန်း တစ်ခုလုံးကို အလုပ်ကျွမ်းကျင်စွာဖြင့် ခေါင်းဆောင် နိုင်သည့် အလုပ်သမားများမှသာ မြန်မာ့ အလုပ်သမားများ အခေါ် ပိုဇန် (ငါးဖမ်း၍ ရလာသည့် ငွေကြေးကို ပြန်လည်ရောင်းချပြီး ရာခိုင်နှုန်းဖြင့် ပေးသောစနစ်) ကို ရရှိ ကြသည်။ ဤစနစ်ဖြင့် ရရှိသည့် အလုပ်သမားများမှာ အတွေ့အကြုံရှိပြီး အလုပ်သက်တမ်း ကြာရှည်သော အလုပ်သမားမျိုးများဖြစ်ကြသည်။ ထိုင်းဘတ်ငွေ ခုနှစ်ထောင်နှင့် တစ်သောင်းကြားတွင် ရရှိကြသော်လည်း ဘတ်ငွေတစ်သောင်း လောက်ရရှိသော အလုပ်သမားများမှာ လှေတစ်စီးလျှင် တစ်ယောက် သို့မဟုတ် နှစ်ယောက် ထက်ပို၍မရှိကြပေ။ ၎င်းအလုပ်သမားများကို မြန်မာအလုပ်သမားများ အခေါ် ရေရှူး (လှေအလုပ်သမားခေါင်းဆောင်) ဟု ခေါ်သည်။

ဝါးတန်းငါးဖမ်းလှေပိုင်ရှင်များ အနေဖြင့် ပိုက်သီးကူးလုပ်ငန်းများတွင် ကလေး အလုပ်သမားများကို အသုံးပြုရခြင်းမှာလည်း ကလေးငယ်များ အနေဖြင့် ပင်လယ်ထဲတွင် ပေါ့ပါးစွာ ရေကူးခတ်နိုင်ခြင်း၊ တစ်ချို့ အနရာယ်ရှိနိုင်သည့် အခြေအနေ များကို အကဲမခတ်တတ်၊ မသိရှိနိုင်သည့် အတွက် လုပ်ငန်းအဆင်ပြေရေးအတွက် သာ အရေးထားပြီး အလုပ်ခိုင်းစေခြင်း ဖြစ်သည်။ မီးထွန်းလှေမှ အီလက်ထရစ် ၀ါယာလက်စ် ရှော့ဖြစ်ပြီး အလုပ်သမားများ အနေဖြင့် မကြာခဏ အသက်ဆုံှးုံး ရသည့် အဖြစ်များကို ကြုံတွေ့ရသည့်အတွက် အလွန့်အလွန် အန္တရာယ်များပြား လွန်းသည်။

ဝါးတန်းငါးဖမ်းလှေလုပ်သားများ အနေဖြင့် ရက်ရှည်နားရက်အဖြစ် တစ်လ လျှင် တစ်ကြိမ်ရှိပြီး သုံးရက်မှ၊ ငါးရက်အတွင်း နားနေခွင့်ရသည် ၎င်းအားလပ်ရက် ကို ကမ်းတက် ရက်ဟုခေါ်သည်။ သို့သော် ၎င်းရက်များထဲ၌ နေ့လည်၊ နေ့ခင်းပိုင်း များတွင် ပျက်စီး၊ ပေါက်ထွက်နေသော ငါးဖမ်းပိုက်များကို ပြန်လည်ပြုပြင် ချုပ်လုပ် ခြင်းဖြင့် အနားယူခွင့်ရခြင်းသာ ဖြစ်သည်။ ၎င်းရက်များမှာ လပြည့်နေ့များဖြစ်ပြီး လပြည့်ကျော် သုံးရက် သို့မဟုတ် ငါးရက်ထိ ဖြစ်သည်။ လမင်း၏အလင်းရောင် ကြောင့် ပင်လယ်ထဲရှိ ငါးများကို ဖမ်းဆီး၍ မရနိုင်သဖြင့် ငါးဖမ်းခြင်းလုပ်ငန်း များကို ရပ်တန့်ထားခြင်းသာ ဖြစ်သည်။

ထောင်သောင်းချီပြီး များပြားသည့် ထိုင်းလုပ်ငန်းရှင်များပိုင် ငါးဖမ်းလှေများ တွင် လုပ်ကိုင်ဆောင်ရွက်နေကြရသည့် ကလေးအလုပ်သမားများကို သေချာစိစစ် ရေတွက်ရမည် ဆိုပါက များပြားလွန်းသည့် မြန်မာ့ကလေးအလုပ်သမား အရေ အတွက်ကို တွေ့ရှိသိမြင်လာမည် ဖြစ်သည်။

ပင်လယ်ထဲမှ ဘ၀များ အကြောင်းကို Southern Migrant ကရေးသားပါတယ်။


Read more...

Thursday, July 17, 2008

ကျွန်တော် မမေ့နိုင်သော ဆယ့်ကိုးဇူလိုင်

ကျွန်တော် ဗိုလ်ချုပ်အောင်ဆန်းနဲ့ပါတ်သတ်တဲ့ စာအုပ်လေးတွေ ဇွန်လထဲမှာ အမှတ်မထင်ပြန်ဖတ်မိနေ ခဲ့ပါတယ်။ ထိုင်းနိုင်ငံကို ရောက်နေတဲ့အတွက် ကြောင့်လည်း လိုခြင်တဲ့၊ ဖတ်ခြင်တဲ့ စာအုပ် တွေကအလွယ်တကူနဲ့လည်းရှာလို့မရခဲ့ပါဘူး။ ကျွန်တော့ဆီမှာ (ဆရာ)တက္ကသိုလ်နေ၀င်း ရေးတဲ့ (အမှတ်တရ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပြည်ထောင်စု ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း) ဆိုတဲ့စာ အုပ်နှစ်အုပ်ပဲ ရှိတာကြောင့် အင်တာနက် စာမျက်နှာတွေမှာလည်း လိုက်ရှာဖတ်နေမိခဲ့ပါတယ်။ (ဆရာ)တက္ကသိုလ်နေ၀င်း ရေးတဲ့ ပြည်ထောင်စု ဗိသုကာဗိုလ်ချုပ်အောင်ဆန်း စာအုပ်ထဲက (ကျွန်တော် မမေ့နိုင်သော ဆယ့်ကိုးဇူလိုင်)ဆိုတဲံ့ ဆောင်းပါးလေးကို ကျွန်တော့် ဘလောဂ့်ပေါ်မှာ ပြန်လည်ကူးယူတင်ပြထားပါတယ်ခင်ဗျာ။ ယနေ့ထိ မြန်မာနိုင်ငံသမိုင်း မှာအစားထိုးမရနိုင်တော့တဲ့ ခေါင်းဆောင်ကောင်းတစ်ယောက် ဆုံးရှုံးခဲ့ရတဲ့နေ့ရက်ကို မမေ့နိုင်တဲ့ ရင်ထဲကဆန္ဒလေးကြောင့် ဆောင်းပါးရှင်နဲ့ သက်ဆိုင်သူများ ကိုခွင့်မတောင်းဖြစ်တာ ခွင့်လွှတ်ပါခင်ဗျာ။ အခြားသော အင်တာနက်စာမျက်နှာနဲ့ ဘလော့ဂ် များအပေါ်မှလည်း ကျွန်တော့ ဘလော့ဂ်ပေါ်မှာ ကူးယူဖော်ပြခွင့် လေးပေးဖို့ ပိုင်ရှင်များထံမှလည်း ကြိုတင်ခွင့်တောင်းပါတယ်ခင်ဗျာ။


ကျွန်တော် မမေ့နိုင်သော ဆယ့်ကိုးဇူလိုင်
“ပျောက်သောသူ ရှာလျှင်တွေ့
သေသောသူ ကြာလျှင်မေ့”
ဤကား မြန်မာလူမျိုးတို့ ပြောနေကျ ဆိုရိုးစကားပင်ဖြစ်သည်။ ယျေဘူယျအားဖြင့် မှန်ကန်သော ဆိုရိုးစကား ပင်ဖြစ်သည်။ ယျေဘူယျအားဖြင့် မှန်ကန်သော ဆိုရိုးစကားလည်း ဖြစ်ပါ၏။ အထူးသဖြင့် မှန်ကန်သော ဆိုရိုးစကားလည်း ဖြစ်ပါ၏။ အထူးသဖြင့် အချိန်ကာလကြာမြင့်လာသော်သေသောသူ အားတဖြည်းဖြည်းမေ့လျော့ကာ နောက်ဆုံးလုံးလုံး သတိမရတော့ သောအခြေအနေမျိုး ဖြစ်လာတတ် သည်။
ဤသို့လျှင် ယျေဘူယျအားဖြင့် မှန်ကန်သော ဆိုရိုးစကားနှင့် ပတ်သတ်၍ ချွင်းချက်တော့ ရှိနေပါသည်။ ယင်းချွင်းချက်ကား လွန်ခဲ့သော (၄၈) ၁၉၄၇ - ခုနှစ်၊ ဇူလိုင် (၁၉) ရက်၊ စနေနေ့က ဖြစ်ပွားခဲ့သော မြန်မာ့သမိုင်းတွင် အလွန်အရုပ်ဆိုး အကျည်းတန်ပြီး မည်သို့မှ ဖျောက်ဖျက်ပစ်၍ မရနိုင်သည့်အစွန်းအထင်း၊ အမည်းကွက်ကြီး (သို့မဟုတ်) နိုင်ငံတော် လုပ်ကြံမှုကြီး ဖြစ်ရာမှ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နှင့်တကွ အပေါင်းပါ အာဇာနည်ခေါင်းဆောင်ကြီးများ အတုံးအရှုံးနှင့်ရေတိမ်နစ် ကျဆုံးခဲ့ရခြင်း သည်အချိန်ကာလ မည်မျှပင်ကြာမြင့်စေကာ မူမေ့ပျောက်၍ မရနိုင်သည့် ချွင်းချက်ဖြစ်သည် ဟုဆိုချင်ပါသတည်း။
အထူးသဖြင့် (၁၉-၇-၄၇) နေ့ကဖြစ်ရပ်နှင့် တကွ ယင်းဖြစ်ရပ်မတိုင်မီ တစ်လအတွင်းက ဖြစ်ရပ်များ ကိုအနီးကပ် သိရှိခဲ့ရသူ ကျွန်တော့် အဖို့ မမေ့နိုင်ရုံမက ပြင်းစွာ နာကျည်းကြေကွဲခြင်း၊ ယူကြုံးမရဖြစ်ခြင်း၊ ဖြေမဆယ်နိုင်အောင် ပူဆွေးဝမ်းနည်းခြင်း စသော စိတ်လှုပ်ရှားမှုဒဏ်ကို နှစ်စဉ် ဇူလိုင်လ နီးကပ်လာတိုင်း အလူးအလဲခံစားရတတ်ပါသည်။ ဘာကြောင့် ဤသို့ဆိုရကြောင်းကိုလည်း ယခုဆက်လက် ဖော်ပြလတ္တံ သော အကြောင်းအချက်များက အဖြေပေးနိုင်လိမ့်မည်ထင်ပါသည်။
၁၉၄၇ - ခုနစ်၊ ဇူလိုင်လဆန်းတွင် ဘီအိုဒီ ခေါ် ဗြီတိသျှ စစ်တပ်ပင်မ လက်နက်ခဲယမ်း သိုလှောင်ရေးတပ်မှ ဘရင်းဂန်း၊ တော်မီဂန်း၊ စတင်းဂန်းစသော မောင်းပြန်လက်နက်များ နှင့် တကွ ခဲယမ်းကျည်ဆန် အမြောက်အမြားကို ပစ္စည်းထုတ် ပုံစံအတုများဖြင့် မသမာသူတစ်စုက ထုတ်ယူသွားကြောင်းကို Special Branch ခေါ်ရဲတပ်ဖွဲ့ဋ္ဌာန ချုပ်၏ ‘သတင်းတပ်ဖွဲ့’ ကသတင်းရသဖြင့် ပြည်ထဲရေး ၀န်ကြီးမှတစ်ဆင့် အစိုးရ အဖွဲ့ထံ သတင်းပို့အစီရင်ခံခဲ့ပါသည်။
ထိုအချိန်က ပြည်ထဲရေးဝန်ကြီး ဦးကျော်ငြိမ်းသည် နိုင်ငံခြားခရီးထွက်နေ၍ လယ်ယာစိုက်ပျိုးရေး ၀န်ကြီး ပျော်ဘွယ်ဦးမြက ခေတ္တပြည်ထဲရေးဝန်ကြီး အဖြစ်တာဝန်ယူနေပါသည်။ ဖော်ပြပါ လက်နက်ခမ်းယမ်းများ လိမ်လည်ထုတ်ယူသွားခြင်းနှင့် ပတ်သက်၍ အစိုးရအဖွဲ့က လိုအပ်သလိုဆောင်ရွက်ရန် ခေတ္တပြည်ထဲရေး ၀န်ကြီးအား တာဝန်ပေးလိုက်ပါသည်။
ဝန်ကြီးဦးမြကလည်း ပြည်ထဲရေးဌာနက တိုက်ရိုက်ကွက်ကဲသော (နောက်ပိုင်း ပြည်ထောင်စု စစ်ရဲတပ် UMP ဖြစ်လာသည်။) သောင်းကျန်းမှု နှိမ်နင်းရေး တပ်မှတပ်စိတ်တစ်စိတ်ကို လက်နက်ခဲယမ်းအပြည့်အစုံ (မောင်းပြန်သေနတ်များ အပါအ၀င်) နှင့် ဗိုလ်ချုပ်အောင်ဆန်း၏ ရုံးခန်း ပြင်ဘက်တွင် လုံခြုံရေးတာဝန် ချထားလိုက်သည်။
ဗိုလ်ချုပ်အောင်ဆန်း၏ သဘောထားကို သိထားသူ ၀န်ကြီးဦးမြသည်လက်နက်ကိုင်တပ်စိတ် လုံခြုံရေး အစောင့်အရှောက် ခြထားခြင်းကို ဗိုလ်ချုပ်အား လုံးဝအသိမပေးခဲ့ချေ။ ထို့အပြင် ကျွန်တော့်ကိုလည်း နှစ်ယောက်ခြင်း တွေ့၍ ရုံးခန်းအပြင်ဘက်၌ လုံခြုံရေးတပ်စိတ် ချထားကြောင်းကို ဗိုလ်ချုပ် အား မပြောရန် မေတ္တာရပ်ခံခဲ့ပါသည်။ ကျွန်တော်လည်း အလိုက်သိစွာနှင့်ပင် ဦးမြအား ကတိပေးပြီး ဗိုလ်ချုပ်အား မပြောပဲ နေလိုက်ပါသည်။
သို့ရာတွင် ကံဆိုးချင်တော့ တစ်နေ့ ဗိုလ်ချုပ်နှင့် ကျွန်တော်တို့ ရုံးဘက်လာပြီး ဗိုလ်အောင်ကျော်လမ်းဘက် တံခါးပေါက်မှရုံးခန်းသို့ အ၀င်တွင် မလှမ်းမကမ်းရှိ ဘဏ္ဌာန်ရေး ၀န်ကြီးဌာန ဘက်သို့ ချိုးကွေ့သည့် ထောင့်နား၌ မောင်းပြန်သေနတ်ကိုင် ရဲဘော်သုံးလေးဦးကို ဗိုလ်ချုပ်လှမ်းမြင်သွားပါသည်။ ချက်ခြင်း ဘာမှမပြောပဲ ဗိုလ်ချုပ် သည် ရုံးခန်းတွင်းသို့ ရောက်တော့မှ ကျွန်တော့်အား တစ်ယောက်ခြင်းခေါ် မေးပါသည်။ (ဟေ့ကောင် ငါ့ရုံးခန်းရှေ့ က လက်နက်ကိုင် ရဲဘော်တွေက ဘာလုပ်တာလည်း) (ပြည်ထဲရေး ၀န်ကြီးက လိုအပ်တယ်ထင်လို့ လုံခြုံရေး အစောင့်ချထားတာပါ) ကျွန်တော်ကရှင်းပြသည်ကို ဗိုလ်ချုပ် သည် သဘောကျ ဟန်မတူပါ။ (မလိုပါဘူးကွာ ငါ့ကိုဘယ်သူကမှလည်း လုပ်ကြံမှာ မဟုတ်ပါဘူး။ ငါကလည်း မစိုးရိမ်ဘူး ငါ့ရုံးခန်းရှေ့ မှာ လက်ကိုင် ရဲဘော်တွေ ချထားတာကို ငါမမြင်ချင်ဘူး။ ဒီတော့ မင်းကိုယ်တိုင် အခုချက်ခြင်း ပြည်ထဲရေး ၀န်ကြီးဦးမြဆီ သွားပြီး ငါက ညွှန်ကြားတယ်လို့ ပြော ငါ့ရုံးခန်းရှေ့  က လက်နက်ကိုင် ရဲဘော်တွေကို ချက်ချင်းပြန်ရုပ်ခိုင်းလိုက် ကဲ… မင်းအခုပဲသွားပြောပေတော့။ ) ဗိုလ်ချုပ် ကတိကျပြတ်သားစွာပြောသဖြင့် ကျွန်တော်လည်း ပြည်ထဲရေးဝန်ကြီးဌာနသို့ အမြန်သွားရောက်၍ ၀န်ကြီး ပျော်ဘွယ် ဦးမြအား ဗိုလ်ချုပ်က အမိန့်ပေးလိုက်ပုံကိုပြောပြလိုက်ပါသည်။ ၀န်ကြီးဦးမြသည် အလွန် စိတ်မကောင်း ဖြစ်သွားပုံရပါသည်။ “ခက်တော့တာပဲကွာ ငါတို့က လုံခြုံရေးအတွက်လိုအပ်တယ်ထင်လို့ လက်နက်ကိုင်တပ်စိတ်ချထားတာကို ဗိုလ်ချုပ်က မြင်သွားတာဆိုးတာပဲ။ ဒါပေမယ့် ဘယ်တတ်နိုင်ပါ့မလဲ။ သူ့အမိန့်ကိုလည်း တို့ကမနာခံလို့မဖြစ်ဘူး ငါတော့စိတ်မကောင်းဘူးကွာ” ဤသို့ ငြီးငြူရင်းနှင့် ပင် ၀န်ကြီးဦးမြသည် သက်ဆိုင်ရာသို့ တယ်လီဖုန်းဆက်၍ ဗိုလ်ချုပ်ရုံးခန်းရှေ့ မှ လက်နက်ကိုင် လုံခြုံရေးတပ် စိတ်ကို ချက်ချင်းရုပ်သိမ်းရန် အမိန့်ပေးလိုက်ရပါတော့သည်။
ထိုနေ့ညနေဘက် ရုံးမှအိမ်သို့ အပြန်တွင် ဗိုလ်ချုပ်သည် စကားများများမပြောပဲ။ တစ်စုံတစ်ခုကို စဉ်းစားနေဟန်ဖြစ် ညိမ်နေရင်းမှ ရုတ်တရက် ကောက်ခါငင်ခါ ကျွန်တော့အားမေးခွန်းထုတ်ပါသည်။ “ ဟေ့တို့အိမ်မှာနေတဲ့ ရဲဘော်တွေမှာလက်နက်ရှိသလား ” “မရှိပါဘူး။ ဗိုလ်ချုပ်သူတို့က ပြည်သူ့ရဲဘော်တွေ ဆိုတော့ တရားဝင် လက်နက်ကိုင်တပ်ဖွဲ့ဝင် မဟုတ်တဲ့အတွက် လက်နက်မရှိကြပါဘူး။” ကျွန်တော်က အမှန်အတိုင်း ပြောလိုက်ပါသည်။ သည်တော့မှ ဗိုလ်ချုပ်သည် သူ၏စိတ်ထဲ ဖြစ်ပေါ်ခံစားမိပုံကို ပြောပါ သည်။ “ငါကိုယ်တိုင်ကတော့ သေရမှာလည်း မကြောက်ဘူး ဘယ်သူကမှလည်း ငါ့ကို လုပ်ကြံမယ် မထင်ဘူး။ ဒါပေမယ့်ကွာ အိမ်မှာရှိတဲ့ ကလေးတွေအတွက်တော့ ငါစိုးရိမ်သလိုဖြစ်မိတယ်။ ဒီတော့ လိုလိုမယ်မယ်ပေါ့ကွာ။ သက်ဆိုင်ရာကို ဒီနေ့ပဲ မင်းကိုယ်တိုင်သွားပြီး ငါကခိုင်းတယ်လို့ပြော။ သင့် တော်မယ့် လက်နက်နည်းနည်းပါးပါး ထုတ်ယူပြီး အိမ်ကရဲဘော်တွေ ပေးထားလိုက်ဒါပဲ။”
ဤသို့အမိန့်ပေးသဖြင့် ကျွန်တော်လည်း အိမ်ပြန်ရောက်သောအခါ သက်ဆိုင်ရာနှင့် ဆက်သွယ် အစီအစဉ်လုပ်ပြီး တောမီဂန်းတစ်လက်၊ စတင်းဂန်းတစ်လက်၊ ခြောက်လုံးပြူးနှစ်လက်တို့ကို ကျည်ဆံများ နှင့်တကွ ထုတ်ယူကာ တာဝါလိန်းလမ်း ဗိုလ်ချုပ်အိမ်တွင် နေသောရဲဘော်များအား ပေးထားလိုက်ပါသည်။
နိုင်ငံတော်လုပ်ကြံမှုကြီးဖြစ်ပွားခဲ့သည်မှာ ၁၉၄၇ - ခုနစ်၊ ဇူလိုင်လ (၁၉) ရက် စနေနေ့ ဖြစ်ပါသည်။ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော အစိုးရအဖွဲ့ဝင်ဝန်ကြီးများ (ကက်ဘိနက်) အစည်းအဝေးကျင်းပနေခိုက် မသမာသူ လူသတ်သမားအဖွဲ့က ၀င်ရောက်လုပ်ကြံ ပစ်ခတ်ခြင်းဖြစ်သည်။
အမှန်တော့ ယင်းဝန်ကြီးအစည်းအဝေးသည် ဇူလိုင် (၁၉) ရက်စနေနေ့တွင် ကျင်းပရန်မဟုတ်ပဲ။ ဇူလိုင် (၁၆) ရက်ဗုဒ္ဓဟူးနေ့တွင် လုပ်ရမည်ဖြစ်သည်။ ဤနေရာတွင် အစိုးရအဖွဲ့ဝင် ၀န်ကြီးများ အစည်းအဝေး အကြောင်း အနည်းငယ်ရှင်းပြရန် လိုပေလိမ့်မည်။ ၁၉၄၆ ခု စက်တင်ဘာလ ၂၆ ရက်နေ့က ဗိုလ်ချုပ်အောင်ဆန်း အစိုးရအဖွဲ့အာဏာကို လက်ခံရယူပြီးအချိန်မှ စ၍ ၀န်ကြီးအဖွဲ့အစည်းအဝေးကို အပတ်စဉ် စနေနေ့နံနက် ၁၀ နာရီကျင်းပနေကြဖြစ်သည်။ ထိုအချိန်က ဂဠုန်ဦးစောသည် ဘုရင်ခံက တိုက်ရိုက်ခန့်အပ်ထားသော ၀န်ကြီးတစ်ဦးဖြစ်နေရာ သူသည်လည်း အပတ်စဉ် စနေနေ့တိုင်းကျင်းပသော ၀န်ကြီးအဖွဲ့အစည်းအဝေးသို့ တက်ရသည်။ သို့ရာတွင် ၁၉၄၇ ခုနစ် ဇန်န၀ါရီလ ၂၇ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်ဗြီတိသျှအစိုးရတို့ သဘောတူချုပ်ဆိုသော “အောင်ဆန်းအက်တလီစာချုပ်” ကို ဂဠုန်ဦးစော နှင့် သခင်ဗစိန်တို့ သဘောမတူဘဲ။ ကန့်ကွက်ကြသဖြင့် မြန်မာပြည် ပြန်ရောက်လာသောအခါ ဦးစောနှင့် သခင်ဗစိန်တို့သည် အစိုးရအဖွဲ့ ၀င် ၀န်ကြီးအဖြစ်မှ နှုတ်ထွက်သွားကြရသည်။
ထိုကြောင့် သူတို့နှစ်ဦးသည် နောက်ပိုင်း ဗိုလ်ချုပ် ဦးဆောင်သော အစိုးရအဖွဲ့အစည်းအဝေးများသို့ မတက်ရတော့ချေ။ ဗြီတိန် နိုင်ငံမှ ပြန်လာပြီးနောက် ဗိုလ်ချုပ်အောင်ဆန်းသည် ၀န်ကြီးအဖွဲ့ (ကက်ဘိနက်) အစည်းအဝေးကို စနေနေ့မလုပ်တော့ဘဲ။ ဗုဒ္ဓဟူးနေ့ကျင်းပရန် ပြောင်းရွေ့ သတ်မှတ်လိုက်သည်။ ယင်းအကြောင်းကို ဂဠုန်ဦးစော ကမသိ ၀န်ကြီးအဖွဲ့အစည်းအဝေးသည်။ စနေနေ့၁၀ နာရီကျင်းပမြကျင်းနေသည်ဟု ထင်မှတ်နေသည်။ ၁၉၄၇ ခုနစ် ဇူလိုင်လ၏ တတိယမြောက် အစည်းအဝေးကို ဇူလိုင် ၁၆ ရက် ဗုဒ္ဓဟူးနေ့တွင် ကျင်းပရန် သတ်မှတ်ထားပြီးဖြစ်ယုံမက အစည်းအဝေး ဖိတ်စာများကို ၀န်ကြီးအသီးသီးထံသို့ ဖြန့်ဝေထားပြီးဖြစ်သည်။ သို့သော် ဇူလိုင် ၁၆ရက် ဗုဒ္ဓဟူးနေ့တွင် တိုင်းပြည်ပြုလွှတ်တော်၏ ဆပ်ကော်မတီတစ်ခု ဖြစ်သော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေရေးဆွဲရေး ကော်မတီ အစည်းအဝေးကျင်းပရန် ကြိုတင်သတ်မှတ်ထားပြီးဖြစ်နေသည်။ အစည်းအဝေးနှစ်ခု တိုက်နေ ကြောင်းကို ကျွန်တော်က ဗိုလ်ချုပ်ထံ သတင်းပို့ တင်ပြသောအခါ ဗိုလ်ချုပ်က “လွှတ်တော်ကော်မတီ အစည်းအဝေးက အရေးကြီးတယ် လူကြီးတွေလည်းပါနေတယ်။ ဒါကြောင့် အဲဒီအစည်းအဝေးကို ဒီအတိုင်းပဲထား ကက်ဘိနက်အစည်းအဝေးကိုတော့ စနေနေ့ပြောင်းလုပ်လိုက် ၀န်ကြီးတွေဆီလည်း ဖိတ်စာ အသစ်ရိုက်ပြီးပေးလိုက်” ဟုအမိန့်ပေးလိုက်ရာ “မမေ့နိုင်သော ဇူလိုင် ၁၉ ရက်နေ့တွင် အစိုးရအဖွဲ့ အစည်းအဝေးကျင်းပ ဖြစ်သွားကာ နိုင်ငံတော်လုပ်ကြံမှုကြီးလည်း ဖြစ်ပွားခဲ့ရပါတော့ သည်။
ဤသည်တို့ကား ၁၉၄၇ ခုနစ် ဇူလိုင်လဆန်းက အမှန်တစ်ကယ်ဖြစ်ခဲ့သော ဖြစ်ရပ်များဖြစ်ရာ နေ့လည်ပိုင်း ပြန်လည်သုံးသပ်ကြည့်သောအခါ အလွန်ဝမ်းနည်းယူကျူံးမရ ဖြစ်စရာကောင်းလောက်အောင် ကံကြမ္မာ၏ လှည့်စားမှု သို့မဟုတ် အလှည့်အပြောင်းများကိုတွေ့ ရပါသည်။ ပထမအချက်အနေဖြင့် အကယ်၍ သာ ဗိုလ်ချုပ်အောင်ဆန်းက သူ၏ရုံးခန်းရှေ့ မှ လက်နက်ကိုင် လုံခြုံရေး တပ်စိတ်ကို ရုတ်သိမ်းရန် အမိန့်မပေးခဲ့ လျှင်ဇူလိုင် ၁၉ ရက်နေ့ ကြတော့ လူသတ်သမားအဖွဲ့ ဗိုလ်ချုပ်တို့အား လုပ်ကြံရန် လာသောအခါ လုပ်ခြုံရေးတပ်စိတ်နှင့် တိုက်ပွဲဖြစ်ရုံသာရှိမည်။ လုပ်ကြံမှုကြီးတော့ မဖြစ်နိုင် တိုက်ပွဲဖြစ်လျှင်လည်း လုပ်ခြုံရေး တပ်စိတ်က လူအင်အား၊ လက်နက်အင်အား ပိုကောင်းသဖြင့် လူသတ်သမားအဖွဲ့အား တစ်ယောက်မကျန် သုတ်သင်ခြေမှုန်ပစ်နိုင်မည်မှာ သေခြာသည်။
အကယ်၍သာ တိုင်းပြုပြည်ပြုလွှတ်တော် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေး ကော်မတီက ဇူလိုင် ၁၆ ရက်နေ့တွင် အစည်းအဝေးကျင်းပရန် ချိန်းမထားခဲ့လျှင် ၀န်ကြီးအဖွဲ့ “ကက်ဘိနက်” အစည်းအဝေးကို အခါတိုင်းအပတ်စဉ် ကျင်းပနေကြဗုဒ္ဓဟူးနေ့ ဇူလိုင် ၁၆ တွင် ကျင်းပ ဖြစ်မည်။ ဗုဒ္ဓဟူးနေ့တိုင်းကျင်းပသော ၀န်ကြီးအဖွဲ့အစည်းအဝေးအကြောင်းမသိသူ ဂဠုန်ဦးစောသည် သူ၏ လူသတ်သမားအဖွဲ့အား ဇူလိုင်လ ၁၉ ရက် စနေနေ့တွင် လွှတ်မည်ဖြစ်သည်။ သို့ဖြစ်လျှင် ၀န်ကြီးအစည်းအဝေးမရှိ၍ လုပ်ကြံမှုကြီးလည်း ဖြစ်ပွားမည် မဟုတ်ချေ။
အကယ်၍သာ လူသတ်သမားအဖွဲ့သည် ဗိုလ်ချုပ်အား အတွင်းဝန်ရုံးတွင် မလုပ်ကြံပဲ ဗိုလ်ချုပ်၏ နေအိမ် (ဗဟန်းတာဝါလိန်းလမ်း ယခု ဗိုလ်ချုပ်ပြတိုက်တည်ရှိရာ) တွင် လာရောက်လုပ်ကြံပါက သူတို့သည် ဗိုလ်ချုပ်ရှိရာ အိမ်အပေါ်ထပ်သို့ပင် တက်နိုင်မည်မဟုတ်။ ဗိုလ်ချုပ်၏ အမိန့်ဖြင့် ကျွန်တော်ကိုယ်တိုင် လက်နက်တပ်ဆင်ပေးထားသော အိမ်ရှိရဲဘော်များ နှင့်ရင်ဆိုင်တိုက်ပွဲဖြစ်မည်။ ယင်းသို့တိုက်ပွဲဖြစ်လျှင် အိမ်မှ ပြည်သူ့ရဲဘော်များသည် ဘီဒီအေ တပ်မတော်နှင့် ဖက်စစ်တော်လှန်ရေး တပ်သားရဲဘော်များဖြစ်၍ လက်နက်ကိုင်တွယ်မှု ကျွမ်းကျင်သည့်ပြင် တိုက်ပွဲအတွေ့အကြုံလည်းရှိသောကြောင့် လူသတ်အဖွဲ့အား အလွယ်တကူပင် တွန်းလှန်တိုက်ခိုက်ပစ်နိုင်မည် ဖြစ်သည်။
သို့ရာတွင် လူသတ်အဖွဲ့သည် ဗိုလ်ချုပ်အိမ်သို့မလာဘဲ လက်နက်ကိုင် အစောင့်မရှိသော အတွင်းဝန်ရုံးသို့ သွားရောက်လုပ်ကြံခဲ့သည်။ ထို့ကြောင့်လည်း လုပ်ကြံမှုကြီး ဖြစ်မြောက်ခဲ့ရသည်။
ဗိုလ်ချုပ်ခမျာ ကြီးမားသောဖခင်တို့ မေတ္တာအဟုန်ကြောင့် လူမမယ်ရင်သွေးငယ်များအတွက် စိုးရိမ်မကင်းဖြစ်ကာ “လိုလိုမယ်မယ် ပေါ့ကွာ” ဟုဆိုပြီး ကျွန်တော့်အား အိမ်မှရဲဘော်များ အား လက်နက်တပ်ဆင်ခိုင်းခဲ့သည်။ သူ့ကိုယ်သူ အတွက်တော့ လုံးဝမစိုးရိမ်ဘဲ “ငါကသေရမှာလည်း မကြောက်ဘူး။ ဘယ်သူမှလည်း ငါ့ကိုလုပ်ကြံမှာ မဟုတ်ပါဘူး” ဟုပြောခဲ့ရှာသည်။ သို့သော်တကယ်ကျတော့သူထင်သလို မဖြစ်ခဲ့။ သူချစ်မြတ်နိုးသော ရင်သွေးငယ်များဘာမှ မဖြစ်ပဲ သူကိုယ်တိုင်ကသာ (၁၉ - ၇ - ၄၇ ) နေ့က မရှုမလှ “ရေတိမ်နစ်” ကျဆုံးခဲ့ရရှာသည်။
ကံတရားက ဗိုလ်ချုပ်နှင့်တကွ ကျွန်တော်တို့ နိုင်ငံသားအားလုံးကို ဒဏ်ခတ်သလို ပျက်ရယ်ပြု လှည့်စားလိုက်ခြင်းပေလား။ ဗုဒ္ဓရှင်တော်ဘုရား၏ အဆုံးအမအရ ကံ၊ ကံ၏အကျိုးကို ယုံကြည်ရမည်ဟု ညွှန်ပြထားပါသည်။ ထို့ကြောင့် မည်သို့မှ မမေ့နိုင်သော ဇူလိုင် ၁၉ ရက်၊ စနေနေ့ ကဖြစ်ရပ် အကြောင်းပြန် ပြောင်း သတိရမိတိုင်း “သတ္တ၀ါမှန်သမျှ ကံစီမံ ဖန်တီးရာသာ လိုက်နာ၊ နာခံနေကြရသည်ပါတကား” ဟူ သော အဂုင်္တ္တရနိကယ် အဘိဏှ သုတ်တော်လာတရားသဘော အတိုင်းဆင်ခြင်နှလုံးသွင်း၍ သံဝေဂဉာဏ် ပွားများကြ ရန်သာရှိပါတော့သတည်း။

စတိုင်သစ်မဂ္ဂဇင်း
(ဇူလိုင်လ၊ ၁၉၉၅)



Read more...

Thursday, July 3, 2008

Cyclone Nargis Report

Grassroots HRE responds to Cyclone Nargis in Burma

Three weeks after Cyclone Nargis killed and displaced nearly 200,000 people, the Burmese people are still in great need of assistance. Throughout the Irrawaddy Delta, there are 2.5 million survivors, 70 percent of whom are taking shelter in Buddhist monasteries. Grassroots HRE responded immediately to the cyclone, sending teams of volunteers into Burma to assess the situation in three regions and to distribute food and supplies.

The devastating cyclone is now being followed by subsequent hidden emergencies as a result of continuing rains, limited access to hard hit areas and huge operational constraints imposed by the military government. Donations are still greatly needed to assist in the Cyclone Nargis relief effort, as GHRE and migrant workers in Thailand remain committed to providing aid within Burma. The following is a summary of our assessments in areas severely affected by the cyclone.


Labutta

Visited on May 23 by a team of 25 students, teachers, and people living near Rangoon University

Specific names and addresses of aid recipients needed to be given in order to pass through security checkpoints; fortunately, one member of the group had family in Labutta, so we had a reason to deliver supplies to the area. The volunteer team brought two trucks of supplies including blankets, clothing and food.

The government has not provided water to survivors, and although local NGOs set up water treatment pumps, many people were staying in temporary shelters an hour’s walk away. Health conditions were deteriorating, largely due to the lack of clean water for personal hygiene.

About 8,000 cyclone survivors had been staying at a damaged monastery, with food and some clothing donated by local NGOs and private donors. While the government set up a temporary shelter in Labutta for 2,000 people, it imposed limits on the number of people per family allowed to stay in the shelter, leaving many without a place to go.

Cyclone survivors were also asked to make their own tents by the military, possibly for the visit of U.N. Secretary General Ban Ki Moon and his delegation. However, the heavily guarded tents remained empty of cyclone survivors, and aid supplies donated by the U.S. government were speculated to have been in use only by Burmese soldiers. School buildings were being repaired by local residents, but government officials provided no assistance and charged locals a fee for supplies.
State Middle School No. 8, Ward 20 – Hlaing Tha Ya Township
Visited on May 27 by two volunteers
In this area near Rangoon, 157 families were living in a damaged middle school for lack of other shelter. Although three weeks had passed since the cyclone hit, the school had still not been repaired. Private donors have provided food, and UNICEF has provided toilets, but families have not received bedding, clothing or mosquito nets. As there is no treated water, families drink from standing water in a nearby pond, and bathe from a contaminated water trough. During our visit, all families were given a 48-hour eviction notice and told to move to government-run temporary shelters (which can only accommodate 115 families) in an unknown location.
Yay Kyaw Twantay Township, Yangon Division

Visited on May 29 by ten volunteers

Because Yay Kyaw is a remote village accessible only by boat, it received some assistance by UNICEF, but not the military government. However, a sympathetic government official was cooperative during our distribution of aid. Community volunteers from Rangoon organized a clothing drive and distributed 28 bags of clothes to 150 families and rice to 181 families.

Many houses in this village were partially or completely destroyed in the cyclone, and rice fields were entirely destroyed. The clean-up effort in the village is now beginning slowly. There is a lack of tools and manpower, and the village is cut off from roads. Although wells were contaminated, villagers still use them for bathing and possibly drinking.
16)080614 Relief Report 15.pdf
15)080615 Relief Report 14 NewPrt2.pdf
14)080615 Relief Report 14 NewPt1.pdf
13)080612 Relief Report 11 Part3.pdf
12)080612 Relief Report 11 Part2.pdf
11)080612 Relief Report 11 Part1.pdf
10)080607 Relief Report 10 Pub Pt2.pdf
09)080607 Relief Report 10 Pub Pt1.pdf
08)080604 Relief Report 7 Part 1.pdf
07)080601 Relief Report 6.pdf
06)Burmese Cyclone 4.pdf
05)Burmese Cyclone 3.pdf
04)Situatoin Report(Burma's Cyclone 2).pdf
03)Situation Report080523(Burma's Cyclone 1).pdf
02)Military Assistance.pdf
01)Burmese Cyclone (Yay Kyaw Photos).pdf

Read more...

ဒီလောက်အားပေးပြီးပြီ

Better Tomorrow © Layout By Hugo Meira.

TOP