Tuesday, September 16, 2008

သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခြင်းဖြစ်ပွား

ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင်၊ ခီးခတ်ကျေးရွာတွင် တရားမ၀င် ၀င်ရောက်လာသော မြန်မာတဦးအား ရဲများမှ ဖမ်းဆီးရန် ကျိုးပမ်းစဉ် အဖမ်းမခံပဲထွက်ပြေးသဖြင့် သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခြင်းဖြစ်သည်။

လူပွဲစားဟု ထင်ရသော မြန်မာအလုပ်သမား မိသားစုများ နေထိုင်သော တန်းလျားတခုကို ဒေသခံ ရဲများမှ ယမန် နေ့ မနက် ၁၀ နာရီ ၀န်းကျင်ခန့်တွင် ၀ိုင်းဝန်းဖမ်းဆီးစဉ် ထွက်ပြေးသဖြင့် ပစ်ခတ် ဖမ်းဆီးခြင်း ဖြစ်သည်။

တစ်ခန်းကျော်တွင် ရှိနေသော မြန်မာမိသားစုတစု မှလည်း "ကျွန်မတို့ တော်တော်လန့်သွားတယ်၊ စကား ပြောစက် ကိုင်ထားတဲ့ ရဲကပစ်လို့ပြောတာနဲ့ မီတာ ၅၀ ခန့်အကွာအဝေး ရောက်နေတဲ့ လူကိုလှမ်းပစ်တာ ဟု ပြောပြပါတယ်။ အိမ်မှာ ရှိနေတဲ့ အသက် ၄၅ နှစ်ခန့် အမျိုးသမီးကြီးတစ်ဦးနဲ့ အသက် ၂၀နှစ်ဆယ် အရွယ် အမျိုးသမီးငယ်တဦးတို့ကို ဖမ်းဆောင်သွားတယ်လို့ ဆက်လက်ပြောပြပါတယ်။"

ထိုင်းအမျိုးသမီးတစ်ဦးမှလည်း "သူအိပ်ပျော်နေတုန်း သေနတ်သံကြားတော့လန့်နိုးသွားတယ်။ ဘေးနားကရှိတဲ့ လူတွေကပါ ၀ိုင်းဖမ်းနေတော့ မကြည့်ခြင်တာနဲ့ဖမ်းမိလား မမိလားမသိတော့ ဘူးလို့ဆက် ပြောပြပါတယ်။"

ဆေးရုံကို ဖုန်းဆက်သွယ်မေးကြည့်တော့ "သေနတ်ဒဏ်ရာနဲ့ လူနာတော့မရောက်သေးဘူးလို့ ပြန်ဖြေကြား ပါတယ်။"

ထိုင်းနိုင်ငံတောင်ပိုင်းမှာ ယခုလိုပစ်ခတ်ဖမ်းဆီးမှုတွေ မကြာခဏဆိုသလို တွေ့ရလေ့ရှိပါတယ်။
မြန်မာနိုင်ငံသား သုံးဦးရေနစ်သေဆုံး

Read more...

Powered By Blogger

ဒီလောက်အားပေးပြီးပြီ

Better Tomorrow © Layout By Hugo Meira.

TOP