Wednesday, April 15, 2009

ဘုန်းဘုန်းကို မဲပေးကြပါစို့

သင်္ကြန်ရုံးပိတ်ရက် လေပေါ်မှာ အိမ်အသစ်ဆောက်နေလို့ ရေမစိုပဲ ထိုင်း သင်္ကြန်ပြီး သွားတယ်။ လေလှိုင်း ပေါ်မှာ အိမ်အသစ်ဆောက် နေရင်း ဘုန်းဘုန်း အရှင်မေတ္တာစာရ ဘလောက် ကို မဲပေးဖို့ လင့်တွေ့လို့ ၀ိုင်းဝန်း မဲပေးကြဖို့ တိုက်တွန်းနှိုးဆော်အပ် ပါတယ်ခင်ဗျာ။ ဒီတစ်ခါ မဲပေးနည်း ကပုံစံ အသစ်ပါခင်ဗျာ။ အဆင့်ဆင့်လေး တွေရှိတယ် ဆိုပေမယ့် လွယ်ပါတယ်ခင် ဗျာ။

အဆင့် ၁။ မဲပေးရမယ့် လိပ်စာက ဒီမှာ ပါခင်ဗျာ။ လင့်လေးကို နှိပ်လိုက်တာနဲ့ မဲပေးရမယ့် စာမျက်နှာကို ရောက်ပါ တယ်ခင်ဗျာ။ စာမျက်နှာ အလည်လောက်မှာ News ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အရှင်မေတ္တာစာရ ရဲ့ ဘလောက်ဂ်လေးကိုတွေ့ပါမယ်။



ဘလောက်ဂ် ရဲ့အောက်မှာ အ၀ိုင်းလေးကို အမှတ်လေးပေးခဲ့ပါမယ်။ ပြီးရင်အောက်ဘက်ကိုဆက်သွားပြီး အနီရောင် လေးထောင့်အ၀ိုင်းကို ကလစ်လိုက်ရင် အဆင့်နှစ်ကို ရောက်ပါပြီ။

အဆင့် ၂။ အပေါ်ပိုင်းစာမျက်ကိုပြန်တက်သွားရင် ညာဘက်ကော်လံထောင့်မှာ အရှင်မေတ္တာစာရ နာမည်နဲ့ အနီရောင်လေးထောင့် အ၀ိုင်းလေးထပ်တွေ့ပါမယ်။


အဲဒီမှာ ဗို့ အတွက်ကလစ်ပေးပြီး အောက်မှာ မေးထားတဲ့ အချက်အလက်တွေကို ဖြည့်ပြီး နှိပ်လိုက်ရင် အဆင့်နှစ်ပြီးလို့ အဆင့်သုံးကိုရောက်ပါမယ်။

အဆင့် ၃။
အဲဒီမှာ မိမိရဲ့ သူငယ်ချင်းနှစ်ရောက်ရဲ့ မေးလ်လိပ်စာကိုတောင်းပါမယ်။
ဖြည့်ပြီးလို့ ကလစ်လိုက်တာနဲ့ မဲပေးတဲ့ အဆင့်အောင်မြင်စွာပြီးဆုံးပါပြီခင်ဗျာ။ ကျေးဇူးတင်ပါတယ် ခင်ဗျာ။
ကျွန် တော် တို့ ဘုန်းဘုန်းအတွက် မဲဝိုင်းပေး ကြပါစို့။

Read more...

Wednesday, April 1, 2009

ပြေးပြေးလွှားလွှား မြန်မာ့အလုပ်သမား

ချင်းမိုင်မှာ မြန်မာအလုပ်သမားနှစ်ဦးက ထိုင်းတက္ကသိုလ် ကျောင်းသူတစ်ဦးကိုမုဒိန်းကျင့်ပြီး သတ်လိုက်လို့ လူဖမ်းပွဲကြီး ချင်းမိုင်မှာ ကျင်းပခဲ့တာရယ်။ ထိုင်းနိုင်ငံတောင်ပိုင်း ဆက်ထွန်ခရိုင်မှာဖြစ်တဲ့ လူသတ်မှု နောက်ဆက်တွဲ ဖမ်းဆီးပွဲတွေကို ကြားရတာ စိတ်မကောင်းဖြစ်မိပါတယ်။ ကိုယ်တိုင်ကြုံတွေ့ ပြေးလွှားဖူးတော့ ကိုယ်ချင်းလည်းစာမိပါတယ်။ ကျွန်တော်တို့မြန်မာ အလုပ်သမားတွေရဲ့ ဘ၀ကိုနားလည် နိုင်အောင်လို့ မှတ်တမ်းရိုက်ကူး ထားတာလေး ကိုပြန်လည် တင်ပြပေးလိုက်ပါတယ်။ မှတ်တမ်းအသုံးပြုခွင့်ပေးတဲ့ သူငယ်ချင်းကိုလည်း ကျေးဇူးတင်ပါတယ်။

Read more...

သားသား ဘာကြောင့် ကျောင်းပျက်လည်း


ဒီဓာတ်ပုံထဲ သားသား တစ်ယောက်လည်း ပါတာပေါ့

သားသားအကြောင်း ကိုပြောပြချင်ပေမယ့် ပြောသင့်မပြောသင့်စဉ်းစားနေတာ။ ဒီနေ့တော့ စကားပြန်ပြောဖြစ် ရင်းပြောမယ်လို့ ဆုံးဖြတ်လိုက်တယ်။ မြန်မာအလုပ်သမားတွေရဲ့ ကလေးတွေခံစားနေရတာလေးတွေ သိအောင် ပေါ့။ ကျွန်တော်က ကျောင်းဆရာမဟုတ်ပေမယ့် ကလေးတွေကို ကျမ်းမာရေး ပညာပေးရင်း ကျောင်းတိုင်းကို တပတ်တခါရောက်ဖြစ်ပါတယ်။ သားသားကို ပထမတစ်ပတ်မှာ မတွေ့လို့ သားသား ကျောင်းဘာလို့ မတတ်တာ လည်းကွ လို့ မေးကြည့်တယ်။ သားသားက ဘယ်လိုပြန်ဖြေတယ်မှတ်လည်း "သားသားမေမေက လင်ငယ် နောက်လိုက်သွားလို့တဲ့၊ သိပ်မကြာပါဘူး ဖေဖေလည်း မယားငယ်နောက် လိုက်သွားတယ်။ သားအခု အဖွားနဲ့နေတယ်။ အဖွားကလည်း လင်ငယ်ရှိသေးတယ်တဲ့ အဲဒါကြောင့် သားကျောင်းမတက်တာပါတဲ့။" သူပြောပြတဲ့ သူ့အကြောင်းကို ကြားရတော့ ဘာပြောရမှန်းတောင် မသိဖြစ်သွားတယ်။

Read more...

Powered By Blogger

ဒီလောက်အားပေးပြီးပြီ

Better Tomorrow © Layout By Hugo Meira.

TOP