Sunday, May 17, 2009

ဒေါ်အောင်ဆန်းစုကြည်အား ခုံရုံးတင်စစ်ဆေးခြင်းနှင့် စပ်လျှင်း၍ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများ စုပေါင်း ကြေငြာချက် (၃/၂၀၀၉)

Gab Burma (Dassk)

Read more...

Saturday, May 9, 2009

ဘတ် ၂၀ နဲ့ လဲရတဲ့ ဘဝ


ဆေးရုံက ဆင်းမယ့် လူနာတစ်ယောက်ကို သွားကြို ပေးရတယ်။ သစ်ပင်ပေါ် အသီးတက်ခူးစားရာ ကနေ လက်အံ့သေပြီး ပြုတ်ကျတာပါ။ ခါးနဲ့ ပြုတ်ကြတာဖြစ်တဲ့ အတွက် အခုဆိုရင် ခြေထောက်နှစ်ဖက်စလုံး လှုပ်မရ တော့တဲ့ အနေအထားရှိနေပါတယ်။ အချိန်အကြာကြီး ပေးပြီး ကုသရမှာပါ။ ဆေးဝါးကုသစားရိပ် လည်းများပါ တယ်။ မိဘညီအစ်ကိုမောင်နှမ မရှိနေတော့ သူငယ်ချင်းများက ၀ိုင်းဝန်းပြုစုပေမယ့် သူတို့လည်း အလုပ်သမား များ ဖြစ်တဲ့အတွက် အချိန်သိပ်မပေးနိုင်ကြပါဘူး။ အခုတော့ ကျွန်တော်တို့အဖွဲ့ရဲ့ တန်းလျားမှာ နေထိုင်နေပါ တယ်။ ထိုင်းရောက် အလုပ်သမားများ အများစု သိမှာပါ ထိုင်းဒညင်းသီးကို တတ်ခူးစားရင်း အခုလိုဖြစ်ရတာပါ။ တစ်ကယ်တမ်းဝယ်စားရင် ဘတ် ၂၀ လောက်ရယ်ပါ။ သတိထားရမယ့် အကြောင်းအရာလေး တစ်ခုလည်း ဖြစ်ပါတယ်။

Read more...

Wednesday, May 6, 2009

ဖူးကက်အပြန် ပြောစရာ ကျန်ခဲ့တယ်

ဒီနေ့ အလုပ်ကအပြန်အမှာ ပြောစရာတွေရင်ထဲမှာ ကျန်ခဲ့တယ်။ ဆိုင်ကယ်မှောက်ပြီး အခက်အခဲဖြစ်နေတဲ့ ညီလေးတစ်ယောက်ရဲ့ ဓာတ်ပုံပါ။ ဘယ်ဘက် ခြေထောက်က အသားအစားထိုးရမှာပါ။ အသက် ၂၁ နှစ်သာရှိပါသေးတယ်။ မိဘ အသိုင်းအ၀ိုင်း ကလည်း မရှိတော့ သူငယ်ချင်းများနဲ့ လုပ်ဖော်ကိုင်ဖက် များက ပြုစုစောင့် ရှောက်ထားရပါတယ်။ ဆေးကုသစားရိတ် မတတ်နိုင်တဲ့အတွက် ဆေးရုံကို မတတ် နိုင်ပဲ အလုပ်တန်းလျားကနေပြီး ကုသမှုခံယူနေရပါတယ်။ ဘတ်ငွေ သုံးသောင်းခွဲခန့် ကုန်ကျမှ သက်သာပျောက်ကင်းမယ့် သဘောရှိပါတယ်။ မနက်ဖြန်တော့ တစ်ခေါက် ထပ်သွား ရမယ်။ ဆေးရုံထိလိုက်သွားပြီး စားရိတ်မျှပေးနိုင်ဖို့ အတွက်ညှိုနှိုင်းပေး ရပါလိမ့် နောက်မို့ ဒီညီလေး ခြေထောက်ဖြတ်ရမယ့် သဘောရှိပါတယ်။ ဖြစ်ကာစက ဗယ်ဘက် ညှပ်ရိုးပါ ပွင့်ပြီးကျိုးသွားပါတယ်။ အရေပြားအပေါ်က ဒဏ်ရာကို တစ်ချက်ချုပ်ထားပေးပြီး၊ မညီမညာ နဲ့ အရိုးပြန်ဆက်နေတဲ့အတွက် လှုပ်ရှားလို့ သိပ်မရသေးပါဘူး။ ဆေးရုံရဲ့ ဂရုမစိုက်မှုကြောင့် (သို့) ပိုက်ဆံ မပေးနိုင်တဲ့ အတွက်ကြောင့် ဒီအတိုင်းပြန်ဆက်သွားတဲ့ သဘောရှိပါတယ်။
ပန်းရံ ဆိုက်တစ်ခုကို ထပ်ရောက်ဖြစ်သေးတယ်။ ရွှေ့ ပြောင်းမြန်မာ အလုပ် သမား ၅၀၀ ကျော်ရှိတဲ့ ပန်းရံဆိုက်တစ်ခုပေါ့။ ထားဝယ်၊ မွန် နဲ့ ရခိုင်လူမျိုး တွေအများဆုံး အလုပ်လုပ်ကိုင်လျှက်ရှိနေကြပါတယ်။ ပုံမှာမြင်တဲ့ အတိုင်းပဲ လုပ်ငန်းခွင်မှာ တစ်ယောက်မှ မရှိဘူး ခြောက်ကပ်ပြီး ချောင်ကပ်နေကြတယ်။ သူဌေးက သုံးလကျော်ပိုက်ဆံမရှင်းလို့ အလုပ်မဆင်းပဲ တိုက်ပွဲဝင်နေကြ တယ်တဲ့။ အောင်မြင်ပါစေဗျာ။

Read more...

Powered By Blogger

ဒီလောက်အားပေးပြီးပြီ

Better Tomorrow © Layout By Hugo Meira.

TOP