Sunday, August 17, 2008

မြန်မာမိသားစုတစ်စု ရက်ရက်စက်စက် အသတ်ခံရ

၁၄၊၈၊၂၀၀၈ ရက်နေ့ မနက် ၁၀ နာရီ ၃၀ မိနစ်အချိန် လုပ်ဘူရီ ခရိုင်၊ ခုပ်ဆလွန် ရဲစခန်းသို့ တာဝန်သိ ထိုင်းပြည်သူ တဦး သတင်းပေးတိုင်ကြားချက်အရ ခုပ်ဆလွန်ရဲစခန်းမှ တာဝန်ခံရဲအရာရှိ ရဲအုပ် အာရွန်နစ်ပစုတ်မှ အခင်းဖြစ်ပွားရာ နေရာသို့ သွားရောက် စစ်ဆေးရာ မီးသွေးဖုတ်သည့် မီးသွေးဖိုအနီး ရေမြောင်းနဘေးတွင် သေနတ်ဒဏ်ရာများ နှင့်သေဆုံးနေသော အလောင်း ၃ လောင်းအား တွေ့ရှိခဲ့သည်။ ပထမတွေ့ရှိရသော အလောင်းမှာ အမျိုးသမီး အလောင်းဖြစ်ပြီး အသက်မှာ သုံးဆယ်ဝန်းကျင်ခန့်ရှိသည်၊ ဓားဖြင့်ခုတ်ဖြတ်ထားသော ဒဏ်ရာကြောင့် လည်ပင်းမှာ ပြတ်လုနီးပါးဖြစ်နေသည်ကို ရဲများကစစ်ဆေး တွေ့ရှိခဲ့ပြီး ပထမအလောင်းနှင့် ကိုက် ၁၅၀ အကွာတွင် သေနတ်ဒဏ်ရာနှင့် သေဆုံးနေသော အသက်သုံးဆယ် ၀န်းကျင် အမျိုးသားတစ်ဦး နှင့် အသက် ငါး နှစ်အရွယ် ကလေးငယ် တစ်ဦးကိုပါတွေ့ရှိခဲ့သည်။ သေဆုံးသူများမှာ ထိုင်းနိုင်ငံတွင် အလုပ်လာရောက် လုပ်ကိုင်လျှက်ရှိသော ရွှေ့  ပြောင်း မြန်မာအလုပ်သမား မိသားစု ဖြစ်ပြီး လူသတ်သမားများက အခြားတနေရာမှ ထိုမိသားစုအား ဖမ်းဆီးခေါ်ဆောင်လာပြီး၊ ယခုလို ရက်ရက်စက်စက် သတ်ပစ်လိုက်ခြင်းဖြစ်ကြောင်း အခင်းဖြစ်ပွားရာ နေရာနှင့် ကိုက် (၅၀၀) အကွာ ရေကန် နဘေးတွင် ငါးထိုင်မျှား နေသော ထိုင်းအမျိုးသားတစ်ဦးက "ကယ်ကြပါ.... ကယ်ကြပါ...." လို့အကူအညီအော်တောင်းတဲ့ အသံကို ကျွန်တော်ကြားရတယ်။ ညကလည်းမှောင်နေတော့ ဘာမှလည်း မမြင်ရဘူး။ ကျနော်တစ်ယောက်တည်း ဆိုတော့သွားလည်းမသွားရဲဘူး၊ နောက်သေနတ်သံ နှစ်ချက်ကြားရတယ်။ မိနစ်သုံးဆယ် အကြာသေနတ်သံ ကြားရတဲ့ နေရာကို ကျွန်တော် သွားကြည့်တော့ ကျနော် ကလေးအလောင်းကို အရင်စတွေ့တာ တွေ့တွေ့ခြင်းပဲ ကျနော် ရဲစခန်းကို အကြောင်းကြားတာပဲ ဟုရဲများ ၏စစ်ဆေးမေးမြန်းချက်ကို ၄င်းအမျိုးသားက ဖြေကြားသွား သည်။ အလောင်းတွေ့ရှိရာ နေရာအနီးတ၀ိုက်တွင် ကြက်မွေးမြူရေးနှင့် ၀က်မွေးမြူရေး ခြံများကိုတွေ့ရှိရပြီး သေဆုံးသူ မြန်မာမိသားစုမှာ မွေးမြူရေးခြံတစ်ခြံမှ အလုပ်သမားများ ဖြစ်နိုင်ကြောင်း ရဲများမှ ခန့်မှန်းသည်။

Read more...

Powered By Blogger

ဒီလောက်အားပေးပြီးပြီ

Better Tomorrow © Layout By Hugo Meira.

TOP