Monday, April 14, 2008

ထိုင်းတောင်ပိုင်း၌ အအေးခန်းကားအတွင်း ပိတ်မိသေဆုံးသွား သူများနှင့် ကျန်ရှိနေသူများ၏ သတင်းများ

Fifty - four Myanmar migrants suffocate in container Yahoo! New
့်
အအေးခန်းအတွင်း မြန်မာ ၅၀ ကျော်အသက် ရှူကြပ်ကာသေဆုံး NMG
ကားပေါ်တွင် အသက်ရှူကြပ်ကာ မြန်မာအလုပ်သမားများသေဆုံး Yoma 3
မွန်းကြပ် သေဆုံးသော မြန်မာအလောင်းများ မီးသဂြိုဟ်ပြီး MIZZIMA
Burma deaths show immigrant labour system not working : ILO THE NATION
Thai court jails Myanmar container survivors for three days Yahoo! New
Jail and deportation for truck survivors Radio New Zealand

မြန်မာအလုပ်သမား ၅၀ ကျော်မွန်းကြပ်သေဆုံးမှု ILO ကြေငြာချက်ထုတ် RFA
ထိုင်းမှာ အသက်မသေကျန်ရစ်သူတွေ အရေးယူဒဏ်ခတ်ခံရ ဗွီအိုအေ




Read more...

Saturday, April 5, 2008

အမျှပေးဝေခြင်း


ကောင်းမှုကုသိုလ်လေးတစ်ခု လုပ်ဖြစ်ပါတယ်။ ကွယ်လွန်သွားသူ တစ်ယောက်အတွက် ရက်လည်ဆွမ်းသွပ် တရားနာပွဲလေးတစ်ခုကို ဘုန်းကြီး ၃ ပါးကိုပင့်ဖိတ်ပြီးပြုလုပ်ပေးခဲ့ပါတယ်။ အမှန်တစ်ကယ်ဆိုရင် သူဆုံးတာ တစ်လကျော်နေပြီဆိုပေမယ့် ဒီနေ့မှ ပဲပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ လာရောက် တရားနာသူ များကို ကော်ဖီ၊ မုန့်နဲ့ ပဲဧည့်ခံနိုင်ပါတယ်။
မိမိပြုခဲ့ဖူးတဲ့ ကုသိုလ်ကောင်းမှုအစုစုတို့ကို နိုင်ငံရပ်ခြားမှာ အလုပ်လုပ်ကိုင်နေရင်း ထုံးတမ်းစဉ်လာအရ တရားနာခြင်း၊ ရက်လည်ဆွမ်းသွပ်ပေးမယ့် သူမရှိပဲ ကွယ်လွန်သွားရသူ အားလုံးကို အမျှပေးဝေပါတယ်။ သာဓုခေါ်ဆိုနိုင်ကြပါစေ။

Read more...

Friday, December 7, 2007

ရွှေ့ပြောင်းအလုပ်သမား ကိုယ်ဝန်ဆောင်အမျိုးသမီးများအပေါ် ဗိုလ်ချုပ်ကြီး ဆွန်ထိ၏ သဘောထား

၂၀၀၇ ခုနှစ် နိုဝင်ဘာလ ၁၆ ရက် (သောကြာနေ့)

ရွှေ့ပြောင်းအလုပ်သမား ကိုယ်ဝန်ဆောင်အမျိုးသမီးများ ကလေးမွေးဖွားပါက မိမိတို့၏ နေရပ်တိုင်း ပြည်တွင် ပြန်လည်ပြီး မွေးဖွားရမည်ဟု ဗိုလ်ချုပ်ကြီးဆွန်ထိမှ သတင်းထောက်များ၏ မေးမြန်းချက်ကို ယနေ့တွင် တရားဝင်ထုတ်ဖော် ဖြေကြားခဲ့သည်။

စမွတ်စာခွန်ခရိုင် မဟာချိုင်ဒေသသို့ ဒုတိယ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးဆွန်ထိ ကွင်းဆင်းလေ့လာခဲ့ပြီးသည့် နောက်ပိုင်း ယခုကဲ့သို့ ပြောကြား လိုက်ခြင်းဖြစ်သည်။

နိုဝင်ဘာလ ၁၄ရက်နေ့က ပထမအကြိမ် သတင်းထောက်များ၏ မေးမြန်ချက်ကို ဖြေကြားရာတွင်လည်း ရွှေ့ပြောင်းအလုပ်သမား အမျိုးသမီးများ ကိုယ်ဝန်ဆောင်ပါက ကလေးမွေးဖွားသည့် အခါတွင် မိမိတို့ နေရပ်ဒေသ၌ ပြန်လည်မွေးဖွားရမည်ဖြစ်ပြီး ထိုင်းနိုင်ငံ၌မွေးဖွားခြင်းကို လုံးဝခွင့်ပြုမည်မဟုတ်ကြောင်း နှင့် ထိုင်းနိုင်ငံတွင် အခြေချနေထိုင်ခြင်းကိုလည်း လုံးဝလက်ခံမည် မဟုတ်ကြောင်း တရားဝင်ထုတ် ဖော်ပြောကြားခဲ့ပြီး ဖြစ်သည်။

၂၀၀၄ခုနှစ်တွင်လည်းတကြိမ် ယခုကိစ္စနှင့် ပတ်သက်၍ ထိုင်းလွှတ်တော်တွင် အငြင်းပွားမှုများရှိခဲ့ သည်။ ရွှေ့ပြောင်းအလုပ်သမားကိုယ်ဝန်ဆောင်အမျိုးသမီး(မြန်မာ၊ လော၊ ကမ္ဘောဒီးယား)များသည် ထိုင်းကျန်းမာရေး ဌာနများ၏ ကိုယ်ဝန်ဆောင် တရားဝင်စာရင်းများအရ ၂၀၀၄ခုနှစ်တွင် ၉၃၈၃ ဦးရှိခဲ့ သည်။ ရွှေ့ပြောင်း အလုပ်သမားအမျိုးသမီးများ၏ (၃.၀၅) ရာခိုင်နှုန်းရှိခဲ့ပြီး အခြားတရားမ၀င် မွေးဖွားသော ကလေးပေါင်း မည်မျှရှိသည်ကို မသိရကြောင်း ၎င်းကိစ္စသည် အနာဂတ်တွင် ထိုင်းနိုင်ငံလုံခြုံရေးကို အဖက်ဖက်မှ ခြိမ်းခြောက် လျှက်ရှိကြောင်း ထို့ကြောင့် ထိုင်းနိုင်ငံအတွင်းရှိ ရွှေ့ပြောင်းအလုပ်သမား ကိုယ်ဝန်ဆောင် အမျိုးသမီးများကို မိမိတို့၏ နေရပ်တိုင်းပြည်တွင် သား/သမီး ပြန်လည်မွေးဖွားခြင်းကို တင်းကြပ်ရခြင်းဖြစ်သည်ဟု ဗိုလ်ချုပ်ကြီး ဆွန်ထိမှ သတင်းထောက်များ၏ မေးမြန်ချက်ကို ဖြေကြားသွားသည်။

၎င်းကိစ္စနှင့် ပတ်သက်၍ ထိုင်းအလုပ်သမားဝန်ကြီးဌာန ညွှန်ကြားရေးမှူး မစ္စတာ ကျူထားစ၀ပ်မှ လုံးဝ လက်ခံမည်မဟုတ်ကြောင်း မိမိတို့အနေနှင့် လူသားခြင်း စာနာထောက်ထားရမည်ဖြစ်ကြောင်း ကိုယ်ဝန်ဆောင် အမျိုးသမီးများအား ၎င်းတို့၏ မိသားစုများနှင့် ခွဲပြီးနေရပ်ရင်းသို့ အတင်းအကြပ်ပြန်ပို့ခြင်းမှာ လူသားခြင်း စာနာ ထောက်ထားမှုကင်းမဲ့သော လုပ်ရပ်တခုသာဖြစ်ကြောင်း မိမိအနေနှင့် လက်ခံစဉ်းစားမည်မဟုတ်ကြောင်း ပြောကြားသွားသည်။ ၎င်းက ဆက်လက်ပြီး အလုပ်သမား ၀န်ကြီးဌာနအနေဖြင့် ရွှေ့ပြောင်း အလုပ်သမား ကိုယ်ဝန်ဆောင် အမျိုးသမီးများ မိမိတို့၏ နေရပ်ရင်းသို့ အတင်းအကြပ် ပြန်ခိုင်းပြီး သားသမီး မွေးဖွားခြင်း ဥပဒေလုံးဝမရှိကြောင်းနှင့် ဤလုပ်ရပ်သည် လူ့အခွင့်အရေးကို ပြင်းပြင်းထန်ထန် ကျူးလွန်ခြင်းဖြစ်ကြောင်း မစ္စတာ ကျူထာစ၀ပ်မှ ထုတ်ဖော်ပြောကြားသွားသည်။

ဝန်ကြီးချုပ်ဟောင်း မစ္စတာ တပ်ဆင်ထံမှ စစ်တပ်က အာဏာသိမ်းယူပြီးသည့် နောက်ပိုင်း စစ်အစိုးရ ၀န်ကြီးချုပ်မစ္စတာဆူလာယွတ်ကျူလာနွန် လက်ထက်တွင် ထိုင်းနိုင်ငံတောင်ပိုင်းဒေသ ရနောင်း၊ ဖူခက်၊ ဖန်င
ခရိုင်များအတွင်းရှိ မြန်မာ၊ လော၊ ကမ္ဘောဒီးယားရွှေ့ပြောင်းအလုပ်သမားများအား မော်တော်ဆိုင်ကယ်မောင်း နှင်ခွင့် မိုဘိုင်းတယ်လီဖုန်း ကိုင်ဆောင်ခွင့်နှင့် ည၈နာရီကျော်လျှင် အပြင်ထွက်ခွင့်များ၊ လူငါးဦးထက်ပို၍စု ဝေးခြင်းများ မပြုလုပ်ရ စသည်များကို ပိတ်ပင်တားမြစ်ခဲ့သည်။

စမွတ်စခွန်ခရိုင် အုပ်ချုပ်ရေးမှူးမှ ရွှေ့ပြောင်းအလုပ်သမားများ အနေနှင့် ၎င်းတို့၏ ရိုးရာယဉ်ကျေးမှု ကို ကျင်းပခြင်း၊ ဒေသခံတာဝန်ရှိသူများအနေဖြင့် အားပေးအားမြှောက်ပြုလုပ်ခြင်းများသည် ထိုင်းနိုင်ငံ၏အမျိုးသား လုံးခြုံရေးကိုထိခိုက်စေပြီးအစိုးရ၏မူဝါဒကို ဆန့်ကျင်စေသည်ဟု ပြောကြားခဲ့ပြီး ဒုတိယ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး ဆွန်ထိ၏ ရွှေ့ပြောင်းအလုပ်သမားများအပေါ် ထားရှိသော သဘောထားသည် အာာတတရားများသာဖြစ်ပြီး အနာဂတ်ဆက်ဆံရေးကို ထိခိုက်စေမှာဖြစ်သလို ဒေသတွင်း ဆက်ဆံရေးနှင့် ငြိမ်းချမ်းရေးကိုပါ အနှောက် အယှက် အဟန့်အတားများဖြစ်စေနိုင်ပြီး ရိုးရာယဉ်ကျေးမှုပွဲတော် များကျင်းပမှုကိုပိတ်ပင်တားမြစ်ခြင်းသည် လူ့အခွင့်အရေးနှင့်ဆိုင်သော လွတ်လပ်စွာယုံကြည်ကိုးကွယ်မှုကို ချိုးဖောက်ရာရောက်သည်ဟု လူ့အခွင့်အရေး လှုပ်ရှားနေသူများမှ ပြစ်တင်ဝေဖန်လိုက်သည်။

ဗိုလ်ချုပ်ကြီး ဆွန်ထိ၏ ရွှေ့ပြောင်းအလုပ်သမားများအပေါ် ထားရှိသော သဘောထားနှင့် ပတ်သက်ပြီး လူ့အခွင့်အရေး လှုပ်ရှားနေသူများမှ

၁။ ရွှေ့ပြောင်းအလုပ်သမား ကိုယ်ဝန်ဆောင်အမျိုးသမီးများအား နေရပ်ရင်းသို့ ပြန်ပို့ခြင်းသည် ရုပ်ပိုင်း ဆိုင်ရာအရလူ့အခွင့်အရေးချိုးဖောက်ခြင်းသာဖြစ်ပြီး နိုင်ငံစီးပွားတိုးတက်ရေးအတွက်လုပ်အားခ ဈေးနှုန်းလျှော့ ချပြီး အလုပ်ခိုင်းစေခြင်းသည် လူသားတဦးအနေနှင့် ရသင့်ရထိုက်သော အခွင့်အရေးကို ချိုးနှိမ်သည့်အပြင် လက်ရှိ ထိုင်းနိုင်ငံအစိုးရပြဌာန်းထားသော ပညာရေးဆိုင်ရာ အခွင့်အရေးနှင့် ရွှေ့ပြောင်း အလုပ်သမား၏ ဘ၀ ရပ်တည်မှု တိုးတက်ရေး ဥပဒေကို ဆန့်ကျင်ခြင်းသာ ဖြစ်သည်။

၂။ ရွှေ့ပြောင်းအလုပ်သမား ကိုယ်ဝန်ဆောင်အမျိုးသမီးများ နေရပ်ပြန်ပို့ခြင်းသည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးဥပဒေ ချိုးဖောက်ခြင်းသာဖြစ်သည်။ ထိုင်းနိုင်ငံ အစိုးရအနေနှင့်လည်း အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေငြာစာတမ်းကို သဘောတူညီ လက်မှတ်ရေးထိုးထားသော နိုင်ငံဖြစ်သည်။

၃။ ရွှေ့ပြောင်းအလုပ်သမား ကိုယ်ဝန်ဆောင်အမျိုးသမီးများကို မိမိတို့၏ နေရပ်ရင်းသို့ ပြန်ပို့မည်ဆိုခြင်း အားဖြင့် ၎င်းကိုယ်ဝန်ဆောင် အမျိုးသမီးများသည် ထိုင်းနိုင်ငံအတွင်ရှိ ကျန်းမာရေးဌာနသို့ ပြသရန် ကြောက်ရွံ မှုရှိခြင်းကြောင့် ၎င်းတို့၏ ကျန်းမာရေးအတွက် စိုးရိမ်ရသည်။ ရွှေ့ပြောင်းအလုပ်သမား များ၏ ဘ၀လုံခြုံမှု အတွက် အကာအကွယ်မဲ့များ ဖြစ်ကြရသည်။

ထို့ကြောင့် ဗိုလ်ချုပ်ကြီး ဆွန်ထိ၏ ရွှေ့ပြောင်းအလုပ်သမားများအပေါ် ထားရှိသော သဘောထားများသည် လူ့အခွင့်အရေးနှင့် အလုပ်သမားများ၏အခွင့်အရေးလူ့သဘာဝအရင်းအမြစ်များကိုထိခိုက်စေ နိုင်သောကြောင့် ၎င်း၏ သဘောထားကို ပြန်လည်သုံးသတ်သင့်သည်ဟုဆိုခဲ့သည်။

(၂၀၀၇ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့ထုတ် ခုံချတ်လု၊ နယ်နား၊ ကွန်ထစ်ထူးရကစ်၊ မတိချွန်သတင်းစာ များမှ ဖော်ပြချက်အား ဘာသာပြန်ဆိုပါသည်။)

Read more...

Thursday, December 6, 2007

"ကမ္ဘာ့အေအိုင်ဒီအက်ရောဂါတိုက်ဖျက်ရေးနေ့"

ထိုင်းနိုင်ငံတောင်ပိုင်း ခူရဘူရီမြို့နယ်၊ နန်ယွန်ဒေသတွင် "ကမ္ဘာ့အေအိုင်ဒီအက် ရောဂါတိုက်ဖျက်ရေးနေ့" အခမ်းအနားကို၂၆.၁၁.၂၀၀၇ရက်နေ့တွင်စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။ ထိုင်းနိုင်ငံတောင်ပိုင်း အတွင်းရှိရွှေ့ ပြောင်းမြန်မာ အလုပ်သမားများ၏ ကျန်းမာရေးကာကွယ် စောင့်ရှောက်မှု လုပ်ငန်းများကိုလုပ် ကိုင်လျှက်ရှိသော Grassroots - HRE, MSF - B, World Vision, IOM, MAP Foundation အခြား NGOs များအပြင် ထိုင်းအစိုးရ ကျန်းမာရေးဌာန၊ မြို့နယ်ရုံးအုပ်ချုပ်ရေး နှင့် ထိုင်းကျောင်းသား/သူ လေးများမှ ပူးပေါင်း ပါဝင်ခဲ့ကြသည်။ အခမ်းအနားသို့ လူအင်အား ၁၂၀၀ ကျော်တက်ရောက်ခဲ့ကြသည်။ အခမ်းအနားကို မနက် ၈ နာရီတွင် ချီတက်လမ်းလျှောက်ခြင်းဖြင့် စတင်ဖွင့်လှစ်ခဲ့သည်။ ခူရဘူရီ ဆေးရုံအုပ်ကြီးနှင့် မြို့နယ်မှုးတို့မှ မိတ်ခွန်းများပြောကြားခဲ့သည်။ အခမ်းအနားတွင် ပြဇတ်များဖြင့် သရုပ်ဖော် တင်ဆက်ပြသခြင်း၊ ဂိမ်းအစီအစဉ်ဖြင့် ကျန်းမာရေးမေးခွန်းများ မေးလျှက် လက်ဆောင် ပစ္ဓည်းများပေးခြင်း၊ နံရံကပ်ပိုစတာများ၊ လက်ကမ်းစာစောင်များ၊ ကွန်ဒုံးများပေးဝေခြင်းတို့ဖြင့် ကျန်းမာရေး အသိပညာဖြန့်ဝေပေး ခြင်းကို ထိရောက်အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ ကြသည်။ ၄င်းဒေသတွင် ရာသီအလိုက် ပင်လယ်ပြင် ငါးဖမ်း အလုပ်သမား ၆၀၀၀ မှ ၃၀၀၀ခန့်ထိနေထိုင်လျှက်ရှိသည်။ " GHRE ကျောင်းသားလေးများ ၏ တစ်ခန်းရပ်ပြဇတ် သရုပ်ဆောင်ဟန်""အသင်းအဖွဲ့ပေါင်းစုံတာဝန်ခံများစုစည်းမှု အမှတ်တရ""လက်ဖ၀ါး ကလေးတွေတန်းစီလို့"
အခမ်းအနားကို နေ့လည် ၁၂ နာရီခန့်တွင် အောင်မြင်စွာရုတ်သိမ်းခဲ့ကြသည်။ ယခင်နှစ်တွင်လည်း ထန်းလမု ပင်လယ်ပြင်ငါးဖမ်းလုပ်ငန်းဒေသတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အောင်ကြည်မင်း

Read more...

"အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ဆန့်ကျင်ရေးနေ့"














"အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဆန့်ကျင်ရေး" နေ့ကို ၂၅.၁၁.၂၀၀၇ ရက်နေ့မှာထိုင်းနိုင်ငံတောင်ပိုင်း၊ ခူရဘူရီမြို့နယ်မှာကျင်းပခဲ့ပါတယ်။ အခမ်းအနားဖြစ်မြောက်ရေးအတွက် NGOs အဖွဲ့များဖြစ်ကြသော Grassroots- HRE, HREIB, MAP Foundation, နှင့် CAR တို့မှ ဦးဆောင် ကျင်းပခဲ့ခြင်း ဖြစ်ပါတယ်။ ခူရဘူရီမြို့နယ်၊ နန်ယွန်ဒေသမှာ မြန်မာနိုင်ငံသား ၆၀၀၀ ကျော်ဟာ ပင်လယ်ပြင် ငါးဖမ်းလုပ်ငန်းကို လုပ်ကိုင်လျှက် ရှိပါတယ်။
အခမ်းအနား တွင် "အမျိုးသမီးများအပေါ် အကြမ်းဖက်မှုရပ်တန့်ပေး" ဆိုတဲ့ပြဇတ်လေးကို GHRE မှတင်ဆက်ပြီး၊ HREIB မှဖိတ်ခေါ် ချက်အရ GHRE မှဖွင့်လှစ်ထားသော စာသင်ကျောင်း ၅ ကျောင်းမှ ကျောင်းသား/သူ ၂၂ဦး
"အမျိုးသမီးများအပေါ် အကြမ်းဖက်မှုရပ်တန့်ပေး" ခေါင်းစဉ်ဖြင့် ပန်းချီပြိုင်ပွဲ ကိုဝင် ရောက် ယှဉ်ပြိုင်ခဲ့ပါတယ်။ MAP Foundation မှ အမျိုးသမီးများကို မြန်မာ့ရိုးရာအားကစားများ ဖြစ်သော ထုပ်ဆီးတိုးပြိုင်ပွဲ နှင့်လွန်ဆွဲပွဲများကို ထည့်သွင်းကျင်းပပေးခဲ့ကြပါတယ်။ အခမ်းသို့ GHRE မှဖွင့်လှစ်ထားသည့် ကျောင်းသား/သူများ၊ NGOs ၀န်ထမ်းများ၊ ဒေသခံထိုင်းလူမျိုးများ နှင့် မြန်မာရွှေ့ ပြောင်းအလုပ်သမားများ စုစုပေါင်း ၆၀၀ ကျော်ခန့်တက်ရောက်ဆင်နွှဲ ခဲ့ကြပါတယ်။ အခမ်းအနားကို မနက် ၁၀ နာရီမှာစတင်ပြီး ညနေ ၅ နာရီမှာအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပါတယ်။
"အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဆန့်ကျင်ရေးနေ့" ကို ထိုင်းနိုင်ငံတောင်ပိုင်း တွင် ဒုတိယအကြိမ်မြောက်ကျင်းပနိုင်ခဲ့ခြင်းဖြစ်သည်။

အောင်ကြည်မင်း


Read more...

Saturday, December 1, 2007

"တမ်းတမိတယ် မွေးရပ်မြေရယ်"

နှိုးစက်ခေါ်သံနဲ့ အတူအိပ်ယာထဖြင့်တယ်။ တံခါးဖွင့်ပြီးသပတ်ကို လှမ်းယူတော့အေးစက်စက် ဆောင်းလေဟာ နေရောင်ခြည်နဲ့အတူဆီးကြို နှတ်ဆက်တယ်။ လန်းဆန်းမှုကိုမပေးနိုင်တဲ့ ရာသီအကူး အပြောင်းတွေမှာထိုင်းမှိုင်းမှုတွေနဲ့ အတူအိမ်လွမ်းစိတ်ကိုဖြစ်ပေါ်လာစေတယ်။ အိမ်ပြန်မရောက်တာဆယ်စုနှစ် နီးပါးတောင်ရှိတော့မယ်။ အရာရာဟာ အသစ်သစ်တွေဆိုပေမယ့် အသစ်ဖြစ်ခွင့်တွေဟာ မွေးရပ်မြေမှာမှ မဟုတ်တာ။
စက်တင်ဘာတော်လှန်ရေး မတိုင်ခင်ကတည်းကမသွားဖြစ်တဲ့ ရာဘာတောထဲက စာသင်ကျောင်းလေးကို သွားဖြစ်တယ်။ လမ်းပိုင်းတစ်ချို့  ဟာမြန်မာပြည် လမ်းခရီးတွေနဲ့သိပ်ကိုတူတာ ကဗျာဆရာကြီးဦးတင်မိုးတို့ ၊စာ ရေးဆရာမ ဒေါ်မေငြိမ်းတို့မွေးရပ်မြေကိုလွမ်းလွန်းလို့ မျက်ရည်ဝေ့ခဲ့ရတဲ့ နေရာလေးတွေပေါ့။ ဒီနေ့တော့ ငေးရုံနဲ့ ဖြေသိမ့်ပေးနိုင်စွမ်းမရှိလို့ ကားပေါ်ကဆင်းပြီး ဓာတ်ပုံရိုက်တယ်။ အချိန်ဟာ မှောင်ရီပျိုးချိန်တောင် ရောက်နေပြီ။ ကျွဲ ၊နွားတွေကလည်း ဆော့လို့ အိပ်တန်းဝင်လို့ပေါ့။ ရာဘာပင်များကြားမှ စာသင်ကျောင်းကလေးနှင့် ကျောင်းသား၊သူလေးများ ရာဘာပင်များကြားထဲမှ စာကြည့်တိုက်လေး
ကျောင်းသား/သူ ၁၆ ဦးကို ကာလ၀မ်းရောဂါ အကြောင်းကျန်းမာရေးပညာပေးဆွေးနွေးဖြစ်တယ်။ ကျောင်းသားသုံးဦးကို Leptospirosis လို့သံသရဖြစ်ပြီးထိုင်းဆေးခန်းကို လွှဲထားခဲ့တယ်။ အောင်ကြည်မင်း(၃၀.၁၁.၂၀၀၇)

Read more...

Powered By Blogger

ဒီလောက်အားပေးပြီးပြီ

Better Tomorrow © Layout By Hugo Meira.

TOP