Saturday, May 9, 2009

ဘတ် ၂၀ နဲ့ လဲရတဲ့ ဘဝ


ဆေးရုံက ဆင်းမယ့် လူနာတစ်ယောက်ကို သွားကြို ပေးရတယ်။ သစ်ပင်ပေါ် အသီးတက်ခူးစားရာ ကနေ လက်အံ့သေပြီး ပြုတ်ကျတာပါ။ ခါးနဲ့ ပြုတ်ကြတာဖြစ်တဲ့ အတွက် အခုဆိုရင် ခြေထောက်နှစ်ဖက်စလုံး လှုပ်မရ တော့တဲ့ အနေအထားရှိနေပါတယ်။ အချိန်အကြာကြီး ပေးပြီး ကုသရမှာပါ။ ဆေးဝါးကုသစားရိပ် လည်းများပါ တယ်။ မိဘညီအစ်ကိုမောင်နှမ မရှိနေတော့ သူငယ်ချင်းများက ၀ိုင်းဝန်းပြုစုပေမယ့် သူတို့လည်း အလုပ်သမား များ ဖြစ်တဲ့အတွက် အချိန်သိပ်မပေးနိုင်ကြပါဘူး။ အခုတော့ ကျွန်တော်တို့အဖွဲ့ရဲ့ တန်းလျားမှာ နေထိုင်နေပါ တယ်။ ထိုင်းရောက် အလုပ်သမားများ အများစု သိမှာပါ ထိုင်းဒညင်းသီးကို တတ်ခူးစားရင်း အခုလိုဖြစ်ရတာပါ။ တစ်ကယ်တမ်းဝယ်စားရင် ဘတ် ၂၀ လောက်ရယ်ပါ။ သတိထားရမယ့် အကြောင်းအရာလေး တစ်ခုလည်း ဖြစ်ပါတယ်။

1 Comentário:

mg kyi poae said...

ကိုအောင်ကြည်ရေ.. ကျွန်တော်ကတော့ ဘေးမသီရန်မခပဲ ပြန်ရောက်လာပြီဗျ။

Post a Comment

Powered By Blogger

ဒီလောက်အားပေးပြီးပြီ

Better Tomorrow © Layout By Hugo Meira.

TOP