Wednesday, August 5, 2009

နမိုးနီးယား ပုလိပ်ရောဂါ

သတင်းလိုက်ဖတ်နေရင်း A-H1N1 update လေးသိခြင်လို့ ဘန်ကောက်ပို့ကို ကလစ်မိတယ်။ ကျန်းမာရေး လုပ်သားမို့ ကျန်းမာရေးစာမျက်နှာပေါ့။ တွေ့လိုက်ရတဲ့ သတင်းက လူကို အိပ်ချင်စိတ်ပျောက် သွားစေ တယ်။ တရုတ်နိုင်ငံမှာ ပုလိပ်ရောဂါပိုးကြောင့် လူသုံးဦး သေဆုံးတဲ့သတင်းပါ။ ထိုင်း ပြည်သူ့ကျန်းမာရေး ၀န်ကြီးဌာနကလည်း သူ့ပြည်တွင်းမှာ ရှိတဲ့လေယဉ်ကွင်းများနဲ့ နယ်စပ်ဒေသ ၀င်ပေါက်ထွက်ပေါက် ၆၄ ခုကို တပ်လှန့်ထားပါတယ်။
“နမိုးနီးယား ပုလိပ်ရောဂါပိုး”
ပုလိပ်ရောဂါလို့ပြောရင် ကျွန်တော်တို့ မြန်မာလူမျိုးတွေအတွက် တော့သိပြီးရင်းနှီး ကျွမ်းဝင်ပြီးသားလို့ ထင်ပါတယ်။ ရောဂါပိုးရှိနေတဲ့ တိရိစ္ဆာန်များ ကနေတဆင့်လူကိုကူးစက်ပျံ့ နှံ့တာပါ။ Yersinia pestis လို့ခေါ်တဲ့ ဘက်တီးရီးယားရောဂါပိုးတစ်မျိုးကြောင့် ဖြစ်ရတာပါ။ Y.pestis ဘက်တီးရီးယား ရောဂါပိုးမွှား များဟာ ကမ္ဘာ့နေရာအနှံ့အပြားမှာ ရှိနေတတ်ပါတယ်။
Y.pestis ဘက်တီးရီးယားပိုးဟာ နေအလင်းရောင်နဲ့ အပူမှာပျက်စီးသေဆုံးနိုင်တယ်ဆိုပေမယ့်၊ လေထဲမှာ ပျံ့ နှံ့နေချိန်မှာ တစ်နာရီထက် အထက် အသက်ရှင်ရပ်တည်နေနိုင်ပါတယ်။
ကူးစက်ပျံ့ နှံ့ခြင်း
နမိုးနီးယား ပုလိပ်ရောဂါပိုးဟာ ဆိုးရွားပြင်းထန်တဲ့ ပုလိပ်ရောဂါပိုး တစ်မျိုးဖြစ်ပါတယ်။ Y.pestis ဘက်တီးရီးယားပိုး လူ့ခန္စာကိုယ် အဆုပ်ထဲကို ၀င်ရောက်ကူးစက်ခြင်းကြောင့် ပြင်းထန်ဆိုးရွားပြင်းထန်တဲ့ နမိုးနီးယား ပုလိပ်ရောဂါဖြစ်လာရတာပါ။ ဒီအချိန်မှာ လူတစ်ဦးမှတစ်ဦးကို လေမှတဆင့် ကူးစက်ပျံ့ နှံ့ နိုင် ပါ တယ်။ ရောဂါဖြစ်ပွားနေသူ တစ်ဦးတစ်ယောက် အသက်ရှုသွင်း ရှုထုတ် ပြုလုပ်တဲ့ အချိန်မှာ ရောဂါပိုးမွှားလေးတွေဟာ လေထဲမှာ ကျန်နေခဲ့ပြီး အခြားတစ်ဦးရှုမိသွားရင်ကူးစက်ပျံ့ နှံ့ခြင်းကို ခံရမှာဖြစ် ပါတယ်။ နမိုးနီးယား ပုလိပ်ရောဂါပိုး ကူးစက်ခြင်းကို ခံရသူဟာ ရောဂါပိုးရှိသောသူ (သို့) တိရိစ္ဆာန်များနှင့် နီးကပ်စွာရှိပြီး တိုက်ရိုက်ရှုမိခြင်း၊ ထိတွေ့မိခြင်းကြောင့်အများကူးစက်မှုဖြစ်နိုင်ပါတယ်။ Bubonic ပုလိပ်နှင့် Septicemic ပုလိပ်ရောဂါပိုး ကူးစက်ခံထားရပြီး မကုခြင်း၊ မသိခြင်းတို့ကြောင့်လည်း ရောဂါပိုး အဆုပ်အတွင်းသို့ ပျံ့ နှံ့ပြီး နမိုးနီးယား ပုလိပ်ရောဂါပိုးကို ခံစားရနိုင်ပါတယ်။ (ကလစ်ပြီး ကြည့်ရန်)


ရောဂါလက္ခာ
ပထမပိုင်း (သို့) အစောပိုင်းလက္ခာများ အနေ နှင့်
• ဖျားခြင်း၊ ကိုယ်ပူခြင်း
• ခေါင်းကိုက်ခြင်း
• မောပန်းနွမ်းနွယ်ခြင်း
အဆုပ်ရောင်သော လက္ခာများ လျှင်မြန်စွာ ဖြစ် ပေါ်လာ ခြင်းနှင့်အတူ
• အသက်ရူတိုတောင်းလာခြင်း၊ မြန် လာခြင်း၊ ခက်လာခြင်း၊ ကြပ်လာခြင်း
• ချောင်းဆိုးခြင်း၊ ပျို့ ခြင်း၊ အန်ခြင်း
• ရင်ဘတ်နာခြင်း
• ချောင်းဆိုးလျှင် သွေး (သို့) သလိပ် အရည်များ ပါလာခြင်း တို့ဖြစ်သည်။ နမိုးနီးယား ပုလိပ်ရောဂါပိုးသည် ၂ ရက်မှ ၄ရက်အတွင်း လူ၏ခန္ဓာကိုယ်အတွင်းတွင် ပျံ့ ပွားကူးစက်သည်။ လျှင်မြန်စွာ ဆေးဝါးကုသမှု မခံယူ လျင် အသက်ရူလုပ်ငန်းစဉ်များ ပျက်စီးခြင်း နှင့်သတိလစ်ခြင်းတို့ဖြင့် လူနာသေဆုံးနိုင်သည်။
ကာကွယ်ကုသခြင်း
တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးကို အထူးဂရုပြု၍ ဆောင်ရွက်ရမည်။ မိမိအိမ်မွေးတိရိစ္ဆာန်များ ကိုစနစ်တကျမွေးမြူကိုင်တွယ်ပါ။ ခွေးနှင့်ကြောင်တို့ တွင် လှေးများမရှိအောင် တပတ်တခါခန့် သန့်ရှင်းရေးပြုလုပ်ပေးရမည်။ အစာခွက်များကို သန့်ရှင်းအောင်ထားပေး ရမည်။ တိရိစ္ဆာန်များ နေထိုင်မကောင်းဖျားနေလျှင် (သို့) သေနေလျှင် လက်ဖြင့်တိုက်ရိုက်မကိုင်ရ။ အိမ်ပတ်ဝန်းကျင်တွင် အစားအစာများ ကို စနစ်တကျစွန့်ပစ်ရမည်။ အစားအစာများကို သေချာအောင်ဖုံး အုပ်ထား ရမည်။ အင်းဆက်ပိုးသတ်ဆေး များကို အိမ်တွင်း အိမ်ပြင် ဂရုတစ်စိုက် ပက်ဖျန်းပေးရမည်။
- ချောင်းဆိုး၊ နှာချေပါက ပါးစပ်နှင့် နှာခေါင်းကို ဖုံးအုပ်ပါ၊ တစ်ရှုးစက္ကူသုံးပါက သေချာစွာစွန့်ပစ်ပါ၊ ပြီးလျင် လက်ကို ဆပ်ပြာသုံး၍ ရေဖြင့် စင်ကြယ်စွာဆေးကြောပါ (သို့မဟုတ်) အရက်ပျံပါသည့် လက်ဆေးရည်ဖြင့် ဆေးကြောပါ။

- ချောင်းဆိုး၊ နှာချေသည့်အခါ ပါးစပ်နှင့် နှာခေါင်းကို ဖုံးအုပ်စရာ အနီးအနားတွင် မရှိပါက ပါးစပ်နှင့် နှာခေါင်းကို လက်မောင်းဖြင့်အပ်ပြီး တတ်နိုင်သမျှ ဖုံးအုပ်ပါ။ လက်နှင့်တိုက်ရိုက်မထိစေရန် ရှောင်ကြဉ်ရ မည်။
- လူအများရှိရာသို့သွားလျင် မျက်နှာဖုံး(Mask) မှန်ကန်စွာ တပ်ဆင်အသုံးပြုပါ။
နမိုးနီးယား ပုလိပ်ရောဂါပိုးကို ပိုးသတ်ဆေးများဖြင့် ၂၄ အတွင်းလျှင်မြန်စွာ ကုသပေးရမည်။ အကယ်၍ကုသမှု မပြုလုပ်ပါက ၂၄ နာရီအတွင်းပင်လူနာသေဆုံးနိုင်သည်။ ကာကွယ်ရန်အတွက် ကာကွယ် ဆေးမရှိသေးပါ။
Reference
WiKi
CDC
Bang Kok Post
Mayo Clinic

4 Comentários:

nothing said...

ခုမှရောက်ဖြစ်တယ်၊ဒီရောဂါကိုခုလိုသေသေချာချာလေးရှင်းပြထားတာကိုကျေး
ဇူးအထူးတင်ပါတယ်ဗျာ၊ခွင့်ပြုမယ်ဆိုရင်ဒီအကြောင်းအရာလေးကိုကျနော့်ဘ
လော့မှာလည်းပြည်လည်တင်ပြချင်ပါတယ်၊ကျန်းမာရေးပညာပေးဖြစ်နေလို့ပါ။


ဲမြစ်ဆုံ

ဂျာမုန်းဒန် said...

ဝေမျှတာကျေးဇူးပါနော်။
အဖိုးတန်းတဲ့ပို့စ်လေးပါ။
ခင်တဲ့
ဂျာမုန်း

kiki said...

ကျန်းမာရေးပညာပေးလေးတွေ ဝေမျှပေးတာ ကျေးဇူးတင်ပါတယ် ။

ခင်မင်စွာဖြင့်
ကိကီ

သုခုမလေဒီ said...

အော် ရောဂါတွေကလည်းတယ်များပါလား။ ဘယ်လိုများရှေ့ ဆက်ရှင်သန် ရမလဲတောင် မသိတော့ပါဘူးနော်။ ခုလို အသိပေးတာကျေးဇူးပါ။
အဆင်ပြေပျော်ရွှင်ပါစေ။

Post a Comment

Powered By Blogger

ဒီလောက်အားပေးပြီးပြီ

Better Tomorrow © Layout By Hugo Meira.

TOP