ထိုင်းနိုင်ငံ ရောက်မြန်မာအလုပ်သမားများဘဝ
အလုပ်နည်းနည်းများနေတာရယ်ကြောင့် စာမရေးနိုင်ဖြစ်နေရပါတယ်။ ဒါပေမယ့် အခုဖြစ်ရပ်က တော်တော်ခံပြင်းစရာကောင်းလှပါတယ်။ တို့မြန်မာလူမျိုးတွေရဲ့ဘ၀တွေဟာကဒ်ဆိုက် နေသလားလို့ ထင်မိ ပါတယ်။ လှောင်ချိုင့်ထဲက တေးစီးရီးခွေက စာသားကို ပြန်ကြားယောင် မိပါတယ်။ ခိုးစားတော့ခွေးဟောင်၊ လမ်းဘေးမှာဈေးရောင်း ခြင်ရင် စည်ပင်မုဆိုးကွင်းရှောင်ကွယ် လိုအဖြစ်မျိုးပါ။ အလုပ်သိမ်းပြီး ထမင်းထွက်အစားမှာ လမ်းသရဲတွေရဲ့ နောက်ကျောကို ဓါးနဲ့ထိုးတာ ခံရပါတယ်။ အလုပ်သမားကဒ် မရှိတဲ့အတွက် ရဲကိုလည်းမတိုင်ရဲ ပါဘူး။ ဆေးရုံကိုလည်းမသွားရဲပါဘူး။ အခြေအနေ ဆိုးတဲ့တစ်ကို တော့မျက်လုံးမှိတ်ပြီးတော့ ဆေးရုံကိုပို့ထားရပါတယ်။်
Seja o primeiro a comentar
Post a Comment