Friday, May 2, 2008

ပိုက်ဆံ ချေးမိရာမှ အသက်အန္တရယ်ကြုံခဲ့ ရတဲ့အဖြစ်


နန့်ခဲ ကျေးရွာမှာ ကျွန်တော် ရေလုပ်ငန်း အလုပ်လုပ်ကိုင်နေတာ တစ်နှစ်ခန့်ရှိနေပါပြီ။ ကျွန်တော် အစဉ်ပြေစွာ အလုပ်လုပ်ကိုင်နေထိုင်နိုင်တယ်။ ကျုံဖော်ကလှေတွေ ရောက်လာတယ် ငါးဆရာနဲ့ စကားများ ကြပြီး လှေသားတစ်ချို့ ကိုငါးဆရာမှ သေနတ်နဲ့ချိန်ထားတဲ့ အတွက် ကြောက်ပြီး လှေကျန်ခဲ့တယ်။ ကျွန်တော့် ဆီကို (ကိုဇော်+ကုလားလေးဆိုသူတို့) လာရောက်အကူအညီတောင်းကြတယ်။ ကျွန်တော်က ရခိုင် သားခြင်း ဆိုတဲ့ အသိနဲ့ကူညီပေးခဲ့တယ်။ ကျွန်တော့် အခန်းကိုခေါ်ဆောင်လာခဲ့ပြီး ကျွန်တော်နဲ့ တစ်ခန်းထဲနေ နိုင်နိုင်မိုး ခေါ် ငကျာ နဲ့ က ရခိုင်(မာန်အောင်) မှာ ကျောင်းနေဘက်တွေ ဖြစ်ကြတော့ပိုအစဉ်ပြေသွားတယ်။ နန်ယွန်မှာ ကျန်ခဲ့တဲ့(ကိုဇော်) မယားကို ခေါ်ခြင်တယ် ဆို၍ ငကျားနဲ့ တိုင်ပင်၍ ခေါ် ခိုင်းလိုက်တယ်။ ပွဲစားနဲ့သူ့မိန်းမ ရောက်လာတဲ့ အချိန်မှာ ပွဲစားခအဖြစ် (၁၇၀၀) မနက်ဖြန်ပေးမည်ဟု ဆို၍ ကျွန်တော် ထုတ်ပေးခဲ့ပါတယ်။ ဒါပေမယ့် တစ်လ ပြည့်ခါနီး အချိန်ထိ နိုင်နိုင်မိုး(ငကျာ) ဘက်မှ မသိသလိုနေခဲ့၍ ပြန်တောင်းတဲ့အခါ စကားများကြတယ်။

ကျွန်တော့်ကို (ကုလားလေးအတွက်) ငကျာမှ လှေတစ်စင်းရှာခိုင်းတယ်။ ကျွန်တော်က ကုလားလေး နဲ့တွေ့ပြီး ရှာပေးရတာ အကြောင်းမဟုတ် အထွက် စားရိတ်ယူပြီး ပြေးသွားရင် ငါ့ဆီယေရူ လိုက်လာလိမ့်မယ်။ အကြောင်းအရင်းကို ပြောပြနေတဲ့အချိန်မှာ ငကျာက၀င်လာပြီး ကြားသွားတဲ့အတွက် လူမှုရေးမရှိဘူး ဟုပြောတယ်။ ကျွန်တော်ကလည်း လူမှုရေးမရှိတာမင်းလား ငါလားဟု အပြန်အလှန်ပြောကြ တယ်။ လူမှုရေးမရှိ ဘူးဆိုရင် မင်းသူငယ်ချင်းကို အခန်းကိုခေါ်လာစရာ လည်းမလိုဘူး။ မင်းသူငယ်ချင်းမိန်းမ ကိုလည်း ငါပွဲစားခ ထုတ်ပေးစရာမလိုဘူးဟု ပြန်လှန်ပြောဆိုပြီး။ အသိရှိတဲ့ ၀က်ခြံကို သွားအိပ်လိုက်တယ်။
ငကျာရဲ့ အစ်ကို ချာလီက ၀က်ခြံကို မြင့်မြင့်ရောက်လားဆိုပြီးလာမေးတယ်။ ရိုးရိုးသားသား ထင်ပြီးမရောက်လာဘူး ဟုပြန်ဖြေလိုက်တယ်။ မအိပ်ခြင်သေးလို့ မှောက်လျက် နဲ့စာဖတ်နေချိန်မှာ ငကျာနဲ့ကုလားလေး ရောက်လာပြီး ဓားနဲ့နောက်ကျောကို ထိုးတယ်၊ ကျွန်တော်လှည့်အကြည့်မှာ မျက်နှာကို လက်သီးနဲ့ ဆင့်ထိုးတယ်။ ကျွန်တော်လည်း အားစိုက်ပြီးရှုန်းတယ်။ ကုလားလေးကတော့ ကြောင်ပြီးကြည့်နေ တယ်။ ရှုန်းရင်းဆန်ခတ်ဖြစ်ပြီး လွတ်သွားတဲ့အချိန်မှာ ကျွန်တော်ထွက်ပြေးခဲ့ရတယ်။ လမ်းမှာ ရှမ်းအဖိုးကြီး တစ်ယောက် ကဘာဖြစ်လာလည်း မေးလို့။ ဓားနဲ့လိုက်ထိုးလို့ပြေးလာကြောင်းပြောပြတယ်။ ဗမာလားရှမ်းလား မေးတော့ ဗမာလို့ဖြေတဲ့အခါမှာ ရှမ်းရဲကို ဖုန်းဆက်ပြီး ခေါ်လိုက်တယ်။ ရဲရောက်လာပြီး ရန်ဖြစ်တဲ့ ၀က်ခြံကိုလိုက်လာခဲ့တယ်။ သူတို့ ထွက်ပြေးသွားလို့ ၀က်ခြံမှာ ဘယ်သူမှ မရှိတော့ဘူး။ ကျွန်တော်ကျန်ခဲ့တဲ့ ပိုက်ဆံရယ် ဖုန်းရယ် ယူပြီးပြေးသွားတယ်။
ကျွန်တော့်ကို ညတွင်းခြင်းပဲ ရဲက ဆေးရုံကားခေါ်ပြီး ဆေးရုံကို ပို့ပေးခဲ့တယ်။ ဆေးရုံမှာ ကျွန်တော် တစ်ရက်လောက် ကြာခဲ့တယ်။ နောက်ကျောမှာ နှစ်ချက်နဲ့ မျက်ခုံး နှစ်ခုကြားမှာ ခြောက်ချက်၊ မျက်လုံးအောက် ပါးပြင်မှာ တစ်ချက် အားလုံး ၉ချက်ချုပ်ခဲ့ရတယ်။ ကံကောင်းလို့ လူမသေပေ မယ့်။ ဒဏ်ရာအမာရွတ် အဖြစ် မျက်နှာမှာကော နှလုံးသားမှာပါကျန်ခဲ့တယ်။
ရခိုင်သားခြင်းဆိုပြီးအကူအညီ ပေးလိုက်လို့ ဒုက္ခရောက်သွားတဲ့ ရခိုင်သားတွေ အများကြီး ထဲမှာ နန့်ခဲက ၀တုတ်တစ်ယောက်လည်းပါတယ်။

ရမ်းဗြဲသားလေး

ချင်းပျံ

(သူ့အဖြစ်အပျက်လေးကို သူကိုယ်တိုင်ရေးပေးထားတာပါ)
(ဓာတ်ပုံများကိုတော့ လုပ်ဖော်ကိုင်ဖက် Southern Migrant ဆီကယူပါတယ်။)


4 Comentários:

Apprenticeship said...

feel really bad. What can I do???

ထွန်း said...
This comment has been removed by the author.
nyiyekhaung said...

ဖြစ်မှဖြစ်ရလေဗျာ

RePublic said...

တကယ့် အခက်အခဲ အတွေ့အကြုံ အဖြစ်အပျက်တွေပါလားဗျာ၊
ဖတ်ရတာ စိတ်မကောင်းဘူး ၊ ကိုယ်ချင်းလည်းစာပါတယ် ၊

Post a Comment

Powered By Blogger

ဒီလောက်အားပေးပြီးပြီ

Better Tomorrow © Layout By Hugo Meira.

TOP