Wednesday, June 11, 2008

ကျေးဇူးရှင် ဧရာဝတီ မျိုးဆက်သစ်များအတွက်

ဆူနာမီဖြစ်ပြီးနောက်ပိုင်း မြန်မာလူထု ကျမ်းမာရေးပညာပေး လုပ်ငန်း တွေထဲမှာ ကျွန်တော်ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်နေခဲ့တာ ယနေ့ထိပါပဲ။ ပညာတတ် တစ်ယောက် မဟုတ်လေတော့ အလုပ်လုပ်ရင်း အတွေ့အကြုံ တွေကနေပဲ ကျွန်တော့်ကို သင်ယူနေခဲ့ပါတယ်။

ကျန်းမာရေးပညာပေး သူတစ်ယောက်အဖြစ် တာဝန်ယူဆောင်ရွက်နေတဲ့ စာသင်ကျောင်းတွေမှာ၊ ဒေသတွေမှာ ဆူနာမီရေလှိုင်းဒဏ်ခံခဲ့ရတဲ့ ကလေးတွေ ကိုတွေ့ဆုံခဲ့ရပါတယ်။ ဆူနာမီိရေလှိုင်းဖြစ်ပြီး နစ်နှစ်ကျော်ကာလ မှာ UNICEF နဲ့ ကျွန်တော်တို့ GHRE အဖွဲ့တို့ ပူးပေါင်းပြုလုပ်ခဲ့တဲ့ ဆူနာမီ ဖြစ်အပြီး ကလေးများရဲ့ စိတ်ဒဏ်ရာများ ပြန်လည်စမ်းစစ်ရန် အတွက်စစ်တမ်းကောက်ခဲ့ပါတယ်။ မေးနေရင်းနဲ့ ငိုတဲ့ကလေး၊ သွေးစုပ်ဖြူလျှော်သွားတဲ့ကလေး၊ သားမိဘနဲ့ သူငယ်ချင်းတွေ မရှိတော့ ဘူးလို့ မျက်နှာကြောင်လေးနဲ့ ပြောတဲ့ ကလေးတွေ ကိုတွေ့ရှိခဲ့ပါတယ်။ ကလေးတွေရဲ့ အတွင်းစိတ်မှာ ဆူနာမီနဲ့ ပါတ်သတ်တဲ့ ကြောက်လန့်မှုတွေ၊ ထိန့်လန့်မှုတွေ ရှိနေသေးတယ် ဆိုတာသိရှိခဲ့ရပါတယ်။ အမှန်အတိုင်းဝန်ခံရရင် အဲဒီအချိန်ထိ စာသင်ကျောင်း တွေမှာ၊ လုပ်ငန်းခွင်တွေ မှာ ရှိတဲ့ဆူနာမီ ဒဏ်ခံကလေးတွေရဲ့ စိတ်ခံစားမှုတွေကို နှစ်သိမ့်ဆွေးနွေးခြင်းအားဖြင့် အိပ်မက်ဆိုးတွေကနေ လွတ်မြောက်အောင် ကုသပေးရမယ်ဆိုတာ ကျွန်တော် နားမလည်ခဲ့ပါဘူး။

ဆူနာမီ ဖြစ်ပြီးလေးနှစ်ကျော်ကာလမှာ ကျွန်တော်တို့ ကျန်းမာရေးဌာနကို ဟားဗတ် တက္ကသိုလ်က စိတ်ပညာကျန်းမာရေးဌာနက ပါမောက္ခ တစ်ဦးရောက်လာတော့မှ သဘာဝဘေးအန္တရာယ်အလွန် ကလေးများရဲ့ စိတ်ကျန်းမာရေးအတွက်နှစ်သိမ့်ဆွေးနွေး အပိုင်းဟာ အရေးကြီးကြောင်း ကျွန်တော်နားလည်ခဲ့ပါတယ်။ သိသိခြင်း ကျွန်တော် ဆူနာမီဒဏ်ခံ ကလေးတွေကိုစုပြီး နှစ်သိမ့်ဆွေးနွေးပေးခြင်းတွေ လုပ်ပေးနိုင်ခဲ့ပါတယ်။ အဲဒီအချိန်ဟာ လေးနှစ်ကျော်ခဲ့ ပါပြီ။ ဆူနာမီ ဒဏ်ခံကလေးများဟာ ပြန့်ကျဲနေပါပြီ။ ကျွန်တော် သူတို့အတွက် စိတ်မကောင်းဖြစ်မိခဲ့ရပါတယ်။ ဆူနာမီဖြစ်ပြီးနောက်ပိုင်း ထိုင်းအစိုးရ စာသင်ကျောင်းတွေမှာ ထိုင်းဆရာဝန်တစ်ဖွဲ့ဟာ စနစ်တကျနဲ့ နှစ်သိမ့်ဆွေးနွေးပေးမှုတွေ လုပ်နေခဲ့တာဟာ ယခုဆိုရင် ၇၀% ကျော်ဟာ အိမ်မက်ဆိုးတွေကနေ ပြန်လည် သက်သာလာနေပါပြီ။

အဲဒီအတွေ့ အကြုံပေါ်မူတည်ပြီး နာဂစ်မုန်တိုင်း ဒဏ်ခံကလေးတွေ ကိုတိကျတဲ့နှစ်သိမ့်ဆွေးနွေး ပေးမှုတွေနဲ့ စိတ်ဒဏ်ရာတွေ ပြန်လည်သက်သာစေခြင်တာ ရင်ထဲမှာ ပြင်းထန်တဲ့ ဆန္ဒတစ်ခု ဖြစ်လို့လာပါတယ်။ ကျွန်တော်တို့ ရဲ့ ကျေးဇူးရှင် ဧရာဝတီမျိုးဆက်သစ်တွေ အိမ်မက်ဆိုးများနဲ့ ရှင်သန်လာ ရမှာကို မလိုလားပါဘူး။ နာဂစ်လေမုန်တိုင်းဒဏ်ခံကလေး တွေနဲ့ တိုက်ရိုက်ထိတွေ့မှုရနေတဲ့ ပြည်တွင်းက ညီအစ်ကိုမောင်နှမများ ဖော်ပြထားတဲ့ ဇယားကွက်လေး အတိုင်းနှစ်သိမ်ဆွေးနွေးပေးဖို့ မေတ္တာရပ်ခံ တင်ပြအပ်ပါတယ်။ ကလေးများနဲ့တွေ့ဆုံ ဆွေးနွေးမှုပြီးတိုင်း ကလေးများရဲ့ စိတ်ထိခိုက်ညှိုးနွမ်းမှုကို ပြန်လည်ဖြေသိမ့် ပေးဖို့လည်း လိုအပ်ပါလှပါတယ်။



4 Comentários:

Layma said...

copy လိုက်ပြီ thank u .

Welcome said...

မရောက်ဖြစ်တာကြာပြီ၊ ပို့စ်တွေ အားပါးတရ ဖတ်သွားတယ်။ ကိုညီလင်းဆက်ဆီကရတဲ့ မှော်သော့နဲ့မှပဲ ရောက်တော့တယ်။

Mintasay said...

ဇယားကွက်နံပတ်(5)အဖြစ် Always ဆိုတာလေးထည့်ပေးရင် ပိုပြည့်စုံမယ်ထင်တယ်။
တခါတလေ အဲ့ဒီဖိစီးမှုတွေက အိပ်မက်ဆိုးတွေလို အမြဲလိုက်တတ်လွန်းလို့ပါ။
ဆ၇ာလုပ်လိုစိတ်အလျှင်းမရှိ…လေးစားစွာဖြင့်
/မင်းတစေ

wynn.sun said...

ကျန်းမာရေးဝန်ထမ်းချင်း တွေ့ ရတာ ၀မ်းသာပါတယ်ခင်ဗျာ.. ပို့ စ်လေးတွေကို အေးအေးဆေးဆေးဖတ်သွားပါတယ်..

Post a Comment

Powered By Blogger

ဒီလောက်အားပေးပြီးပြီ

Better Tomorrow © Layout By Hugo Meira.

TOP