Saturday, June 7, 2008

ဝမ်းနည်းရတဲ့ မနက်ခင်း

June,4,2008

ဒီနေ့ တစ်မနက်လုံးရုံးမှာ ရှိနေတယ်။ သတင်းဌာနတွေမှာ သတင်းကြည့်လိုက် သတင်းတွေဖတ်လိုက်နဲ့ အချိန်ကုန်တယ်။ ဘလောက်တွေကို လိုက်လည်တယ်။ ကိုသင်ကာ ဘလောက်မှာ ၀မ်းနည်းလွန်းလို့ ကွန်မန့်ဝင် ရေးတယ်။ နာဂစ် ကြောင့်ဝမ်းနည်းလို့ ငိုခဲ့ရတဲ့ အကြိမ်တွေလည်း မနည်းလှ တော့ပါဘူး။

ညနေပိုင်းမှာ ဘန်စိုင်းသစ်စက်ကို ဆေးကုဖို့သွားတယ်။ အခါတိုင်းအဲဒီနေရာကို တစ်ပါတ်တစ်ခါ ဆိုင်ကယ် နဲ့ကလေးတွေကိုစာသွားသင်ပေးနေကြ။ ထိုင်းအစိုးရက မြန်မာအလုပ်သမားများ ဆိုင်ကယ်မစီးရ၊ ဖုန်းမကိုင်ရ ဥပဒေနဲ့ ည ၈နာရီမှ မနက် ၆နာရီမထွက်ရ မာရှယ်လောကြောင့် အရင်လိုမသွားဖြစ်တော့။ အဲဒီနေရာက ဒီဒေသမှာ အဆိုးဆုံးလိုဖြစ်နေတယ်။ လမ်းသရဲနဲ့ ရပ်ကွက်ကလူတွေကပါ ၀ိုင်းဖမ်းပေးနေတာကြောင့် ကားနဲ့ပဲသွားလို့ ရတော့တယ်။ တစ်လ တစ်ကြိမ်ကို မနည်းရောက်အောင် သွားနေရတယ်။

အလုပ်သိမ်းချိန်ဆိုတော့ လူတွေများလိုက်တာ။ ခြင်းလုံးခတ်သူ ခတ်၊ ဘောလုံးကန် သူကန်၊ ရေချိုးသူချိုးနဲ့ ညနေပိုင်း နေ၀င်ချိန်မှာ ဒီမြင်ကွင်းကိုမြင်ရတာ ရွာကြီးတစ်ရွာလိုပါပဲ။ တစ်ချို့ ကလည်း ၀င်ငွေပိုအောင် ငါးမြှုံးယပ်နေတယ်။ အော်…. တို့လူမျိုးတွေ ရောက်ရာအရပ်မှာ ပျော်အောင်နေနေ ရတာ။ ကလေးတွေလည်း မိဘပြန်လာတော့ သနပ်ခါးအဖွေးသားနဲ့ ပျော်နေလိုက် တာ။ ည ၈ နာရီကျော်မှ ပဲရုံးကို ပြန်လာနိုင်တယ်။ လမ်းအကွေ့အကောက် များတာကြောင့် အပြန်မှာ ခေါင်းတွေနောက်ပြီး ကားမူးလာ တယ်။

1 Comentário:

Ba Kaung said...

ကို better tomorrow ရေ.. ကျွန်တော်တို့ မြန်မာတွေရဲ့ ခါးသီးတဲ့ ဘဝတွေအထဲမှာ အခန်းကဏ္ဍတစ်ခုကနေ တစ်စိတ်တစ်ဒေသ ပါဝင်ပတ်သက်နေရတဲ့ အတွက် ချီးကျုး လေးစားမိပါတယ်။

Post a Comment

Powered By Blogger

ဒီလောက်အားပေးပြီးပြီ

Better Tomorrow © Layout By Hugo Meira.

TOP