Monday, February 23, 2009

သံတိုင်နောက်မှ ကြွေလွင့် ပန်းစက္ကူ


ဖေဖေါ်ဝါရီ ၁၄ ရက် ဖူးခတ်ကို သွားတဲ့လမ်းမှာ ဒီဓာတ်ပုံကို ရိုက်ခဲ့ပါတယ်။ ဆိုင်ကယ် တက္ကစီ ကိုတားမြန်မာ အလုပ်သမား နှစ်ယောက်ကို ဖမ်းပြီးလမ်းဘေးမှာ ဆောင့်ကြောင့်လေးထိုင်ခိုင်းထားတာ တွေ့လို့ဖုန်းထဲက ကင်မရာနဲ့ဓာတ်ပုံ ရိုက်မိတယ်။ ရဲက တွေ့သွားလို့ ကားပေါ်ကဆင်းခိုင်းပြီး စစ်ဆေးတယ်။ ဓာတ်ပုံကို ပြန်ဖျက် ခိုင်းခဲ့တယ်။ လူလည်း ထူထူပူပူနဲ့ ဓာတ်ပုံမရှိတဲ့ ဖိုင်ကိုအကြိမ်ကြိမ်ပြမိတယ်။ ရဲလည်း တောက်တခေါက်ခေါက်နဲ့ ကျွန်တော့်ကို သွားခွင့်ပြုလိုက် ရတယ်။ အဲဒီ အတောအတွင်းမှာ လက်အုပ်ကို ချီပြီး စ၀ါဒီခပ် နဲ့ ခေါထို့ ပေါင်းအကြိမ် မရေတွက်နိုင်အောင်လုပ်ခဲ့ရတယ်။ ဘာကြောင့် ကျွန်တော်ဓာတ်ပုံ ရိုက်လိုက်တယ် ဆိုတာ ကျွန်တော်အကြိမ်ကြိမ်ပြန်စဉ်းစားမိပါတယ်။ အဲလို ရိုက်ခဲ့တဲ့ဓာတ်ပုံ တစ်ချို့ လည်း ကျွန်တော့်ဆီမှာ ရှိနေပါ သေးတယ်။ ဘာကြောင့် အဲလို အကြိမ်ပေါင်းများ စွာဓာတ်ပုံ ရိုက်မိနေတာလည်း ဘာကြောင့်ပါလည်း......။
သံတိုင်နောက်မှ ကြွေလွင့် ပန်းစက္ကူ
နေ့ခင်းပိုင်း တစ်ရက်မှာ ဆေးခန်းလာပြတဲ့ အစ်မတစ်ယောက်ပြောပြတဲ့ ၀မ်းနည်း ကြေကွဲဖွယ် ဇတ်လမ်းလေး တစ်ပုဒ်ရှိခဲ့ပါတယ်။ သူမအလုပ်လုပ်နေတဲ့ ပန်းရံဆိုက်တစ်ခုကို ရဲဝင်ဖမ်းလို့ သူမအပါအ၀င် တစ်ချို့ အဖမ်းခံရပြီး ဖန်င အချုပ်ထောင်ကိုပို့ခြင်း ခံခဲ့ရပါတယ်။ ကျောက်တောင်နောက်ခံ ရှိတဲ့ အချုပ်ထောင်ရဲ့ အေးစက်စက်ကြမ်း ပြင်မှာ အိပ်စက်ခဲ့ရပါတယ်။ တစ်ပတ်ခန့် အကြာနေထိုင်ပြီး ဆံပင်ရှည်ရှည် မဖြူမညို အသားအရည်နဲ့ မိန်းမချော ငယ်လေး ရောက်လာခဲ့ပါတယ်။ အားလုံးက နှမငယ်လေးလို ၀ိုင်းဝန်းစောင့်ရှောက်ပြီး သူတို့ လွတ်မြောက်နိုင် ဖို့အရေးအတွက် ပွဲစားအကူအညီနဲ့ ကြိုးစားနေခဲ့ကြပါတယ်။ မိန်းမချောငယ်လေး အချုပ်ကိုရောက်ပြီး နှစ်ရက်ခန့် အကြာမှာ အသက်ကြီးကြီးရဲတစ်ယောက်က သူ့အမေလာရွေးထုတ်တယ် ပြောလို့။ ၀မ်းသာစွာနဲ့ ကောင်မလေးနင် ကံကောင်းတယ်ဆိုပြီး ထဲ့လိုက်တယ်။ နောက်တစ်ရက်ညနေမှာ ပဲကောင်မလေး ပြန်လာ တယ် နင့်ကို နင့်အမေလာရွေးတယ်ဆို ဘာဖြစ်လို့ပြန်ရောက်လာတာလည်းမေးတော့ ကောင်မလေးရှိုက်ကြီး တငင်ငင်ငိုပြီးတော့ ပြောပါတယ်တဲ့။ အမေလာရွေးတာ မဟုတ်ပါဘူး သူ့ကို တည်းခိုခန်း ခေါ်သွားပြီး အကြိမ်ကြိမ် အိပ်တယ်လို့ ပြောပါတယ်။ သူကောင်မငယ်လေးကိုဖတ်ပြီး ငိုလိုက်ရတာတဲ့။
သူကျွန်တော့်ကို ပြောပြနေရင်း ငိုနေသေးလို့ ဖျောင်းဖြပြီး အိပ်ပျော်ဖို့ ဆေးနဲ့ အားဆေးပေးလိုက်ပါတယ်။ သူပြန်သွားပြီးနောက် ကျွန်တော်လည်း ငိုခဲ့မိပါတယ်။ သြော်....... ဒို့ သွေးချင်းတွေ အခုလိုအဖြစ်မျိုးနဲ့ ဘယ်လောက်တောင်ကြွေလွင့်ခဲ့ရပြီးပြီလည်း နောက်ထပ်ကော ဘယ်လောက်တောင် ထပ်ကြွေကြရအုံးမှာ လည်းဆိုတာ...........။

6 Comentários:

may16 said...

မြန်မာအလုပ်သမားများဘ၀ကိုလာဖတ်သွားပါတယ်.

ဒေါင်းမင်း said...

သတင်းတွေကြားရလေထိုင်းဆိုတဲ့အယုတ်တမာတွေကိုသတ်ပစ်ချင်လေပဲ
မြန်မာတွေပြန်သာဖို့မလိုတော့ပါဘူးတွေ့ကျသေးတာပေါ့

မဆုမွန် said...

တောက်..
ဟူးးးး မပြောချင်တော့ဘူး..

phuulay said...

သံတိုင်နောက်မှ ကြွေလွင့် ပန်းစက္ကူ ... ကြားရတာစိတ်မကောင်းဘူးဗျာ....
http://amayeainn.blogspot.com မှာပြန်တင်ခွင့်ပြုပါဗျာ....
ထိုင်းဆိုတဲ့အယုတ်တမာတွေကိုသတ်ပစ်ချင်တယ်....

မသက်ဇင် said...

လာဖတ်ပါတယ်--
ကြေကွဲစရာတွေပါပဲ-

Baganland said...

ကိုအောင်နဲ့ ဆက်သွယ်လို့ရမယ့် အီးမေးလ်လိပ်စာလေးများရနိုင်မလားခင်ဗျာ။

Post a Comment

Powered By Blogger

ဒီလောက်အားပေးပြီးပြီ

Better Tomorrow © Layout By Hugo Meira.

TOP