Wednesday, April 1, 2009

သားသား ဘာကြောင့် ကျောင်းပျက်လည်း


ဒီဓာတ်ပုံထဲ သားသား တစ်ယောက်လည်း ပါတာပေါ့

သားသားအကြောင်း ကိုပြောပြချင်ပေမယ့် ပြောသင့်မပြောသင့်စဉ်းစားနေတာ။ ဒီနေ့တော့ စကားပြန်ပြောဖြစ် ရင်းပြောမယ်လို့ ဆုံးဖြတ်လိုက်တယ်။ မြန်မာအလုပ်သမားတွေရဲ့ ကလေးတွေခံစားနေရတာလေးတွေ သိအောင် ပေါ့။ ကျွန်တော်က ကျောင်းဆရာမဟုတ်ပေမယ့် ကလေးတွေကို ကျမ်းမာရေး ပညာပေးရင်း ကျောင်းတိုင်းကို တပတ်တခါရောက်ဖြစ်ပါတယ်။ သားသားကို ပထမတစ်ပတ်မှာ မတွေ့လို့ သားသား ကျောင်းဘာလို့ မတတ်တာ လည်းကွ လို့ မေးကြည့်တယ်။ သားသားက ဘယ်လိုပြန်ဖြေတယ်မှတ်လည်း "သားသားမေမေက လင်ငယ် နောက်လိုက်သွားလို့တဲ့၊ သိပ်မကြာပါဘူး ဖေဖေလည်း မယားငယ်နောက် လိုက်သွားတယ်။ သားအခု အဖွားနဲ့နေတယ်။ အဖွားကလည်း လင်ငယ်ရှိသေးတယ်တဲ့ အဲဒါကြောင့် သားကျောင်းမတက်တာပါတဲ့။" သူပြောပြတဲ့ သူ့အကြောင်းကို ကြားရတော့ ဘာပြောရမှန်းတောင် မသိဖြစ်သွားတယ်။

Seja o primeiro a comentar

Post a Comment

Powered By Blogger

ဒီလောက်အားပေးပြီးပြီ

Better Tomorrow © Layout By Hugo Meira.

TOP