Wednesday, April 15, 2009

ဘုန်းဘုန်းကို မဲပေးကြပါစို့

သင်္ကြန်ရုံးပိတ်ရက် လေပေါ်မှာ အိမ်အသစ်ဆောက်နေလို့ ရေမစိုပဲ ထိုင်း သင်္ကြန်ပြီး သွားတယ်။ လေလှိုင်း ပေါ်မှာ အိမ်အသစ်ဆောက် နေရင်း ဘုန်းဘုန်း အရှင်မေတ္တာစာရ ဘလောက် ကို မဲပေးဖို့ လင့်တွေ့လို့ ၀ိုင်းဝန်း မဲပေးကြဖို့ တိုက်တွန်းနှိုးဆော်အပ် ပါတယ်ခင်ဗျာ။ ဒီတစ်ခါ မဲပေးနည်း ကပုံစံ အသစ်ပါခင်ဗျာ။ အဆင့်ဆင့်လေး တွေရှိတယ် ဆိုပေမယ့် လွယ်ပါတယ်ခင် ဗျာ။

အဆင့် ၁။ မဲပေးရမယ့် လိပ်စာက ဒီမှာ ပါခင်ဗျာ။ လင့်လေးကို နှိပ်လိုက်တာနဲ့ မဲပေးရမယ့် စာမျက်နှာကို ရောက်ပါ တယ်ခင်ဗျာ။ စာမျက်နှာ အလည်လောက်မှာ News ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အရှင်မေတ္တာစာရ ရဲ့ ဘလောက်ဂ်လေးကိုတွေ့ပါမယ်။



ဘလောက်ဂ် ရဲ့အောက်မှာ အ၀ိုင်းလေးကို အမှတ်လေးပေးခဲ့ပါမယ်။ ပြီးရင်အောက်ဘက်ကိုဆက်သွားပြီး အနီရောင် လေးထောင့်အ၀ိုင်းကို ကလစ်လိုက်ရင် အဆင့်နှစ်ကို ရောက်ပါပြီ။

အဆင့် ၂။ အပေါ်ပိုင်းစာမျက်ကိုပြန်တက်သွားရင် ညာဘက်ကော်လံထောင့်မှာ အရှင်မေတ္တာစာရ နာမည်နဲ့ အနီရောင်လေးထောင့် အ၀ိုင်းလေးထပ်တွေ့ပါမယ်။


အဲဒီမှာ ဗို့ အတွက်ကလစ်ပေးပြီး အောက်မှာ မေးထားတဲ့ အချက်အလက်တွေကို ဖြည့်ပြီး နှိပ်လိုက်ရင် အဆင့်နှစ်ပြီးလို့ အဆင့်သုံးကိုရောက်ပါမယ်။

အဆင့် ၃။
အဲဒီမှာ မိမိရဲ့ သူငယ်ချင်းနှစ်ရောက်ရဲ့ မေးလ်လိပ်စာကိုတောင်းပါမယ်။
ဖြည့်ပြီးလို့ ကလစ်လိုက်တာနဲ့ မဲပေးတဲ့ အဆင့်အောင်မြင်စွာပြီးဆုံးပါပြီခင်ဗျာ။ ကျေးဇူးတင်ပါတယ် ခင်ဗျာ။
ကျွန် တော် တို့ ဘုန်းဘုန်းအတွက် မဲဝိုင်းပေး ကြပါစို့။

6 Comentários:

setgyarwalar said...

hello, i will do a post as your post, thhank you.
bon bon lay (setgyarwalar)

Nang Ei Ei Mon said...

ပေးပြီးသွားပါပြီ အစ်ကို

Anonymous said...

ဘုန်းဘုန်းပဲ နိုင်စေချင်တယ်။ ကျေးဇူးတင်တယ်ဗျာ။ ဥပသကာပြောလို့ သိရတာ။

vanko said...

ဘုန်းဘုန်းကိုလည်း မဲသွားပေးပါမယ်။
အစ်ကိုလည်း နှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပြီး ပျော်ရွှင်ချမ်းမြေ့ပါစေ..
စီပုံးက ကျွန်တော်ဝင်မရလို့ ဒီမှာပဲ ဆုတောင်းပေးလိုက်ပါတယ်။

Anonymous said...

ဝမ်းသာပါတယ်ရှင်။ ဘုန်းဘုန်းပဲဖြစ်ဖြစ် ဘယ်သူပဲဖြစ်ဖြစ် နိုင်ငံတကာစာရင်းထဲမှာ မြန်မာပါနေတယ်ဆိုလိုက်တာနဲ့ ကျမဂုဏ်ယူပြီးသားပါ။ ကျမရဲ့သူငယ်ချင်းတွေကိုလည်း ပြောလိုက်ပါ့မယ်။

Jeg said...

I caught you... you were sneaking away from me... tuh tuh

Post a Comment

Powered By Blogger

ဒီလောက်အားပေးပြီးပြီ

Better Tomorrow © Layout By Hugo Meira.

TOP