Thursday, December 6, 2007

"အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ဆန့်ကျင်ရေးနေ့"














"အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဆန့်ကျင်ရေး" နေ့ကို ၂၅.၁၁.၂၀၀၇ ရက်နေ့မှာထိုင်းနိုင်ငံတောင်ပိုင်း၊ ခူရဘူရီမြို့နယ်မှာကျင်းပခဲ့ပါတယ်။ အခမ်းအနားဖြစ်မြောက်ရေးအတွက် NGOs အဖွဲ့များဖြစ်ကြသော Grassroots- HRE, HREIB, MAP Foundation, နှင့် CAR တို့မှ ဦးဆောင် ကျင်းပခဲ့ခြင်း ဖြစ်ပါတယ်။ ခူရဘူရီမြို့နယ်၊ နန်ယွန်ဒေသမှာ မြန်မာနိုင်ငံသား ၆၀၀၀ ကျော်ဟာ ပင်လယ်ပြင် ငါးဖမ်းလုပ်ငန်းကို လုပ်ကိုင်လျှက် ရှိပါတယ်။
အခမ်းအနား တွင် "အမျိုးသမီးများအပေါ် အကြမ်းဖက်မှုရပ်တန့်ပေး" ဆိုတဲ့ပြဇတ်လေးကို GHRE မှတင်ဆက်ပြီး၊ HREIB မှဖိတ်ခေါ် ချက်အရ GHRE မှဖွင့်လှစ်ထားသော စာသင်ကျောင်း ၅ ကျောင်းမှ ကျောင်းသား/သူ ၂၂ဦး
"အမျိုးသမီးများအပေါ် အကြမ်းဖက်မှုရပ်တန့်ပေး" ခေါင်းစဉ်ဖြင့် ပန်းချီပြိုင်ပွဲ ကိုဝင် ရောက် ယှဉ်ပြိုင်ခဲ့ပါတယ်။ MAP Foundation မှ အမျိုးသမီးများကို မြန်မာ့ရိုးရာအားကစားများ ဖြစ်သော ထုပ်ဆီးတိုးပြိုင်ပွဲ နှင့်လွန်ဆွဲပွဲများကို ထည့်သွင်းကျင်းပပေးခဲ့ကြပါတယ်။ အခမ်းသို့ GHRE မှဖွင့်လှစ်ထားသည့် ကျောင်းသား/သူများ၊ NGOs ၀န်ထမ်းများ၊ ဒေသခံထိုင်းလူမျိုးများ နှင့် မြန်မာရွှေ့ ပြောင်းအလုပ်သမားများ စုစုပေါင်း ၆၀၀ ကျော်ခန့်တက်ရောက်ဆင်နွှဲ ခဲ့ကြပါတယ်။ အခမ်းအနားကို မနက် ၁၀ နာရီမှာစတင်ပြီး ညနေ ၅ နာရီမှာအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပါတယ်။
"အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဆန့်ကျင်ရေးနေ့" ကို ထိုင်းနိုင်ငံတောင်ပိုင်း တွင် ဒုတိယအကြိမ်မြောက်ကျင်းပနိုင်ခဲ့ခြင်းဖြစ်သည်။

အောင်ကြည်မင်း


Seja o primeiro a comentar

Post a Comment

Powered By Blogger

ဒီလောက်အားပေးပြီးပြီ

Better Tomorrow © Layout By Hugo Meira.

TOP