Saturday, December 1, 2007

"တမ်းတမိတယ် မွေးရပ်မြေရယ်"

နှိုးစက်ခေါ်သံနဲ့ အတူအိပ်ယာထဖြင့်တယ်။ တံခါးဖွင့်ပြီးသပတ်ကို လှမ်းယူတော့အေးစက်စက် ဆောင်းလေဟာ နေရောင်ခြည်နဲ့အတူဆီးကြို နှတ်ဆက်တယ်။ လန်းဆန်းမှုကိုမပေးနိုင်တဲ့ ရာသီအကူး အပြောင်းတွေမှာထိုင်းမှိုင်းမှုတွေနဲ့ အတူအိမ်လွမ်းစိတ်ကိုဖြစ်ပေါ်လာစေတယ်။ အိမ်ပြန်မရောက်တာဆယ်စုနှစ် နီးပါးတောင်ရှိတော့မယ်။ အရာရာဟာ အသစ်သစ်တွေဆိုပေမယ့် အသစ်ဖြစ်ခွင့်တွေဟာ မွေးရပ်မြေမှာမှ မဟုတ်တာ။
စက်တင်ဘာတော်လှန်ရေး မတိုင်ခင်ကတည်းကမသွားဖြစ်တဲ့ ရာဘာတောထဲက စာသင်ကျောင်းလေးကို သွားဖြစ်တယ်။ လမ်းပိုင်းတစ်ချို့  ဟာမြန်မာပြည် လမ်းခရီးတွေနဲ့သိပ်ကိုတူတာ ကဗျာဆရာကြီးဦးတင်မိုးတို့ ၊စာ ရေးဆရာမ ဒေါ်မေငြိမ်းတို့မွေးရပ်မြေကိုလွမ်းလွန်းလို့ မျက်ရည်ဝေ့ခဲ့ရတဲ့ နေရာလေးတွေပေါ့။ ဒီနေ့တော့ ငေးရုံနဲ့ ဖြေသိမ့်ပေးနိုင်စွမ်းမရှိလို့ ကားပေါ်ကဆင်းပြီး ဓာတ်ပုံရိုက်တယ်။ အချိန်ဟာ မှောင်ရီပျိုးချိန်တောင် ရောက်နေပြီ။ ကျွဲ ၊နွားတွေကလည်း ဆော့လို့ အိပ်တန်းဝင်လို့ပေါ့။ ရာဘာပင်များကြားမှ စာသင်ကျောင်းကလေးနှင့် ကျောင်းသား၊သူလေးများ ရာဘာပင်များကြားထဲမှ စာကြည့်တိုက်လေး
ကျောင်းသား/သူ ၁၆ ဦးကို ကာလ၀မ်းရောဂါ အကြောင်းကျန်းမာရေးပညာပေးဆွေးနွေးဖြစ်တယ်။ ကျောင်းသားသုံးဦးကို Leptospirosis လို့သံသရဖြစ်ပြီးထိုင်းဆေးခန်းကို လွှဲထားခဲ့တယ်။ အောင်ကြည်မင်း(၃၀.၁၁.၂၀၀၇)

3 Comentários:

Layma said...

ကလေးတွေက မြန်မာကလေးတွေချည်းပဲလား...၊

Google Myanmar Services said...

ိတိုင်းရင်းသား ကလေးတွေဆို ပိုမှန်မှာပေါ့ အထင်ကိုပြောကြည့်တာပါ။ မွန်ခလေးနဲ့ ထားဝယ် ကလေးတွေရော မရှိကြဘူးလား ကို Better Tommorrow

Anonymous said...

ရာဘာတောထဲက ကျောင်းအကြောင်း သိချင်ပါတယ် ။ ကျမကို gyittu78@gmail.com ကို ဆက်သွယ်ပေးလို့ရမလား ။

Post a Comment

Powered By Blogger

ဒီလောက်အားပေးပြီးပြီ

Better Tomorrow © Layout By Hugo Meira.

TOP