"ကမ္ဘာ့အေအိုင်ဒီအက်ရောဂါတိုက်ဖျက်ရေးနေ့"
ထိုင်းနိုင်ငံတောင်ပိုင်း ခူရဘူရီမြို့နယ်၊ နန်ယွန်ဒေသတွင် "ကမ္ဘာ့အေအိုင်ဒီအက် ရောဂါတိုက်ဖျက်ရေးနေ့" အခမ်းအနားကို၂၆.၁၁.၂၀၀၇ရက်နေ့တွင်စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။ ထိုင်းနိုင်ငံတောင်ပိုင်း အတွင်းရှိရွှေ့ ပြောင်းမြန်မာ အလုပ်သမားများ၏ ကျန်းမာရေးကာကွယ် စောင့်ရှောက်မှု လုပ်ငန်းများကိုလုပ် ကိုင်လျှက်ရှိသော Grassroots - HRE, MSF - B, World Vision, IOM, MAP Foundation အခြား NGOs များအပြင် ထိုင်းအစိုးရ ကျန်းမာရေးဌာန၊ မြို့နယ်ရုံးအုပ်ချုပ်ရေး နှင့် ထိုင်းကျောင်းသား/သူ လေးများမှ ပူးပေါင်း ပါဝင်ခဲ့ကြသည်။ အခမ်းအနားသို့ လူအင်အား ၁၂၀၀ ကျော်တက်ရောက်ခဲ့ကြသည်။ အခမ်းအနားကို မနက် ၈ နာရီတွင် ချီတက်လမ်းလျှောက်ခြင်းဖြင့် စတင်ဖွင့်လှစ်ခဲ့သည်။ ခူရဘူရီ ဆေးရုံအုပ်ကြီးနှင့် မြို့နယ်မှုးတို့မှ မိတ်ခွန်းများပြောကြားခဲ့သည်။ အခမ်းအနားတွင် ပြဇတ်များဖြင့် သရုပ်ဖော် တင်ဆက်ပြသခြင်း၊ ဂိမ်းအစီအစဉ်ဖြင့် ကျန်းမာရေးမေးခွန်းများ မေးလျှက် လက်ဆောင် ပစ္ဓည်းများပေးခြင်း၊ နံရံကပ်ပိုစတာများ၊ လက်ကမ်းစာစောင်များ၊ ကွန်ဒုံးများပေးဝေခြင်းတို့ဖြင့် ကျန်းမာရေး အသိပညာဖြန့်ဝေပေး ခြင်းကို ထိရောက်အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ ကြသည်။ ၄င်းဒေသတွင် ရာသီအလိုက် ပင်လယ်ပြင် ငါးဖမ်း အလုပ်သမား ၆၀၀၀ မှ ၃၀၀၀ခန့်ထိနေထိုင်လျှက်ရှိသည်။

" GHRE ကျောင်းသားလေးများ ၏ တစ်ခန်းရပ်ပြဇတ် သရုပ်ဆောင်ဟန်"
"အသင်းအဖွဲ့ပေါင်းစုံတာဝန်ခံများစုစည်းမှု အမှတ်တရ"
"လက်ဖ၀ါး ကလေးတွေတန်းစီလို့"
အခမ်းအနားကို နေ့လည် ၁၂ နာရီခန့်တွင် အောင်မြင်စွာရုတ်သိမ်းခဲ့ကြသည်။ ယခင်နှစ်တွင်လည်း ထန်းလမု ပင်လယ်ပြင်ငါးဖမ်းလုပ်ငန်းဒေသတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အောင်ကြည်မင်း


" GHRE ကျောင်းသားလေးများ ၏ တစ်ခန်းရပ်ပြဇတ် သရုပ်ဆောင်ဟန်"
"အသင်းအဖွဲ့ပေါင်းစုံတာဝန်ခံများစုစည်းမှု အမှတ်တရ"
"လက်ဖ၀ါး ကလေးတွေတန်းစီလို့"အခမ်းအနားကို နေ့လည် ၁၂ နာရီခန့်တွင် အောင်မြင်စွာရုတ်သိမ်းခဲ့ကြသည်။ ယခင်နှစ်တွင်လည်း ထန်းလမု ပင်လယ်ပြင်ငါးဖမ်းလုပ်ငန်းဒေသတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အောင်ကြည်မင်း












Post a Comment