အိမ်ရှင်
ညီလေးရေ.....
မင်းအလာမှာ
တံခါးမခေါက် ပါဘူး
ဟထားတဲ့အတိုင်း ၀င်လာခဲ့တယ်........။
ညီလေးရေ.....
မင်းအပြန်မှာ
နှုတ်ဆက်မသွား ပါဘူး
ဟထားတဲ့အတိုင်း ပြန်ထွက်သွားခဲ့တယ်....။
ညီလေးရေ......
မင်းနဲ့ ငါ့ကြားမှာ
ဘာမှတ်တမ်းမှ မရှိတော့
မင်းဘယ်သူလည်းငါမသိပါဘူး။
ညီလေးရေ......
မင်းရဲ့အကြည့်က ရင်ကိုနင့်လျှက်
မင်းရဲ့အကြည့်က ရင်ကိုနှောင်ဖွဲ့စေတယ်။
ညီလေးရေ
မင်းအ၀င်အထွက်မှာ
တံခါးချပ်လေး
လေဟပ်လို့ လှုပ်ခါသွားတာ
မင်းသိမှ သိပါလေစ........။
မင်းအလာမှာ
တံခါးမခေါက် ပါဘူး
ဟထားတဲ့အတိုင်း ၀င်လာခဲ့တယ်........။
ညီလေးရေ.....
မင်းအပြန်မှာ
နှုတ်ဆက်မသွား ပါဘူး
ဟထားတဲ့အတိုင်း ပြန်ထွက်သွားခဲ့တယ်....။
ညီလေးရေ......
မင်းနဲ့ ငါ့ကြားမှာ
ဘာမှတ်တမ်းမှ မရှိတော့
မင်းဘယ်သူလည်းငါမသိပါဘူး။
ညီလေးရေ......
မင်းရဲ့အကြည့်က ရင်ကိုနင့်လျှက်
မင်းရဲ့အကြည့်က ရင်ကိုနှောင်ဖွဲ့စေတယ်။
ညီလေးရေ
မင်းအ၀င်အထွက်မှာ
တံခါးချပ်လေး
လေဟပ်လို့ လှုပ်ခါသွားတာ
မင်းသိမှ သိပါလေစ........။
အောင်ကြည်မင်း
5 Comentários:
ကျွန်တော် အမှန်တကယ် လေးစားမိပါသည်။
this is terrible... I wish I could read... ... as long as we do not loose hope and faith... we'll get there...
ဓါတ်ပုံနဲ့အတူ ဒီကဗျာလေး ရင်နင့်စွာ ခံစားသွားပါတယ် ။
ကဗျာလေး ခံစားသွားတယ်ဗျာ။ :-(
ကောင်းလိုက်တဲ့ကဗျာလေး..ကိုအောင်ကြည်မင်းကိုလေးစားတယ် နောက်လည်းများများရေးပြီးတင်ပေးဦးဗျာ..
Post a Comment