မြန်မာအလုပ်သမားများဘဝ




ပန်းရံဆိုက်တစ်ခုကို သွားတယ်။ လူ(5)ဦးလောက်ခြေထောက်မှာ ဘိလပ်မြေလောင်လို့ ဆေးသွားထည့် ပေးရ တယ်။ တစ်ချို့  စဖြစ်ကာစဆို ဆေးရုံကိုသွားသင့်တယ်။ အလုပ်သမားကဒ်နဲ့ ဆေးရုံအာမခံကဒ် မရှိလို့ မသွားရဲ ဘူး။ အလုပ်ရှင်တွေက မြန်မာအလုပ်သမားတွေဆို မတန်တဆခိုင်းတယ်၊ လုပ်အားခကြတော့ အပြည့်အ၀ မပေးခြင်ကြဘူး၊ မပေးကြဘူး။ အခုလိုမျိုးလုပ်ငန်းခွင်မှာ ထိခိုက်ဒဏ်ရာရပြန်တော့လည်းတာဝန် မယူကြဘူး။ ကြိုတင် ကာကွယ်ဖို့ အတွက်ကြတော့လည်း ပစ္စည်းကိရိယာအပြည့်အ၀မထောက်ပံ့ကြဘူး။ အခုခြေထောက်ကို ဘိလပ်မြေလောင်ရတာလည်း လည်ရှည်ဖိနပ်မစီးလို့ဖြစ်ရတာပါ။ သူဌေးကလည်းမပေးဘူး။ ကိုယ့်လူထု ကလည်း သူဌေးကလုပ်ဆိုရင် လုပ်တာပါပဲ အန္တရာယ်ရှိတယ်ဆိုတဲ့ အလုပ်ကိုလည်း မငြင်းဆန်ရဲကြပါဘူး။ ဒီလိုဖြစ်အောင် အုပ်ချုပ်သူ အစိုးရကလည်းလေ့ကျင့်ပေးထားသလိုပါပဲ။
တွေ့ရ ဖတ်ရတာ မျက်ရည်တောင် ၀ဲမိတယ်ဗျာ။ ဒါတွေကို ဘယ်လို ကာကွယ်လို့ ရနိုင်မလဲ၊ ကူညီလို့ ရနိုင်မလဲဆိုတာပဲ စဉ်းစားမိတယ်။ ကျုပ်အမြင်က ဒါမျိုး သတင်းတွေဟာ မြုတ်နေတယ်။ နောက် အများစုက မြန်မာသတင်း၊ မြန်မာ့အာဘော်ကို မြန်မာလိုပဲ ရေးကြတော့ အင်တာနက်မှာ english လိုရှာလိုက်ရင် ရှာလို့မရဘူး။ Media၊ Researchers တွေကလည်း Reference လုပ်လို့ မရတော့ဘူးပေါ့။ ဒါတွေကို ရက်စွဲတွေ နံမည်တွေရဲ့ မှတ်တမ်းရှိရင်တော့ စစ်တမ်ကောက်ယူလို့ ရမယ်တင်တယ်။ သင့်တော်မည့် အကြံများရှိရင်လည်း ပြောပြကြပေါ့။
ဆရာတို့
ငါတို့မြန်မာတွေဘယ်တော့မှဒီလိုအဖြစ်ဆိုးကနေလွတ်မှာလဲကွါ...
အကိုရေခက်တာကရေးတဲ့လူတွေကလည်းအလွယ်နည်းနဲ့မြန်မာလိုဘဲ့သုံးကြတာ
Post a Comment