ကလေးနဲ့သွေး
ပြီးခဲ့တဲ့ သောကြာ(၁၆ ရက်) နေ့ ည (၁၂ နာရီ) ကျော်လောက်မှာ ဖုန်းကော တစ်ကောဝင်လာတယ်။ ကလေး တစ်ယောက် သွေးအန်လို့တဲ့။ ပြင်စရာရှိတာ တွေပြင်ဆင်ပြီးခလေးနေတဲ့ပန်းရံကို ချက်ခြင်းဆို သလိုပဲ ထလိုက်သွားရတယ်။ ဟိုရောက် မြင်ကွင်းက သနားစရာ ကောင်းလှပါတယ်။ကလေးခင်ဗျာတော်တော်လေးပင်ပန်း နေပြီ။ ပန်းရံလုပ်သားတွေ ဖြစ်တဲ့ ကလေးလေး မိဘ ခင်ဗျာ ရောဂါကြီးမား လှတဲ့သား အတွက် ကုသမှုပေး ဖို့မတက်နိုင် ကြဘူး။
ဒီကလေးကို ပြီးခဲ့တဲ့ ၂၀၀၆ ဇွန်လှိုင် လလောက်ကတည်းက ကျန်းမာရေးဌာန ကကုသပေးနေတာပါ။ တ ကောပါဆေးရုံ မှတဆင့် စူရဌာနီ ဆေးရုံရောက်တဲ့ အထိကိုကလေးမှာ ဘာရောဂါဖြစ်နေတယ် ဆိုတာကို သေသေချာချာ ရောဂါသတ်မှတ်ချက်မပေးနိုင်သေးပါဘူး။ ပြီးခဲ့တဲ့အပတ်က စမ်းသပ်ကြည့်မိတော့ သရက် ရွက်နေရာဝမ်းဗိုက်ဟာ ပျော့နေတယ် (ဒါတောင် နံရိုးအောက်ကို ၁၀ စင်တီမီတာလောက်ထိ ရှိနေတုန်းပါ။) သက်သာ တယ်ထင်လို့ ၀မ်းသာနေတာ အခုလို ရုတ်တရက်ထဖြစ်တော့ မတက်နိုင်ပါဘူး တကောပါဆေးရုံကို ပဲပို့ပေးရ မှာပါပဲ။ တကောပါဆေးရုံကို ရောက်တော့ ထုံးစံအတိုင်း စတင်စွန်လွှတ်တော့တာပါ။ တကောပါဆေးရုံရောက်ရင်လူစင်စစ်ကနေ စွန်ဖြစ်ဖြစ်သွားတယ်။ ကော့နေအောင်ကိုခံစားရတော့တာပါပဲ။ ဆေးရုံဘတ် (ကျန်းမာရေးအာမခံကဒ်) ရှိလား။ ဆေးရုံတက်ပြီး ပိုက်ဆံမရှင်းလို့ ကတော့ ရဲတိုင်ပြီး ဖမ်းခိုင်းမယ် (တကယ်လည်း ဖမ်းခိုင်းတာ သက်သေရှိပါတယ်။) ဘယ်မှာ လည်းအရင်ကဆေးရုံမှတ်တမ်းအဟောင်းတွေ စုံနေတာပါ အားလုံးကိုရှုတ်လို့။ ည ၂ နာရီကျော်မှ ဆေးရုံကပြန်လာရတယ်။ မအိပ်ပဲမိုးလင်းတဲ့နေ့တစ်နေ့ ပါပဲ။ ဒီနေ့မှာ (၁၉ရက်နေ့) ခလေးသက်သာလာလို့ ဆေးရုံကဆင်းနိုင်ဖို့ သွားရောက်လုပ်ကိုင်ပေးရတာ နဲ့မနက်ပိုင်းတစ်ပိုင်း ကုန်သွားတယ်။ နေ့ခင်းပိုင်းမှာ ပညာသင်လေးတွေကို HIV/AIDS အကြောင်းဆွေးနွေး ပေးရတယ်။ ညနေပိုင်း မှာ ဆေးခန်း (ကောင်းစလင်းခန်း) ကိုသွားပြီး လူနာတွေနဲ့ စကားပြောဖြစ်တယ်။
Seja o primeiro a comentar
Post a Comment