Monday, November 26, 2007

အိမ်ရှင်

"အိမ်ရှင်"
ညီလေးရေ.....
မင်းအလာမှာ
တံခါးမခေါက် ပါဘူး
ဟထားတဲ့အတိုင်း ၀င်လာခဲ့တယ်........။

ညီလေးရေ.....
မင်းအပြန်မှာ
နှုတ်ဆက်မသွား ပါဘူး
ဟထားတဲ့အတိုင်း ပြန်ထွက်သွားခဲ့တယ်....။

ညီလေးရေ......
မင်းနဲ့ ငါ့ကြားမှာ
ဘာမှတ်တမ်းမှ မရှိတော့
မင်းဘယ်သူလည်းငါမသိပါဘူး။

ညီလေးရေ......
မင်းရဲ့အကြည့်က ရင်ကိုနင့်လျှက်
မင်းရဲ့အကြည့်က ရင်ကိုနှောင်ဖွဲ့စေတယ်။

ညီလေးရေ
မင်းအ၀င်အထွက်မှာ
တံခါးချပ်လေး
လေဟပ်လို့ လှုပ်ခါသွားတာ
မင်းသိမှ သိပါလေစ........။
အောင်ကြည်မင်း



Read more...

Friday, November 23, 2007

အလုပ်သမားကဒ် နဲ့ဆေးရုံကဒ်

ကျွန်တော်တို့လို အကြောင်းအမျိုးမျိုးကြောင့်၊ နည်းလမ်းပေါင်းစုံနဲ့ နယ်စပ်ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံကို ၀င်ရောက်လာသူများအတွက် အလုပ်သမားကဒ်(ပန်းရောင်)ရယ်၊ ဆေးကုသခွင့် အာမခံကဒ် (အပြာရောင်) ရယ်ရှိ ရပါတယ်။ ဒီနှစ်ကဒ်မရှိလို့ကတော့ ရဲ (ဒါမှမဟုတ်) နေမကောင်းဖြစ်လို့ဆေးရုံရောက်ရင် ပြဿနာ အကြီးအကျယ် (အကြီးအကျယ်) တတ်နိုင်ပါတယ်။


ဒီပန်းရောင်ကဒ်လေးမရှိလို့ ကတော့ရဲနဲ့တွေ့ရင် ရှယ်ပါခင်ဗျာ လုံခြုံရေးနဲ့ အိပ်ရမယ်။ နယ်စပ်ကို လမ်းစား ရိတ်မကုန်ပဲပြန်ရောက်ပါတယ်ခင်ဗျာ။ ဒါပေမယ့် ဘယ်သူမှလည်းမအိပ်ခြင်ဘူး၊ ဘယ်သူမှလည်း မပြန်ခြင်ကြ ဘူးခင်ဗျာ။ သဘောကောင်းတဲ့ ရဲ (ဒါမှမဟုတ်) ပိုက်ဆံရှာတဲ့ရဲနဲ့ တွေ့လို့ အငိုကောင်းရင် ကိုယ့်မှာလည်း ပိုက် ဆံဘတ်ငွေ ၅၀၀ မျိုး ၁၀၀၀ မျိုးပါသွားရင်အစဉ်ပြေတယ်ခင်ဗျာ။ ဒါကလည်းတစ်ခါ တစ်လေမှပါခင်ဗျာ.... ကံ ကလည်းအမြဲတမ်းမှ မကောင်းနိုင်ပဲခင်ဗျာ။ ပြေးဖို့တော့မစဉ်းစားနဲ့ ခင်ဗျာ ထိုင်းက ရဲတွေကလက်ဖြောင့်တယ် ခင်ဗျာ။ တခြားနယ်ကရဲတော့မသိဘူး။ ကျွန်တော်တို့အပိုင်ကရဲက ဖြောင့်မှ ဖြောင့်ပဲမယုံမရှိနဲ့ဟိုတလောကပဲ တစ်ယောက် ဆေးရုံရောက်သွားတယ်။
အလုပ်သမားကဒ်ရယ်၊ ဆေးရုံအာမခံကဒ်တွေကို ထိုင်းအစိုးရကနှစ်စဉ်၊ နှစ်တိုင်းမလုပ်ပေးပါဘူးခင်ဗျာ။
လုပ်ပေးတဲ့နှစ်ကြရင် ပန်းရောင်ကဒ်အတွက် (၃၉၀၀)ဘတ်နဲ့ အပြာရောင်ဘတ်အတွက် (၁၉၀၀)ဘတ် ပေါင်း(၅၈၀၀) ဘတ်ကုန်ကြပါတယ်ခင်ဗျာ၊ ပွဲစားခအပြီးနော်။ ကျွန်တော်သိရသလောက် ထိုင်းတစ်နိုင်ငံလုံးမှာ အသစ်မလုပ် ပေးတာ ( ၂ ) နှစ်ရှိပြီခင်ဗျာ။ ချွင်းချက် အနေနှင့် မနှစ်ကထိုင်းနိုင်ငံ တောင်ပိုင်း ပသနီ၊ ရာလား၊ ဟတ်ယိုင် ဘက်မှာတော့ လုပ်ပေးပါတယ်ခင်ဗျာ။ နောင်နှစ်တွေ အတွက်တော့ အသံပဲကြားပါသေးတယ် မသေချာသေး ပါဘူးခင်ဗျာ။ ကြုံတောင့်ကြုံခဲ အခွင့်အရေးပါခင်ဗျာ ကျွန်တော်တို့ ဖန်ငဒေသမှာရွှေ့ ပြောင်း အလုပ်သမား (တစ်သိန်း)နီးပါးမှာ အလုပ်သမားကဒ်လုပ်တာ ၃ သောင်း ကျော်ပဲရှိတယ်လို့သိရပါတယ် ခင်ဗျာ။ ဘာကြောင့် မလုပ်တာလည်းလို့ ဂရုဏာဒေါသောနဲ့ မေးလိုက်ရင် ဇာတ်လမ်း တွေအများကြီးရှိတယ် ခင်ဗျာ သူတို့အပူနဲ့သူတို့ကိုး။ ကြာကြာနေတော့လည်းကျွန်တော် မမေးဝံ့တော့ ပါဘူးတတ်နိုင်တာကိုပဲ အစွမ်းကုန် ကူညီပေးခဲ့ပါတယ်။




ဒီအပြာရောင်ကဒ်လေးကတော့ နေထိုင်မကောင်းဖြစ်တဲ့အခါ အသုံးဝင်ပါတယ်ခင်ဗျာ ဆေးရုံမှတ်တမ်း ဌာနမှာနာမည်စာရင်းယူရင်း ဒီကဒ်လေးပါပူးတွဲပေးလိုက်ရင် ဘယ်လောက်ကုန်ကုန် (၃၀ဘတ်) ပဲယူပါတယ်။ ဒီကဒ်လေးမပြနိုင်ရင်တော့ စာအုပ်သမားတွေအပါအ၀င် ကြသမျှအတိုင်းသာရှင်းပေတော့ ရွှေ့ ပြောင်းမြန်မာ အလုပ်သမားတွေအဖို့တော့ ခေါင်းမီးတောက်တဲ့အချိန်ပါပဲ။
အလုပ်သမားကဒ်၊ ဆေးရုံအာမခံကဒ်ရှိတဲ့မိဘနှစ်ပါးကမွေးလာတဲ့ သားသမီးတွေမှာ ကျန်းမာရေးကိစ္စမပူ ရပါဘူး။ ဆေးရုံမှာမွေးစာရင်းယူပြီးရင် မြို့ နယ်ရုံးကို အလုပ်သမားကဒ် တွေယူသွားပြီး လျှောက်ရင်ခလေး အတွက်ကျန်းမာရေးအာမကဒ်တွေထုတ်ပေးပါတယ်။ ဘာကဒ်မှမရှိတဲ့မိဘခလေးမွေးမယ်ဆိုရင် ကျွန်တော်တို့ ဒေသမှာ ဘတ်ငွေတစ်သောင်းနီးပါးကုန်ကြပါတယ်။ မွေးလာတဲ့ခလေးကြတော့ မွေးစာရင်း တစ်ခုတည်းကိုပဲ ဆေးရုံကရမှာပါ။ အဲဒါတောင်ခလေး၊ မိခင်ကျန်းမာနေတဲ့ အခြေအနေနော် နှစ်ယောက်စလုံးကမကျန်းမာဘူး ဆိုရင်ကုန်ကြစားရိတ်သိခြင်ရင်ကျွန်တော့်လှမ်းမေးအိပ်ခြင်ပြီ။

အောင်ကြည်မင်း



Read more...

Tuesday, November 20, 2007

"လက်အုပ်မိုးချီ တောင်းပန်သည်"

"စက်တင်ဘာရွှေဝါရောင်တော်လှန်ရေး" စတင်တော့မှ နိုင်ငံရေး အသိတွေ ပြန်လည်နိုးကြွလာခဲ့တယ်။ ဆန္ဒပြပွဲ အရှိန်တွေမြင့်တက်လာတော့ ရင်ထဲမှာဝမ်းသာ၊ ၀မ်းနည်း အလုပ်တွေအားလုံးရပ်ပြီး သတင်းတွေ နောက် တကောက်ကောက်လိုက်ရင်း နေ့ညတွေမှားခဲ့ရတယ်။
ဖြိုခွဲမှုတွေစတင်တော့ အံကိုကြိတ်၊ မျက်ရည်တွေကြခဲ့ရတယ်။ သတင်းတွေကို ကော်ပီလုပ်၊ ဓာတ်ပုံတွေကို ဆွဲချ ပြည်တွင်းမှာ ဘာတွေဖြစ်နေတယ်၊ အစိုးရဘယ်လောက်ထိရက်စက်နေတယ် ဆိုတာကိုပြည်ပရောက် အလုပ်သမားတွေကို ဖြန့်ဝေနေရုံနဲ့ တာဝန်ကျေပြီလို့ မယူဆနိုင်တော့ အသက်၊ သွေး၊ ချွေးတွေစတေးနေခဲ့ရပြီ မဟုတ်လား။ စစ်အစိုးရ၀င်ဆီးပြီး ပစ်ခတ်နှိပ်စက်နေတဲ့ ငွေကြာယံကျောင်းတိုက်၊ မိုးကောင်းကျောင်းတိုက် တွေဆိုတာ မိမိမှီခိုကြီးပြင်းလာခဲ့ ရတဲ့ ပတ်ဝန်းကျင်၊ မိမိကိုရင်ဝတ်တော့ မိုးကောင်းကျောင်းတိုက်မှာပါ။

အခုတော့သွေးတွေဟာ လမ်းမပေါ်တင်မက ဘုန်းကြီးကျောင်းဝန်းထဲမှာပါ စီးဆင်းနေခဲ့ရပါပြီ။ ရင်မှာနာကျည်းတယ်၊ ခံပြင်းတယ်၊ အံကိုကြိတ်၊ မျက်ရည်ကြရင်း အတိတ်ကို သတိရမိတယ်။ ကျွန်တော်ခလေး ဘ၀ ၁၉၈၈ ခုနှစ်ရဲ့ သြဂုတ်လ နေ့တစ်နေ့မှာ ရန်ကင်းစစ်ကြောင်းဟာ ဂွတ္တလစ်လမ်းအတိုင်း ဟာမစ်တစ် ကိုဖြတ်ပြီး ဆူးလေဘုရားလမ်းမပေါ်မှ စစ်ကြောင်းကြီးနဲ့ပေါင်းမိတယ်။ လူတန်းကြီးဟာရှေ့နောက်မျက်စိတဆုံး လူလှိုင်းလုံးလိုမြင်နေရတယ်။ ရွှေဂုံတိုင် ပန်းချီပန်းပု ကျောင်းရှေ့  နားကိုကျွန်တော်တို့ရောက်တော့ သေနတ် ပစ်သံတွေ စတင်ကြားရပါတော့တယ်။ ပြေးသူပြေး လဲသူလဲ နဲ့ အားလုံးဟာရုန်းရင်းဆန်ခတ် ဖြစ်သွားပါတယ်။ ပန်းချီပန်းပုကျောင်းဝင်းထဲကို ကျောင်းစိမ်းဝတ်စုံ၊ ယောဂီသပတ်နဲ့ ကျောင်းသူအစ်မ လေး၊ ငါးယောက်လောက် ၀င်ပြေးပါတယ်။ စစ်သားတွေဟာကျောင်းဝင်းထဲ ကပြေးထွက်လာပြီး၊ တံခါးကိုစောင့်ကန်ပြီးပိတ်လိုက်တဲ့ အတွက်ကျောင်းသူအစ်မ သုံးလေးယောက်လောက် လဲကြသွားပါတယ်။ ဗိုက်ကိုစစ်ဖိနပ်ဝတ်ခြေထောက်တွေ နဲ့ကန်တယ်၊ ခေါင်းကိုသေနတ်ဒင်နဲ့ ထုတော့သွေးတွေဖြာခနဲ ထွက်ပြီးလမ်းပေါ်စီးကြလာတယ်။ အရိုက်ခံရတဲ့ အမ တစ်ယောက်က ဆန့်ငင်ဆန့်ငင်နဲ့။ ကျွန်တော်ဆက်မကြည့်ဝံ့တော့ လမ်းမတစ်လျှောက်လည်း ဖိနပ်တွေ၊ လက်ကိုင်ပုဝါတွေ၊ သွေးကွက်တွေဟာမြင်မကောင်း အောင်ကြဲပြန့်နေတယ်။
ကျွန်တော်လမ်းဖြတ်ကူးပြီး ရွှေကျင်ကျောင်းတိုက်ထဲ ၀င်ပြေးတယ်၊ ကျွန်တော်ပြေးတဲ့လမ်းမှာ အုတ်ရေတွင်းတစ်ခုရှိတယ်။ ဘုန်းကြီးကျောင်းထဲရောက်တော့ ဦးဇင်းတစ်ပါးပြေးကြိုတယ်။ ပြီးတော့အိမ်သာ ထဲမှာ သော့ခတ်ထားခဲ့တယ်။ အိမ်သာထဲရောက်တော့ ဘ၀တူ ၈ဦးလောက်ရှိတာကို သိလိုက်ရတယ်။ ခဏလောက်အကြာမှာတော့ စစ်ဖိနပ်အသံတွေနဲ့အတူ ဒီမှာ လူရှိလားမေးသံတွေ၊ ဘုန်းကြီးကျောင်းအပေါ် တက်လာ သံတွေ ကြားနေရတယ်၊ ဒီအခန်းကိုဘာဖြစ်လို့ပိတ်ထားတာလည်း မေးတော့ အထဲကလူတွေရဲ့ အသက်ရှုသံတွေ ဟာရပ်ပြီးအားလုံးဟာတောင့်တောင့် ကြီးတွေဖြစ် ဖြစ်နေကြတယ်။ ဦးပဇင်းက အိမ်သာ အဟောင်းပါ ပျက်နေလို့ပိတ်ထားတာ လို့ပြောသံနှင့်အတူ ပြန်ဆင်းသွားသံတွေ ကြားနေတော့မှ အထဲက လူတွေရဲ့ အသက်ရှုသံတွေကို ပြန်ကြားရတော့တယ်။ အိမ်သာထဲမှာ အချိန်အကြာကြီး နေခဲ့ရတယ်၊ ညောင်း ရင်တယောက်တလဲ ထိုင်ရတယ်။ အပြင်မှာသေနတ်သံတွေတိတ်ပြီး စစ်ကားတွေပြန်ထွက် သွားတော့မှ အိမ်ကို ပြန်ပို့ပေးခဲ့တယ်။ ကျေးဇူးကြီးလှပါတယ်ဘုရား။
အရှင်ဘုရား ဘုရားတပည့်တော် မမေ့ပါဘုရား။ အခုအခါ အရှင်ဘုရားတို့ အလှည့်မှတပည့်တော်ဘာမှ မတတ်နိုင်၊ မလုပ်ပေးနိုင်တာကိုခွင့်လွှတ်တော် မူပါရန် လက်အုပ်မိုးချီလို့ တောင်းပန်ပါတယ်ဘုရား..... တောင်းပန်ပါတယ်ဘုရား.............။
ရေးဖြစ်ခဲ့တာ စက်တင်ဘာလကတည်းကပါ အခုမှတင်ဖြစ်တယ်။ အောင်ကြည်မင်း

Read more...

ကလေးနဲ့သွေး


ပြီးခဲ့တဲ့ သောကြာ(၁၆ ရက်) နေ့ ည (၁၂ နာရီ) ကျော်လောက်မှာ ဖုန်းကော တစ်ကောဝင်လာတယ်။ ကလေး တစ်ယောက် သွေးအန်လို့တဲ့။ ပြင်စရာရှိတာ တွေပြင်ဆင်ပြီးခလေးနေတဲ့ပန်းရံကို ချက်ခြင်းဆို သလိုပဲ ထလိုက်သွားရတယ်။ ဟိုရောက် မြင်ကွင်းက သနားစရာ ကောင်းလှပါတယ်။ကလေးခင်ဗျာတော်တော်လေးပင်ပန်း နေပြီ။ ပန်းရံလုပ်သားတွေ ဖြစ်တဲ့ ကလေးလေး မိဘ ခင်ဗျာ ရောဂါကြီးမား လှတဲ့သား အတွက် ကုသမှုပေး ဖို့မတက်နိုင် ကြဘူး။

ဒီကလေးကို ပြီးခဲ့တဲ့ ၂၀၀၆ ဇွန်လှိုင် လလောက်ကတည်းက ကျန်းမာရေးဌာန ကကုသပေးနေတာပါ။ တ ကောပါဆေးရုံ မှတဆင့် စူရဌာနီ ဆေးရုံရောက်တဲ့ အထိကိုကလေးမှာ ဘာရောဂါဖြစ်နေတယ် ဆိုတာကို သေသေချာချာ ရောဂါသတ်မှတ်ချက်မပေးနိုင်သေးပါဘူး။ ပြီးခဲ့တဲ့အပတ်က စမ်းသပ်ကြည့်မိတော့ သရက် ရွက်နေရာဝမ်းဗိုက်ဟာ ပျော့နေတယ် (ဒါတောင် နံရိုးအောက်ကို ၁၀ စင်တီမီတာလောက်ထိ ရှိနေတုန်းပါ။) သက်သာ တယ်ထင်လို့ ၀မ်းသာနေတာ အခုလို ရုတ်တရက်ထဖြစ်တော့ မတက်နိုင်ပါဘူး တကောပါဆေးရုံကို ပဲပို့ပေးရ မှာပါပဲ။ တကောပါဆေးရုံကို ရောက်တော့ ထုံးစံအတိုင်း စတင်စွန်လွှတ်တော့တာပါ။ တကောပါဆေးရုံရောက်ရင်လူစင်စစ်ကနေ စွန်ဖြစ်ဖြစ်သွားတယ်။ ကော့နေအောင်ကိုခံစားရတော့တာပါပဲ။ ဆေးရုံဘတ် (ကျန်းမာရေးအာမခံကဒ်) ရှိလား။ ဆေးရုံတက်ပြီး ပိုက်ဆံမရှင်းလို့ ကတော့ ရဲတိုင်ပြီး ဖမ်းခိုင်းမယ် (တကယ်လည်း ဖမ်းခိုင်းတာ သက်သေရှိပါတယ်။) ဘယ်မှာ လည်းအရင်ကဆေးရုံမှတ်တမ်းအဟောင်းတွေ စုံနေတာပါ အားလုံးကိုရှုတ်လို့။ ည ၂ နာရီကျော်မှ ဆေးရုံကပြန်လာရတယ်။ မအိပ်ပဲမိုးလင်းတဲ့နေ့တစ်နေ့ ပါပဲ။ ဒီနေ့မှာ (၁၉ရက်နေ့) ခလေးသက်သာလာလို့ ဆေးရုံကဆင်းနိုင်ဖို့ သွားရောက်လုပ်ကိုင်ပေးရတာ နဲ့မနက်ပိုင်းတစ်ပိုင်း ကုန်သွားတယ်။ နေ့ခင်းပိုင်းမှာ ပညာသင်လေးတွေကို HIV/AIDS အကြောင်းဆွေးနွေး ပေးရတယ်။ ညနေပိုင်း မှာ ဆေးခန်း (ကောင်းစလင်းခန်း) ကိုသွားပြီး လူနာတွေနဲ့ စကားပြောဖြစ်တယ်။

Read more...

HEALTH AND HUMAN RIGHTS

HEALTH AND HUMAN RIGHTS THE BURMESE REFUGEE EXPERIENCE

September 11,2007


The relationship between human rights and health is immediate, persistent and insistent. In the presence of poverty, health suffers. In the presence of a stable system for providing health care, lack of access to that system prevents cure and stifles prevention. Anguish accompanying loss of one’s family, alienation in another culture, removal of known support systems impairs the ability to withstand illness. Lack of documentation of one’s existence within a society creates a sense of isolation and abandonment that is productive of adverse emotional responses to stress. If one is unable to communicate with those providing health care, any potential positive effect of health care is blunted if not completely abolished. Epidemiologic studies over the past twenty years have firmly connected both income and social inequality with increased burden of disease, reduction of longevity, increased infant and population mortality rates. Absence of good sanitation and effective protection from environmental mediators (insects, changes in temperature, pollution) reduces the ability of families to optimally protect their children. Lack of adult education, especially for women, is perhaps the most important barrier to child health. All of these obstacles and challenges confront the many thousands of Burmese refugees who have come to Thailand in recent years.


We have been spending the last six weeks volunteering with Grassroots Human Rights Education and Development Committee (GHRE), a Burmese-initiated program in Phang Nga province serving Burmese refugees, many of whom are without work permits. Led by Htoo Chit, an experienced leader, GHRE provides a spectrum of programs and services meeting diverse needs of the Burmese people in the area, including programs to enhance migrants’ development, education, school and community health, mobile teaching services, empowerment of women, human rights education and advocacy. We are retired faculty members from the Department of Pediatrics (REG) of the School of Medicine and the Division of Community Health Nursing (MAG) of the College of Nursing of the University of New Mexico in the United States. We have been working to assist a remarkable staff in improving and expanding health programs for children and their families. We have visited Learning Centers and Nursery Schools, established by GHRE, in isolated communities, centered around fishing villages, rubber plantations, chicken farms and construction sites. We have participated in assessing health status of children in school settings. Based on our previous work focused on the relation between health and human rights, we have seen that relationship displayed in direct and meaningful ways within the Burmese communities.

A few examples will, hopefully, demonstrate the urgency of the plight of Burmese refugees. A 45 year old man was seen in a Temporary Shelter, maintained by GHRE for people who have lost their jobs or who have suffered a major family disaster, suffering from abdominal pain and fever. With findings suggesting a severe intra-abdominal process, he was taken by us to the regional hospital. On entry to the Emergency Room, a nurse insisted that he be taken back, and to return the following morning. On our insistence, he was admitted; however, he died four days later in the hospital. A young member of our staff was thought to be suffering from malaria. She was kept waiting for five hours before a blood test was drawn, making sure that only she remained to be seen, following provision of services to all waiting Thai people. Ultimately, the diagnosis of malaria was established. A 14 year old boy had a cleft lip and palate which had remained uncared for; an American tourist provided the financial support that was required in order for a surgical repair to be done. In the absence of such support, the boy would still be functioning with that significant functional and cosmetic defect. A six year old boy, seen on a rubber plantation, presented with an immense inguinal hernia which would have been surgically repaired in any developed country many years earlier. A five year old boy was seen with an extremely large spleen and anemia, awaiting evaluation for years for potentially correctable disease. A number of adults suffer from work-related injuries, unable to have them either evaluated or managed. The violations of human rights overtly accompanying the recent state of virtual martial law affecting migrants in six provinces within Thailand have expanded the potential direct relationship between compromised human rights and health. The above examples, which we have personally witnessed, are magnified and multiplied throughout the communities where Burmese refugees live and try to work.

Millions of Burmese people have been forced to flee their culture and their country because of the stultifying, devious and devastating consequences of the military regime that has plummeted a once shining society to its current abysmal state. The history of people living along the Thai/Burmese border is complex and long, reflecting, undoubtedly, different political processes even within a common religious experience. The adverse effect of nationalism submerges the Burmese refugee population who must try to find a viable place in the society of a neighboring nation. Sent away from their own land by political oppression or economic deprivation, Burmese people must try to find a way to re-establish their sense of cultural solidity and economic viability. GHRE represents an important and significant entity attempting to assist Burmese people in their quest. The primary importance of people having their human rights appreciated, validated and realized is summarized by the strident plea framed by GHRE: No human is illegal!

Robert Greenberg, M.D. & Maggie Greenberg. R.N., Ph.D. – Volunteer from American Jewish World Service (AJWS)

Robert & Maggie Greenberg are retired faculty members from the Department of Pediatrics (REG) of the School of Medicine and the Division of Community Health Nursing (MAG) of the College of Nursing of the University of New Mexico in the United States.

They have been with (GHRE) from July to August, 2007 volunteering to assist a remarkable staff in improving and expanding health programs for children and their families. They visited Learning Centers and Nursery Schools, established by GHRE, in isolated communities, centered around fishing villages, rubber plantations, chicken farms and construction sites. They have participated in assessing health status of children in school settings.


Read more...

လူ့အခွင့်အရေးနှင့် ကျန်းမာရေးပြဿနာများ

မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ တွေ့ကုံနေရသော လူ့အခွင့်အရေးနှင့် ကျန်းမာရေးပြဿနာများ

စက်တင်ဘာ ၁၁ရက် ၂၀၀၇။

လူ့အခွင့်အရေးပြဿနာနှင့် ကျန်းမာရေး ပြဿနာ တို့မှာခွဲမရအောင်အစဉ်ထာဝရ ဒွန်တွဲနေကြ၍ တခု ပေါ်တခုပြင်းထန်သောသက်ရောက်မှုရှိနေပါသည်။

လွန်စွာ ထိရောက် ကောင်းမွန်သော ကျန်းမာရေး စောင့်ရှောက်မှုစနစ် ရှိသည့်တိုင် အချို့ပြည်သူတို့ ကို ထိရောက်မှုမရှိနိုင်အောင် ဟန့်တားနှောက်ယှက်နေပါက ပြည်သူတရပ်လုံးကို ရောဂါမှ ကာကွယ် ရေး လုပ်ငန်းများ၊ ကုသရေး လုပ်ငန်းများကို ထိရောက်အောင် လုပ်ဆောင်နိုင်မည်မဟုတ်ပါ။

မိသားစုဝင်တဦးဦးနှင့် သေကွဲကွဲရခြင်း၊ ဇာတိရပ်ရွာ၊ ရိုးရာအသိုင်းအ၀ိုင်းမှ ဝေးကွာနေရခြင်း၊ ရရှိပြီး သား အထောက်အပံ့များ ရုပ်သိမ်းခံရခြင်း စသည့် လတ်တလော ပြဿနာများသည် ခံစားနေရသော ရောဂါဝေဒနာအား ခုခံနိုင်စွမ်းကို လျော့နည်း စေပါသည်။ မိမိတို့ နေထိုင်ရာ အရပ်ဒေသတွင် တရားဝင် မှတ်ပုံတင်ခွင့် မရခြင်းသည် ရွေ့ပြောင်း လုပ်သား အများစုကို အပယ်ခံဘ၀သို့ တွန်းပို့ပေး နေသကဲ့သို့ ခံစားရစေ၍ စိတ်ဓာတ်ကျဆင်းမှု ကဲ့သို့သော အနှုတ်လက္ခဏာ ဆောင်သော စိတ်ခံစားမှုကို ပေးစွမ်း နိုင်ပါသည်။

ကျန်းမာရေး စောင့်ရှောက်သူများနှင့် ဆက်သွယ်ရန် ခက်ခဲခြင်းသည် ထိရောက်သော စောင့်ရှောက်မှု ကို အပြီးအပိုင် မဖယ်ရှားပစ်နိုင်သည့်တိုင် ထိရောက်မှုကို အားနည်းစေနိုင်ပါသည်။ ကပ်ရောဂါနှင့် ပတ် သက်၍ အနှစ် (၂၀)ကြာ လေ့လာတွေ့ရှိချက်အရ ရောဂါဖြစ်ပွားမှုသည် ပြည်သူလူထုအတွင်း ၀င်ငွေ ကွာဟမှုနှင့်သော်လည်းကောင်း၊ လူမှုအဆင့်အတန်း ကွာဟမှုနှင့်သော်လည်းကောင်း တိုက်ရိုက် ဆက် စပ်နေပြီး၊ ဝေဒနာ ၀န်ထုပ်ကို ပိုမိုလေးလံစေပါသည်။ လူ့သက်တမ်းစေ့အောင် မနေရခြင်း၊ ကလေးသူ ငယ် သေဆုံးမှုနှုန်း မြင့်တက်လာခြင်း၊ ရေကောင်းရေသန့် မရရှိခြင်း၊ ခြင်၊ ယင်၊ ပိုးမွှား၊ အပူဒဏ်နှင့် လေထုညစ်ညမ်းမှု တိုးပွါးလာခြင်း တို့သည်လည်း မိဘများအနေဖြင့် မိမိသားသမီးများကို ကျန်းမာရေး စောင့်ရှောက်မှုပေးရာတွင် ပိုမိုခက်ခဲစေပါသည်။ အထူးသဖြင့် အမျိုးသမီးများအပါအ၀င် မိဘများစာပေ ဗဟုသုတခေါင်းပါးခြင်း၊ သက်ကြီးစာပေ သင်ယူမှုမရှိခြင်း တို့ကလည်း ကလေးသူငယ်များကို ကျန်းမာ ရေး စောင့်ရှောက်ရေးအတွက် ပိုမိုခက်ခဲစေပါသည်။ ထောင်သောင်းများစွာသော ထိုင်းနိုင်ငံရောက် မြန် မာနိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမားများသည် အထက်ဖော်ပြပါ အခက်အခဲများကို တစုတစည်းတည်း ရင်ဆိုင် ကြုံတွေနေကြရပါသည်။

ကျွန်ုပ်တို့ဇနီးမောင်နှံသည် မကြာသေးမီကပင် ရက်သတ္တပတ် ()ပတ်ကြာမျှ GHRE အဖွဲ့အတွက် လုပ် အားပေးခဲ့ပါသည်။ ၎င်းမှာ မြန်မာလူမျိုးများ ကိုယ်တိုင် ထူထောင်ထားသော လူမှုရေး စောင့်ရှောက်မှု အဖွဲ့ကြီးဖြစ်၍ ဖန်ငဒေသရှိ တရားဝင် အလုပ်လုပ်ခွင့် လက်မှတ် မရှိသူများ အများစု ပါဝင်သော ခိုလှုံ သူများကို လူမှုရေးအရ ကူညီစောင့်ရှောက်နေသော အဖွဲ့လည်းဖြစ်ပါသည်။

အဖွဲ့အစည်းကို အတွေ့အကြုံရှိ ခေါင်းဆောင် တဦးဖြစ်သူ ဦးထူးချစ်မှ ဦးဆောင်၍ အလုပ်သမားများ၏ လိုအပ်ချက် အထွေထွေကို ဖြည့်စွမ်းနိုင်မည့် စီမံကိန်း အမျိုးမျိုးကို အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါသည်။ ၎င်းတို့မှာ ရွှေ့ပြောင်းအလုပ်သမားများ ဖွံ့ဖြိုးတိုးတက်ရေး၊ ရွှေ့ပြောင်းကလေးသူငယ် များ ပညာရေး၊ လူထုကျန်းမာရေး ပညာပေးရေးနှင့် စောင့်ရှောက်မှုပေးရေး၊ Mobile စာသင်ကျောင်း များဖွင့်လှစ်ခြင်း၊ အမျိုးသမီးစွမ်းအားမြှင့်တင်ရေး၊လူ့အခွင့်အရေးပညာပေးနှင့် ဥပဒေရေးရာအထောက် အကူပြု လုပ်ငန်းများ ဖြစ်ကြပါသည်။

ကျွန်ုပ်တို့သည် အမေရိကန်ပြည်ထောင်စု နယူးမက္တဆီကို တက္ကသိုလ်ကြီး၏ သူနာပြုသိပ္ပံဌာနနှင့် REE ဆေးတက္ကသိုလ်၏ လူထုကျန်းမာရေးနှင့် သူနာပြုသိပ္ပံဌာန ကလေးရောဂါ အထူးကုဘာသာရပ်ဆိုင်ရာ အငြိမ်းစားပါမောက္ခများ ဖြစ်ကြပါသည်။ ကျွန်ုပ်တို့သည် GHRE ၏ အလွန်ဂုဏ်ယူထိုက်သော ကျန်းမာ ရေးဝန်ထမ်း တဦးအား ကူညီလုပ်ဆောင်ပေး ခဲ့ရပါသည်။ အဆိုပါ ၀န်ထမ်းမှာ ကလေးသူငယ်များနှင့် ၎င်းတို့ မိသားစုတို့၏ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို အင်အားမြှင့်တိုးချဲ့ ဆောင်ရွက်နေပါ သည်။ ကျွန်ုပ်တို့သည် ဝေးလံလှသော ကြက်မွေးမြူရေးခြံများ၊ တံငါရွာများနှင့် ရာဘာခြံ၊ ပန်းရံလုပ် ငန်းခွင်များတွင် ဖွင့်လှစ်ထားသော အဖွဲ့အစည်းပိုင် စာသင်ကျောင်းများ၊ နေ့ကလေးထိန်းကျောင်းများ သို့ သွားရောက် လေ့လာခွင့် ရခဲ့ပါသည်။

စာသင်ကျောင်းများရှိ ကလေးသူငယ်များ ကျန်းမာရေး စစ်ဆေးရာတွင်လည်း ကျွန်ုပ်တို့ ပါဝင်ကူညီ ပံ့ ပိုးခဲ့ပါသည်။ ကျန်းမာရေး ပြဿနာနှင့် လူ့အခွင့်အရေး ပြဿနာများ ဆက်နွယ်နေမှုကို ကျွန်ုပ်တို့ အ ချိန်အတန်ကြာ လေ့လာနေခဲ့ပြီးဖြစ်ရာ ယခု ရွှေ့ပြောင်း မြန်မာအလုပ်သမား များ၏ အခြေအနေသည် ကျွန်ုပ်တို့၏ တွေ့ရှိချက်များကို ပိုမိုခိုင်မာစေပါသည်။ ထိုတွေ့ရှိချက်အရ ယင်းပြဿနာနှစ်ခုမှာ တိုက် ရိုက် ဆက်နွယ်နေပြီး လေးနက်သော အဓိပ္ပါယ်များစွာ ရှိပါသည်။

ကျွန်ုပ်တို့ ကိုယ်တွေ့ကြုံခဲ့သည့် သာဓက အချို့ကို ကြည့်ပါက မြန်မာရွှေ့ပြောင်း အလုပ်သမားများ၏ ကံကြမ္မာသည် မည်မျှ အရေးတကြီး ကူညီဖြေရှင်း လုပ်ဆောင်ပေးရန် လိုအပ်နေကြောင်း သိသာ စေ နိုင်မည်ဟု မျှော်လင့် ပါသည်။

သာဓကတစ်ခုမှာ- GHRE ၏ အရေးပေါ်ဂေဟာ တခု၌ (၄၅)နှစ်အရွယ် အမျိုးသား တဦးသည် ၀မ်းဗိုက် တွင်းဝေဒနာကို အပြင်းအထန် နာကျင် ခံစားနေရပြီး၊ အဖျား (ကိုယ်အပူချိန်) တက်လျက်ရှိပါသည်။ အ ရေးပေါ်ဂေဟာ ဆိုသည်မှာ ထိုဒေသရှိ လတ်တလော အလုပ်အကိုင် မရှိသေးသူများ မိသားစုအခက်အ ခဲ အမျိုးမျိုးကြောင့် ဒုက္ခကြုံတွေ့နေ ရသူများကို ခေတ္တခိုလှုံခွင့် ပေးထားပြီး စားဝတ်နေရေး ပြဿနာ များကို ကူညီဖြေရှင်းပေးရာ ဌာနတခု ဖြစ်ပါသည်။

လူနာလက္ခဏာကို ကြည့်၍ လူနာသည် ၀မ်းဗိုက်အတွင်းပိုင်းတွင် ပြင်းထန်သော ရောဂါဝေဒနာရှိနေ ကြောင်း သိရှိနိုင်သဖြင့် ၎င်းကို နီးစပ်ရာ ထိုင်းဆေးရုံသို့ ကားဖြင့်ပို့ဆောင်ခဲ့ပါသည်။ အရေးပေါ်လူနာ ဆောင်သို့ ရောက်မဆိုက်ပင် တာဝန်ကျ သူနာပြုဆရာမမှ လူနာကို ချက်ချင်း ပြန်ခေါ်သွားရန်နှင့် နောက်နေ့မှ ပြန်ခေါ်လာပါရန် ဖိအားပေး ပြောဆိုလျက် ရှိပါသည်။ ကျွန်ုပ်တို့ကိုယ်တိုင် ကြားဝင်၍ အနူး အညွတ် တောင်းပန်သဖြင့် လူနာကို လက်ခံစစ်ဆေးကာ အတွင်းလူနာအဖြစ် လက်ခံခဲ့ပါသည်။ သို့ရာ တွင် ()ရက် အကြာတွင် လူနာသည် ဆေးရုံ၌ပင် ကွယ်လွန်သွားခဲ့ပါသည်။

မိမိတို့အဖွဲ့အစည်းမှ ၀န်ထမ်းငယ် တဦးမှာလည်း ငှက်ဖျားရောဂါကို အပြင်းအထန် ခံစားနေရသဖြင့် ထိုင်းဆေးရုံသို့ သွားရောက်ခဲ့ပါသည်။ စစ်ဆေးခံရန် ထိုင်စောင့်နေသော ထိုင်း အမျိုးသား လူနာမကုန် မချင်း သူမကို ခေါ်ယူစစ်ဆေးခြင်း မပြုခဲ့ပါ နောက်ဆုံးတွင် သွေးဖောက်စစ်ဆေး၍ ငှက်ဖျားပိုး တွေ့ရှိ ကြောင်း ပြောပြပါသည်။

(၁၄)နှစ်သား ယောက်ျားလေး တစ်ဦးသည်လည်း နှုတ်ခမ်းနှင့် အာခေါင်ကွဲ၍ မွေးဖွားလာသူ တဦးဖြစ် ပါသည်။ ၎င်းအားခွဲစိတ်ကုသရေး ကုန်ကျစရိတ်ကို ထောက်ပံ့ လှူဒါန်းခဲ့သော အမေရိကန်ခရီးသွား ဦးသာ ရောက်မလာပါက ထိုသူငယ်မှာ မည်မျှကြာကြာ ထိုအဖြစ်ဆိုးနှင့် ဆက်လက် ရှင်သန် နေရဦး မည် မသိပါ။

ရာဘာခြံအလုပ်သမားတစ်ဦး၏ ()နှစ်အရွယ် ကလေးသူငယ်တစ်ဦးမှာ အူကျရောဂါကြောင့် လွန်စွာ နေထိုင်ရ ခက်နေသည်ကို တွေရပါသည်။ တိုးတက် သောနိုင်ငံများတွင် ဖြစ်ပါက ၎င်းရောဂါကို နှစ် ပေါင်းများစွာစော၍ ကုသ ပျောက်ကင်းနှင့်ပြီး ဖြစ်နေပါလိမ့်မည်။

()နှစ်သားယောက်ျားလေးတစ်ဦးမှာလည်း သရက်ရွက်(ဘေလုံး)ရောင်ယမ်း ခြင်းနှင့် သွေးအားနည်း ရောဂါကို အပြင်းအထန်ခံစားနေရပါသည်။ အလွယ်တကူ ကုသ၍ရပါလျက် ယခုချိန်ထိ ရောဂါစစ်ဆေး ချက်အဖြေကို စောင့်ဆိုင်းနေရဆဲဖြစ်ပါသည်။ အရွယ်ရောက်ပြီးသူများမှာ လုပ်ငန်းခွင်တွင် ထိခိုက်ဒဏ် ရာ ရ၍သော် လည်းကောင်း၊ လုပ်ငန်းခွင် မသန့်ရှင်းမလုံခြုံ၍ သော်လည်းကောင်း ရရှိခဲ့သည့် ဝေဒနာ များကို ကုလည်းမကုနိုင်၊ ထိန်းချုပ်ကာကွယ်မှုလည်း မပြုနိုင်ဘဲ ရှိနေပါသည်။

ထိုင်းနိုင်ငံတောင်ပိုင်း()ခရိုင်အတွင်း ရွှေ့ပြောင်း အလုပ်သမားများအပေါ် မတရားကန့်သတ် ချုပ်ခြယ် ထားသည့် မာရှယ်လောဆန်ဆန် ဥပဒေသစ် များကြောင့် နဂိုက ကြိုးစား ညှိနှိုင်း ထိန်းချုပ် ထားရသည့် လူ့အခွင့်အရေး ချိုးဖောက်မှုနှင့် ကျန်းမာ ရေးပြဿနာများ ပိုမိုထင်းရှားလာပါသည်။ ၎င်းတို့၏ အပြန် အလှန် ဆက်နွယ်မှု တန်ပြန် သက်ရောက်မှု များမှာလည်း ပိုမိုအားကောင်း လာပါသည်။

ကျွန်ုပ်တို့ မျက်ဝါးထင်ထင် တွေ့ခဲ့ရသော အထက်ပါ အဖြစ်ဆိုးများကို ထိုင်းနိုင်ငံ တနှံတလျားတွင် ၀င် ရောက်နေထိုင် လုပ်ကိုင်စားသောက် နေကြသော ထောင်သောင်းများစွာသော မြန်မာအလုပ်သမားများ မှာ နေ့တဓူဝ ခံစားနေကြ ရပါသည်။

တချိန်က လျှမ်းလျှမ်းတောက် တိုးတက်ထင်ပေါ်ကျော်ကြားသော မြန်မာနိုင်ငံကြီးကို ယခုလက်ရှိအခြေ အနေထိ စုပ်ပြတ်သွားအောင် စွမ်းဆောင်နိုင်ခဲ့သော မြန်မာ စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ် လူမဆန် သော ဖိနှိပ်ရက်စက်မှုများမှ လွတ်အောင် ပြေးလာရသော သန်းပေါင်းများစွာသော မြန်မာလူမျိုးများ သည် မိမိတို့၏ ဒေသ အိုးအိမ်၊ ဓလေ့ထုံးတမ်း၊ ဘာသာ၊ သာသနာ၊ ယဉ်ကျေးမှု တို့ကို စွန့်လွှတ်၍ တိုင်းတပါးတွင် ခိုလှုံနေကြရပါသည်။ ထိုင်းမြန်မာနယ်စပ်တစ်လျှောက် ခိုလှုံလာသော မြန်မာလူမျိုးများ ၏ သမိုင်းကြောင်းမှာ ရှုပ်ထွေးရှည်လျားလှပါသည်။ ဘာသာ ယုံကြည်ကိုးကွယ်မှု တမျိုးတည်းဖြစ် သည့်တိုင် မတူညီသော နိုင်ငံရေး အယူအဆနှင့် လုပ်ဟန်များကြောင့် ပဋိပက္ခသက်တမ်း ရှည်လျားလှ ပါသည်။

ဘေးကင်းရာ အိမ်နီးနားချင်းနိုင်ငံများသို့ ထွက်ပြေးခိုလှုံ နေကြရသော မြန်မာ ဒုက္ခသည်များအကြား အစွန်းရောက် အမျိုးသားရေးဝါဒ၏ လောင်းရိပ်များ ကပ်ငြိနေဆဲလည်း ဖြစ်ပါသည်။ ၎င်းတို့သည် နိုင်ငံ ရေးအရ ဖိနှိပ်မှု၊ စီးပွားရေးအရ နိမ့်ကျမှုတို့မှ ဝေးရာသို့ ထွက်ပြေးတိမ်းရှောင် လာကြသော မြန်မာတို့ သည် ရောက်ရာ အရပ်တွင်လည်း ရိုးရာအစဉ်အလာ ထိန်းသိမ်းရေး၊ ရှင်သန်နေထိုင်ရေး တို့အတွက် ဆက်လက် လုံးပန်း လှုပ်ရှားရုန်းကန် နေကြရဦးမည် ဖြစ်ပါသည်။

ထိုသို့ လှုပ်ရှားရုန်းကန်နေကြသော အဝေးရောက် မြန်မာများအတွက် အထောက်အပံ့ပေးရန် ကြိုးစား နေသော အဖွဲ့အစည်းများ၏ ပြရုဂ်တစ်ခုမှာ GHRE ပင် ဖြစ်ပါတော့သည်။

မွေးရာပါ အခွင့်အရေး အလုံးစုံရရှိရေး၊ ၎င်းအခွင့် အရေးများ အသိအမှတ်ပြု ခံရရေးနှင့် အပြည့်အ၀ ခံစားရရေးတို့သည် လူသားအားလုံး အတွက် မည်မျှအရေးပါကြောင်းကို လောကတွင် တရားမ၀င် သော လူပုဂ္ဂိုလ်တစ်ဦးမျှ မရှိပါ။’’ ဟူသော GHRE ၏ ပြင်းပြလှသော ဆောင်ပုဒ် (သို့မဟုတ်) ဆန္ဒ ဖြင့် အနှစ်ချုပ် ဖေါ်ပြ လိုပါတော့သည်။ (No Human is illegal)

Margaret A. Greenberg, R.N., Ph. D Robert E. Greenberg, M.D

(စကားချပ်)

ကျွန်တော်လက်ရှိ တာဝန်ယူ လုပ်ဆောင်နေရသောကျန်းမာရေး ဌာနလေးသို့ လွန်ခဲ့တဲ့ ဂျူလိုင်လနဲ့

သြ ဂုတ်လ တွေမှာ အမေရိကန်နိုင်ငံ မှ ဒေါက်တာနှစ်ဦးလာရောက် အကူအညီပေးခဲ့ပါတယ်။ သူတို့နှစ်ဦးထံမှ

ပညာတစ်ချို့ ကိုလေ့လာစည်းပူး ခွင့်ရခဲ့ပါတယ်။ သူတို့ကိုကျွန်တော်တို့ မြန်မာလုပ်သားတွေ တွေ့ကြုံခံစား

နေရတာတွေကို တွေ့ကြုံခွင့်ရ အောင် ကျွန်တော်ကြိုးစားခဲ့ပါတယ်။ သူတို့ကြုံတွေ့ခံစားခဲ့ရ မှုကိုအထက်ပါ

အတိုင်းရေးသားထားခဲ့ပါတယ်။

တနည်းအားဖြင့် ကျွန်တော်တို့ မြန်မာအလုပ်သမားတွေ အပေါ် Blogger ညီ၊ အစ်ကို၊ မောင်နှမများ ပိုမိုသိရှိစေရန်ရည်ရွယ် ပါတယ်။


Read more...

Sunday, November 18, 2007

နေ့စဉ်မှတ်တမ်း

မနက်ပိုင်း (၈)နာရီဝန်းကျင်မှာ ရုံးကို ကျောင်းသား မိဘနှစ်ဦး ရောက်လာတယ်။ နှလုံးရောဂါရှိတဲ့ ကျောင်းသား တစ်ဦးရဲ့မိဘ တွေဖြစ်နေတယ်။ ခလေးရဲ့ ကျန်းမာရေး အခြေ အနေ၊ မိမိတို့ ကျန်းမာရေးဌာနရဲ့ လုပ်ဆောင်ထား ပေးတဲ့ အခြေအနေ ကုန်ကြ စားရိတ်တွေကို ဆွေးနွေးဖြစ်တယ်။

မွေးရာပါနှလုံးရောဂါဖြစ်တဲ့အတွက် ဖန်ငခရိုင်မှာ ရှိတဲ့ ဆေးရုံတွေမှာ ကုသမှုမပေးနိုင်ပါဘူး။ ဗန်ကောက်ကို တက်ပြီး ခွဲစိတ်ကုသမှုခံ ယူရမယ်။ အကြမ်းမျဉ်းတွက် ချက်ပေးထား တာက ခွဲစိတ်ကုသ စားရိတ်က (၆၀၀၀၀) ဘတ်၊ အနာကြက် ဖို့ အချိန်အတွက် (၂၀၀၀၀)ဘတ် အားလုံး စုစုပေါင်း (၈၀၀၀၀) ဘတ်လောက်ကုန်မယ် ဒါတောင်မှ ခရီးစား ရိတ်နဲ့ လူနာစောင့်စားရိတ်စားက တွေမပါသေးဘူး၊ တစ်သိန်းအထက်မှာ ကုန်ကြစားရိတ်ရှိတယ်။ ဒီလို သေသေချာချာ တွက်ပြတော့လည်း မိဘတွေမျက်နှာ မကောင်းရွှေ့ ပြောင်းအလုပ်သမား တစ်ဦးအနေနဲ့ မဖြစ်နိုင်တဲ့ အခြေအနေပါ။ ကျွန်တော် တို့ကျန်းမာရေးအဖွဲ့အနေနဲ့ အခြား NGOs တွေနဲ့ ပေါင်းပြီးဆောင်ရွက်နိုင်အောင် ကြိုးစားနေကြောင်းပါ အားပေးစကားပြောထားရတယ်။
ကျွန်တော်တို့ ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်း (၅)ကျောင်းနဲ့ မူကြို ကျောင်း (၂) ကျောင်းမှာ ကျောင်းသူ/ သား (၅၀၀)နီးပါးရှိပါတယ်။ ကုန်ကြစားရိတ်ကြီးမားမဲ့ ရောဂါသည်လေးတွေ (၁၀)ဦးအထက်မှာ ရှိပါတယ်။
ကျောင်းသားမိဘနဲ့တွေ့ဆုံအပြီးမှာ ခူရဘူရီ စာသင်ကျောင်းကို ကျန်းမာရေးပညာပေး အကဲဖြတ်မေးခွန်း တွေမေးဖို့ သွားခဲ့တယ်။ ကျောင်းသား/သူ ၃၄ ဦးဝင်ရောက်ဖြေဆိုတယ်။ သွားနှင့် ခံတွင်းကျန်းမာရေး အကြောင်း ကိုမေးခဲ့တယ်။
ပြုံးအလှပိုင်ရှင်ဖို့ထက် သွားဖုံးအလှပိုင်ရှင် မဖြစ်ဖို့ ပညာပေးလုပ်ငန်းတွေ အသေအလည်း လုပ်နေရတယ်။ ကျန်းမာရေး မှတ်တမ်းလုပ်တာ ၃၀၀ ဦး လောက်အပြီးမှာ ၂၀၀ ဦးလောက်က သွါးလေးချောင်းအထက်မ ကောင်း ၇၅ ရာခိုင်နှုန်းပါ။ စိတ်ဓါတ်တွေပါ ကြတယ်။ သြော်.......အနာဂတ်ရဲ့ မျိုးဆက်သစ်တွေ.......။
အပြန်မှာ ခလေးတစ်ယောက်စာသင်ခန်း ထဲရောက်ဖို့ မိဘတွေနဲ့သွားဆွေးနွေးရတယ်။ အစဉ်မပြေခဲ့ပါဘူး။
(8.11.20)





Read more...

Saturday, November 17, 2007

Mobile Posting နောက်တနည်း

ဒီတခါ တော့ Technolog ဘက် ခဏပြောင်းမယ်
Moblie Phone နဲ့ Post နည်းနောက် တနည်း က လည်း
ကိုသူရိန်စိုး (Lit_Tiger) ကပဲ သင်ပေး သွားတာဖြစ်ပါတယ်...
ဒီနည်းက ပိုပြီးလုံခြုံ စိတ်ချရတယ်လို့ ပြောသွားပါတယ်....

Mobile Phone နဲ့ Post မယ်ဆို ရင်တော့ .. Mobile Phone မှာ ..
Email Setting အရင် လုပ် ရ ပါတယ်..
ရိုးရိုး Email နဲ့ ဆို ရင် တော့ go@blogger.com ကို Mail တစ်ဆောင် လှမ်းပို့ လိုက် ရုံပါပဲ...
Mail ပို့ပြီး ခဏကြာတဲ့အခါ Postgateway ဆိုတဲ့ ပေးတဆောင်ရောက်လာပါလိမ့်မယ်...
အဲဒီမှာ
Welcome! something.blogspot.com is your blog. Claim it at go.blogger.com with code: *SOMETHING*
ဆိုပြီပါပါတယ်.... go.blogger.com ကိုသွားလိုက်ပါ....

Claim Token နေရာမှာ.. စောစော က သူပေးတဲ့ Code ကို ရိုက်ထည့်ပါ...
ပြီးရင် Verify Your Registration မှာ သူပေးတဲ့ ပုံ စာ သားလေးကို ပြန်ရိုက်ထည့်ပေးပါ....

ပြီးလျှင် သင့် GMail Accout Username နဲ့ Password ရိုက်ထည့်ပေးလိုက်ပါ....
ပြီလျှင် Switch to ဆိုပြီး သင့် Blog ကို ပြပါလိမ့်မယ်.. သင့်ရဲ Blog ကို ရွေးပြီး... Continue သို့နဲ့ဆက်သွားပါ...
ဒါဆိုပြီးပါပြီ...
နောက် တခါ Post ချင်လျှင် ... သင် စော စော က သုံးတဲ့ Email နဲ့ go@blogger.com ကို ပေးပို့လိုက်တာနဲ့
သင့် Blog ကို တခါတည်းရောက်သွားမှာပါ..... တခြားသူများလည်း..... သင့် Blog ကို Mail နဲ့ Post လို့မရပါဘူး....
သင့် Mail မဟုတ်လျှင် သင့် Blog ကို မရောက်ပါဘူး ခင်ဗျာ.. ကျေးဇူးအထူးတင်ရှိပါတယ်..

Read more...

Sunday, November 11, 2007

ထိုင်းနိုင်ငံရောက်ရွှေပြောင်းမြန်မာအလုပ်သမားများဘဝ


ကျွန်တော်ရောက်နေတဲ့ ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖန်ငခရိုင်မှာ အလုပ်သမား (၁) သိန်းကျော်ရှိပါတယ်။ အလုပ်သမားကဒ်တရားဝင်ကိုင် ဆောင်ထားတာက (၃) သောင်းကျော်လောက်ပဲရှိပါတယ်။ ၀င်ရောက် လုပ်ကိုင်နေတဲ့ လုပ်ငန်းတွေကတော့ ရာဘာခြံ၊ ပန်းရံ၊ ငါးဖမ်းလုပ်ငန်းနဲ့ အနည်း စုကတော့ စားသောက်ဆိုင်၊ စတိုးဆိုင်တွေမှာ ၀င်ရောက်လုပ် ကိုင်နေကြပါတယ်။

ရာဘာခြံ လုပ်သားတွေ နေ့စဉ်လုပ်ငန်း ဆောင်တာတွေကတော့ အပင်ပိုင်ဆိုင်မှုပေါ် မူတည်ပါတယ်။ များသောအားဖြင့် (၁၁)နာရီ ၀န်းကျင်လောက်မှာ စပြီးရာဘာစည်းခြစ်ကြပါတယ်။ မနက်ပိုင်း (၄)နာရီ ၀န်းကျင် လောက်မှာ ရရှိလာတဲ့အစည်းတွေကို ပြန်သိမ်းရပါတယ်။ ဒေသအခေါ် အစည်းရုတ်တယ် လို့ခေါ်ပါတယ်။ တစ်ချို့ ရာဘာခြံတွေက အစည်းသက်သက် ကိုပဲရောင်းတဲ့အတွက် မနက်ပိုင်း (၉)နာရီဝန်းကျင်လောက်မှာ လုပ်ငန်းသိမ်းပါတယ်။ တစ်ချို့  ရာဘာခြံတွေကတော့ ရာဘာပြားလုပ်ပြီး ရောင်းတဲ့အတွက် ရာဘာပြားဖြစ်ဖို့ အတွက်အလုပ် ဆက် လုပ်ရပါတယ်။ နေ့လည် (၁၁) နာရီ ၀န်းကျင်လောက်မှ အလုပ်သိမ်းပါတယ်။ ဒါဟာ ရာဘာခြံလုပ်သားတွေ ရဲ့နေ့စဉ်လုပ်ငန်းစဉ်ပါ။ အဓိက ညပိုင်းမှာလုပ်ရတဲ့လုပ်ငန်းပါ။ လုပ်အားခလည်း ကောင်းကောင်းရတာနှင့် အမျှ အန္တရာယ်လည်း များပါတယ်။
ပြီးခဲ့တဲ့ 5.11.07 မနက်ပိုင်းမှာ ရာဘာလုပ်ငန်းခွင်ကို ထိုင်းလူမျိုးနှစ်ဦး ရောက်လာတယ်။ ယောက်ျားလုပ်သူကို သေနတ်နဲ့ပစ်သတ်ပြီးတော့ မိန်းမဖြစ်သူကို မုဒိန်းကျင့်မှုတစ်ခုဖြစ်ပွါးခဲ့ပါတယ်။ ကြားရခြင်းခြင်းပဲ ဥပဒေရေးရာကို တာဝန်ယူလုပ်ကိုင်ပေးနေတဲ့ အဖွဲ့တစ်ဖွဲ့ လိုက်သွားတယ်။ မြန်မာလူမျိုးတွေ ရဲ့ ထုံးစံအတိုင်းပေါ့ ပြီးသွားခဲ့ပါပြီ၊ ၀ဋ်ကြွေးရှိလည်းကြေပါစေပေါ့၊ သေတဲ့လူလည်း ပြန်ရှင်လာမှာမှမဟုတ်တာ၊ နင်လည်းတစ်ရှက်ကနှစ်ရှက် ဖြစ်မယ်။ ရက်လည်ပြီးရင်မြန်မာပြည်ကိုပြန်တော့ပေါ့ ကာယကံရှင် ကိုဝိုင်းဝန်း နှစ်သိမ့်ထားကြတယ်။
ဒီနေ့ဟာသေဆုံးသူရဲ့ ရက်လည်ဆွမ်းသွပ်တဲ့နေ့ပေါ့ တနည်းအားဖြင့် မင်းဟာအခင်းဖြစ်တဲ့နေ့မှာပဲ သေဆုံးသွားပါပြီ။ ဒီတော့ငါတို့ပေးဝေတဲ့အမျှ အတမ်းကိုသာဓု ၃ကြိမ်ခေါ်ဆိုပါ။ ပြီးရင်တော့ လွတ်ရာကျွတ်ရာ ကိုသွားတော့ပေါ့။
ဒီလိုအဖြစ် ဒီလိုခံစားမှု မျိုးတွေဟာ ကျွန်တော်တို့ရွှေ့ ပြောင်းအလုပ်သမားတွေမှာခံစားလာခဲ့ရတာ မနည်း တော့ပါဘူး။ (အကြောင်းအမျိုးမျိုး ကြောင့် သတင်းအချက်အလက်တွေကို လျှို့ ဝှက်ထားရပါတယ်။)



Read more...

Thursday, November 8, 2007

နေ့စဉ်မှတ်တမ်း


(06.11.2007)
မနက်ပိုင်း စောစောမှာ နာမည်အော်ခေါ်သံကြားလို့ လန့်နိုးသွားတယ်။ ဘုန်းကြီးကျောင်းဝင်း ထဲက ပန်းရံ ဆိုက်တစ်ခုမှာ လူတစ်ယောက် ၀မ်းတွေလျှောနေလို့ ကြည့်ပေးဖို့အကူအညီလာတောင်းတယ်။ သေသေ ချာချာမေးကြည့်တော့ မနေ့ကညနေပိုင်းထဲက စပြီးဝမ်းသွားနေကြောင်းသိရတယ်။ လူနာနေတဲ့ နေရာရောက်
တော့ ရေဓာတ်ခန်းခြောက်မှုက ဆေးရုံပို့ဖို့ ညွှန်ပြနေတယ်။

ရုံးအုပ်ချုပ်ရေးအဖွဲ့ကို ဖုန်းဆက်ပြီး ကားအကူအညီတောင်းရတယ်။ ခေါင်းထဲမှာတစ်ခုသတိရလာတယ်။ ပြီးခဲ့တဲ့လက ခူရဘူရီ နဲ့ ထမ်းလမုမှာ ကာလ၀မ်းရောဂါဖြစ်လို့ တကောပါဆေးရုံမှာ မြန်မာအလုပ်သမား နှစ်ဦးသေဆုံးပြီး၊ ငါးဦး ဆေးရုံတက်ကုသမှုခံ ယူရတာ ဒါဆိုရင် အခုလူနာကော ဖြစ်နိုင်မလား။ လက္ခဏာတွေ ပြန်စစ်ဆေးကြည့် တော့လူနာကသတိလစ်နေပြီ ဘေးမှမိသားစုကဘာမှ မေးမရ မတတ်နိုင်၊ ဆေးရုံကို အမြန် ရောက်ဖို့သာ စီစဉ်ရတော့တယ်။ ဆေးရုံရောက်တော့ ထိုင်းသူနာပြုဆရာမများမှ မြန်မာအလုပ်သမားများကို ကျန်းမာရေးပညာပေးရန် လိုအပ်ကြောင်းပြောလာတယ်။
ဆေးရုံတင်နိုင်ရန် အတွက်ဆေးရုံအာမခံကဒ်တောင်းတော့မှ မြန်မာနိုင်ငံမှ ထွက်လာတာ (၁၀)ခန့်သာရှိ သေးကြောင်းသိရတယ်။ အလုပ်တောင်ကောင်းကောင်း မလုပ်ရသေးဘူး။ ဆေးရုံတင်နိုင်ရေးနဲ့ ကုန်ကြစားရိတ် သက်သာ ရေးတို့အတွက် နယ်စည်းမထားဆရာဝန်များအဖွဲ့ မှဆေးရုံတာဝန်ခံကိုတောင်းပန်ပေးထားခဲ့ရတယ်။ မနက်ပိုင်း တစ်ပိုင်းလုံး ကတော့ ဆေးရုံမှာ အချိန်ကုန်တယ်။
ညနေပိုင်းမှာ အစ်ကိုတစ်ယောက်နဲ့ အချိန်ယူပြီး စကားပြောဖြစ်တယ်။ စကားပြောရတာမ၀တာလား။ ခံစားချက်တွေ အရမ်းများနေလို့လားတော့မသိဘူး ဒီလိုဖွင့်အံ့တယ်။
"မိုက်တွင်းနက်လူသားနဲ့ HIV"
လူရာမ၀င်တဲ့ အပုတ်ကောင်ဘဝ
ရုပ်ဆောင်နေရတာ ပင်ပန်းလှပြီ
လူတွေရဲ့ အကြည့်တွေက ဆူးရှ
ဆက်ဆံမှုတွေက တမျိုးပြောင်း
မတူမတန်သလို ဝေဖန်ကြ
အပြောအဆို ညစ်ငြမ်းမှုတွေကြားမှာ
လူဖြစ်နေပါလျှက်နဲ့ လူဖြစ်ရှုံး
အသက်ဆက်ရှင်နေလဲ လူရာမ၀င်တဲ့ HIV ဘဝ
ဘယ်မှာပျော်ရွှင်မှုရ နိုင်မလဲ.......။
အသွေးအသားတွေကို သူဖျက်ဆီး
ခုခံအားတွေကို သူဝါးမျို ပတ်ဝန်းကျင်ကို
မြူစွယ်အဖေါ်ပြု ဘ၀ရဲ့ပျော်ရွှင်မှုနဲ့ ရှင်သန်မှုကို
သူဖျက်ဆီးခိုင်း ဒီလိုရက်စက်လိုက်တဲ့ဝေဒနာ
မျိုးစုတွေခြားမှာ ဆေးသောက်နေရတဲ့
မိုက်တွင်းနက်လူသားရဲ့ ဘ၀ ထူးခြားမှုဆိုတာ
ရှိလာနိုင်ပါအုံးမလား.......။
ဝေဒနာရဲ့  အဖြစ်ဆိုး အဖြေရှာလို့ လှပ်မိတော့
အသက်ရှည်လိုမှုကို တုန်လှုပ်မိ ဘ၀အသစ်ကို တမ်းတမိတယ်
ကိုယ်မှားနေသလားပြန်စဉ်းစား ကိုယ်မိုက်လို့ ကိုယ်ခံရတာမို့
အသက်ရှည်လိုမှု ကိုလဲလက္မခံ ချင်တော့
ARV ကိုလဲ မမက်မော အရာအားလုံးကို ကျောခိုင်းချင်သူမို့
ဆရာမရေ ကျွန်တော်မိုက်တွင်းနက်အတွက် ARV ဆိုတဲ့ တားဆေးကိုမပေးပဲ။
သေဆေးလေးတခွက် လောက်ပေးပါ။
နိုင်မိုး (မိုက်တွင်းနက်)

အင်း........ ရင်ဖွင့်သူက ရင်ဖွင့်ပေမယ့် ခေါင်းထဲမှာ တော့ counseling ကောင်းစလင်းနဲ့ တဒင်ဒင် မြည်နေတယ်။

Read more...

Monday, November 5, 2007

ဘေးရန်ကင်းစေ မွေးရပ်မြေ

ကိုယ့်ပြည်ကိုယ့်မြေ
ကိုယ့်မိဘနဲ့
ရေမြေသောက်သုံး
သက်ထက်ဆုံးတိုင်
မခွဲမခွာ
နေချင်သော်လည်း
တိုင်းပြည်အုပ်ချုပ်
မင်းလုပ်သူက
အဆွေမတော်
အမျိုးမစပ်
ကြင်နာတရား
ကင်းမဲ့နေလို့
သွေးကွဲမျိုးဖြုတ်
အကြံယုတ်နဲ့
အဆီကိုယူ
အသားကိုစား
အာဏာမူးယစ်
နွံနစ်ထဲမှာ
အများပြည်သူ
မျက်ရည်ပူကျ
အားမတန်လို့
အံကိုကြိတ်ကာ
ရင်မှာကြေကွဲ
ခွဲခဲ့ရတယ်
လွမ်းမပြေဘူး
မွေးရပ်မြေရယ်။

ငြိမ်းချမ်းမှုကို
အစဉ်ပြုလို့
ကိုယ့်မျိုးကိုယ့်ပြည်
ကိုယ့်ရေမြေကို
သွေးစည်းစိတ်ထား
မကွဲပြားအောင်
သစ္စာမဏ္ဍိုင်
တည်တံ့ခိုင်ဖို့
ကိုယ့်လူမျိုးသာ
အုပ်ချုပ်ပါလျှင်
ဘာသာလူမျိုး
ကမ္ဘာသို့တိုင်
ပဲ့တင်ထပ်ပေါ့
မွေးရပ်မြေရယ်။
အခုတော့ဖြင့်
မခိုလှုံလို့
တပြည်တမြေ
ရှောင်ပြေးခါမှ
ပြန်ချင်စိတ်ကို
ရင်မှာစွဲသိပ်
နေ့ညသရွေ့
တမ်းတရပြီ
ငြိမ်းချမ်းပါစေ
မွေးရပ်မြေရယ်။
(ရမ္မ၀တီ)
ရက္ခသွေး

ဒီကဗျာလေးကိုကျွန်တော် လွန်ခဲ့တဲ့လ ပန်းရံဆိုက်တစ်ခုကိုသွားရင်း ရခိုင်သားတစ်ဦးထံမှ ရရှိခဲ့ပါတယ်။

Read more...

Thursday, November 1, 2007

မြန်မာအလုပ်သမားများဘဝ






ပန်းရံဆိုက်တစ်ခုကို သွားတယ်။ လူ(5)ဦးလောက်ခြေထောက်မှာ ဘိလပ်မြေလောင်လို့ ဆေးသွားထည့် ပေးရ တယ်။ တစ်ချို့  စဖြစ်ကာစဆို ဆေးရုံကိုသွားသင့်တယ်။ အလုပ်သမားကဒ်နဲ့ ဆေးရုံအာမခံကဒ် မရှိလို့ မသွားရဲ ဘူး။ အလုပ်ရှင်တွေက မြန်မာအလုပ်သမားတွေဆို မတန်တဆခိုင်းတယ်၊ လုပ်အားခကြတော့ အပြည့်အ၀ မပေးခြင်ကြဘူး၊ မပေးကြဘူး။ အခုလိုမျိုးလုပ်ငန်းခွင်မှာ ထိခိုက်ဒဏ်ရာရပြန်တော့လည်းတာဝန် မယူကြဘူး။ ကြိုတင် ကာကွယ်ဖို့ အတွက်ကြတော့လည်း ပစ္စည်းကိရိယာအပြည့်အ၀မထောက်ပံ့ကြဘူး။ အခုခြေထောက်ကို ဘိလပ်မြေလောင်ရတာလည်း လည်ရှည်ဖိနပ်မစီးလို့ဖြစ်ရတာပါ။ သူဌေးကလည်းမပေးဘူး။ ကိုယ့်လူထု ကလည်း သူဌေးကလုပ်ဆိုရင် လုပ်တာပါပဲ အန္တရာယ်ရှိတယ်ဆိုတဲ့ အလုပ်ကိုလည်း မငြင်းဆန်ရဲကြပါဘူး။ ဒီလိုဖြစ်အောင် အုပ်ချုပ်သူ အစိုးရကလည်းလေ့ကျင့်ပေးထားသလိုပါပဲ။

Read more...

ဒီလောက်အားပေးပြီးပြီ

Better Tomorrow © Layout By Hugo Meira.

TOP