မိနွယ်အကြောင်း တစ်စေ့တစ်စောင်း
ကျွန်တော် လုပ်ပေးနိုင်တဲ့အပိုင်းက တတ်နိုင်သမျှ ကိုအကူပေးထားတယ်။ အနီးအနားက ဆေးရုံတင်မက ဖူးကတ်ဆေးရုံကြီးထိ ကလေးကိုခေါ်ပြီး ဆရာဝန်နဲ့ပြတယ်။ ဆရာဝန်က နှစ်ခေါက်ပြန်ချိန်းတယ်။ ဓာတ်မုန်ရိုက် တယ်။ လုံလောက်တဲ့ ရောဂါရာဇ၀င်ရှာမတွေ့ ခြင်းကြောင့်လားမသိ အရင်ဆေးမှတ်တမ်းများကို ရနောင်း ဆေးရုံကြီးမှာရှာခိုင်းတယ်။ ရနောင်းဆေးရုံကြီးထိ သွားရှာသော်လည်းပဲ လွန်ခဲ့သော ၇ နှစ်ကျော်ခန့်က မြန်မာ ကလေးတစ်ယောက်ရဲ့ ဆေးမှတ်တမ်းက အစရှာမရ။
(ဖူးကတ်ဆေးရုံ ဓာတ်မုန်ဌာန ရှေ့ မှ မိနွယ်)
ဖူးကတ်ဆေးရုံကိုနောက်တစ်ခေါက်ပြန်သွားတယ်။ ဆရာဝန်က လက်မခံ စူရတ်ဌာနီဆေးရုံကို ထပ်မံလွှဲပြန် တယ်။ ကျွန်တော်ရဲ့ ကြိုးစားမှုတွေ ခြေကုန်လက်ပန်း ကြကုန်တယ်။ ပြီးခဲ့တဲ့ အပတ်က အမေရိကားကို ခဏရောက်နေတဲ့ ညီမလေးတစ်ယောက်က အလှူရှင် တစ်ယောက်နဲ့ ဆက်သွယ်ပေးမယ်။ အစ်ကိုဖုန်းနံပါတ် ကိုပေးလိုက်မယ်။ အမြန်စီစဉ်ပါတဲ့ သူနှစ်ပါတ်ပဲ ထိုင်းနိုင်ငံမှာ နေမှာဆိုတဲ့ ကိုယ်လည်း စီစဉ်သင့်တာတွေ စီစဉ်တယ်။ ဟိုဘက်ကဖုန်းမဆက်လာ။ ဒီတစ်ခါကော မိနွယ်လေးအတွက် ဘယ်လိုရှိမလည်းမသိ။ အိပ်ယာ ထဲရောက်ပြီးမှ အိပ်မပျော် ဒီစာကိုကောက်ရေးတယ်။ မိနွယ်လေးဘ၀ အစဉ်ပြေစေဖို့ဆု တောင်းပေးပါတယ်။

မိနွယ်လေး အဆင်ပြေပါစေလို့ ၀ိုင်းပြီး ဆုတောင်းပေးလိုက်ပါတယ်။
မိနွယ်လေး ခံစားနေရတာလေးအမြန်ဆုံး သက်သာပျောက်ကင်းပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
Post a Comment