Friday, January 30, 2009

ဇန်န၀ါရီ ၃၀


ခရီးရှည်ထွက်ရမှာ မို့စောစောထမယ်စိတ်ကူးပေမယ့် မထနိုင်ခဲ့ဘူး။ ၈နာရီ ခွဲကျော်မှပဲထဖြစ်တယ်။ ၉ နာရီ ကနေ ၁၀ နာရီထိ လူထုကျန်းမာရေးသင်တန်း တစ်လပေးဖို့အတွက် ဆရာဝန်ကြီးတွေနဲ့ ထည့်သွင်းသင့်တဲ့ သင်ခန်းစာ တွေပြင်တယ်။ အဲဒီထဲမှာ ထူးထူးဆန်းဆန်း ဘယ်သင်တန်းမှာမှ မသင်တဲ့ သင်ခန်းစာတစ်ခုကို ထည့်သွင်း ခဲ့ပါတယ်။ မြန်မာရွှေ့ ပြောင်းအလုပ်သမားများအကြား ရေပန်းစား အသုံးများနေတဲ့ အာဆီယံ လို့ခေါ်တဲ့ မူးယစ်ဆေး တစ်မျိုးပါပဲ။ ဆရာဝန်ကြီးများနဲ့ လမ်းခွဲပြီး ကော့ကလွိုင်စာသင်ကျောင်းဘက်ကို ထွက်ခဲ့ပါ တယ်။
စာသင်ကျောင်းမှာ နေမကောင်းတဲ့ ကလေးများကို ကျန်းမာရေးစစ်ဆေးပေးပါတယ်။ အမျိုးသမီးကျန်းမာရေး သင်တန်းအတွက် အလုပ်ကပြန်လာမယ့် အမျိုးသမီးတွေကို စောင့်ရင်း ကလေးများကို ဗဟုသုတအနေနဲ့ ပုံပြင်လေးတွေ ပြောဖြစ်ပါတယ်။ နေ့လည် ၃ နာရီကျော်မှာ မြန်မာအလုပ်သမား အမျိုးသမီးများအတွက် ကျန်းမာရေးပညာပေးသင်တန်းလေးတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ အမျိုးသမီး ၁၃ ဦးတက်ရောက်ခဲ့ပါတယ်။ နှစ်နဲ့ချီပြီး အမြဲတမ်းသွားနေတယ်ဆိုပေမယ့် အဲဒီနေရာလေးမှာ ကျန်းမာရေးပညာပေးတာ ကျွန်တော့်အနေနဲ့ ပထမဦးဆုံးအကြိမ်ပါပဲ။ ဒီနေ့ဟာ ကော့ကလွိုင် ခေတ်တခုထဲမှာပဲ တစ်နေကုန်သွားခဲ့ပါတယ်။ ည ၇နာရီကျော်မှ ရုံးကိုပြန်ရောက်ပါတယ်။

1 Comentário:

ဒိုးလေး said...

ကိုအောင်ကြည်မင်းရေ...မင်္ဂလာပါ...
ကိုအောင်ကြည်မင်းရဲ့ ဆိုက်ကို ဒါနဲ့ မှ ၂ ခေါက်ပဲရောက်တာပါ.... နောက်အမြဲတမ်းလာချင်ပါတယ်... အများကောင်းကျိုးကို ဦးတည်လုပ်ဆောင်နေတဲ့ ကိုအောင်ကြည်မင်းရဲ့  လုပ်ဆောင်မှုတွေကို အားပေးပါတယ်..
ဖြစ်နိုင်ရင်ကိုအောင်ကြည်မင်းရဲ့ ဖုန်းနံပါတ်နဲ့ လိပ်စာလေးကိုလိုချင်ပါတယ်ဗျာ....
၀၈၅၀၅၄၄၉၆၀ ဒါကျနော့ရဲ့ ဖုန်းနံပါတ်ပါ...ကံကောင်းပါစေ...

Post a Comment

Powered By Blogger

ဒီလောက်အားပေးပြီးပြီ

Better Tomorrow © Layout By Hugo Meira.

TOP