Saturday, January 31, 2009

Diphenhydramine (ဒိုင်ဖန်ဟိုက်ဒြာမင်း)


ဟစ်စ်တမင်းတုံ့ပြန်ဆေးတစ်မျိုးဖြစ်သည်။ အအေးမိနှာစေးချောင်းဆိုးခြင်းကို သက်သာစေနိုင်သည်။

အသုံး

အအေးမိခြင်း၊ ဓာတ်မတည့်ခြင်း၊ လေပြွန်ရောင်ခြင်းတို့ကြောင့်လည်ချောင်းယား၊ နှာရည်ယို၊ နှာချေ၊ ချောင်းဆိုး ခြင်းကို သက်သာစေရန်အသုံးပြုသည်။

ဆေးညွှန်းနှင့် အသုံးပြုပုံ

သလိပ်ဟတ်ထုတ်ရ လွယ်ကူစေသော အမိုနီယမ်ကလိုရိုက်နှင့် အမိုနီယမ်စစ်ထရိတ် သလိပ်ပျော်စေသော ဘရွမ်ဟက်ဆင်း၊ လည်ချောင်းယားခြင်းကို သက်သာစေသော မင်သော်စသော ဆေးများနှင့် ပေါင်းစပ်ပြီး အအေးမိနှာစေး ချောင်းဆိုးပျောက်ဆေးရည်များအဖြစ် ထုတ်လုပ်လေ့ရှိသည်။ များသောအားဖြင့် ၅ စီစီ လက်ဖက်ရည်ဇွန်းတစ်ဇွန်းတစ်နေ့သုံးကြိမ်၊ လေးကြိမ်ခန့်သောက်နိုင်ပါသည်။

သတိပြုရန်

အိပ်ငိုက်စေသဖြင့် ယာဉ်မောင်းနေသူများ၊ စက်ယနရားဖြင့် အလုပ်လုပ်သူများ သတိထားရမည်။ အရက်မ သောက်သင့်ပါ။

ဆေးအပြစ်များ
အိပ်ငိုက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ အာခြောက်ခြင်း၊ မျက်စိပြာခြင်း၊ ခေါင်းနောက်ခြင်း၊ ၀မ်းချုပ်ခြင်း၊ ခြေလက်တုန် ခြင်း၊ ရင်တုန်ခြင်း၊ နှလုံးခုန်မမှန်ခြင်းတို့ ဖြစ်နိုင်ပါသည်။

ရှောင်ရန်
ဆေးနှင့်မတည့်သူများ

ဝယ်ယူရရှိနိုင်သော ဆေးအမည်အချို့ 
Broncho Hexal, Diphendryl, Diphenhydramine, Zeet

Seja o primeiro a comentar

Post a Comment

Powered By Blogger

ဒီလောက်အားပေးပြီးပြီ

Better Tomorrow © Layout By Hugo Meira.

TOP