ဇန်န၀ါရီ ၂၉
ဓါးခုတ်ခံထိတဲ့ ညီလေးကမနေ့ကတည်းက ဖုန်းဆက်တိုက်ခေါ်နေတာ ကျွန်တော်လည်း မအားတာနဲ့ မသွားဖြစ်ဘူး။ ဒီနေ့တော့ ဖန်ငဆေးရုံကို ထပ်ရောက်ဖြစ်ပါတယ်။ ကျွန်တော်နေတဲ့ နေရာနဲ့က ဆေးရုံကို တစ်နာရီခွဲနီးပါးသွားရတာ။ အသွားအပြန်ဆိုရင် ၃ နာရီကျော်အချိန်ကုန်တယ်။ ဆေးရုံရောက်တော့သူတို့ဇနီး မောင်နှံနှစ်ယောက် ကျွန်တော့်ကိုထွက်စောင့် နေကြ တယ်။ ဖန်ငဆေးရုံကနေ ကပွန်ဆေးရုံကို လွှဲစာနဲ့ပြောင်း လည်း ကုသခိုင်းထားတယ်။ လက်မှာလည်း IV ပိုက်တန်းလန်းနဲ့ ဆေးရုံထပ် မပြောင်းရင် ရမလားလို့မေးလာ တယ်။ ဘာဖြစ်လို့လည်းမေးတော့ သူမြန်မာပြည်ကို ပြန်ပြီးကုသခြင်တယ်။ သူထိုင်းနိုင်ငံမှာ သူဆေးကုနေရင် သူ့အမျိုးသမီးက သူ့ကိုပြုစုရမှာဖြစ်တဲ့ အတွက် အလုပ်လုပ်ရမှာအခက်အခဲဖြစ်နေကြောင်းနဲ့ သူတို့မှာ ပိုက်ဆံမရှိ တော့တဲ့အကြောင်း၊ နောက်ပြီးတော့လည်း မြန်မာပြည်မှာ နို့ဆို့ကလေးလေးရှိတယ်ဆိုတဲ့ အကြောင်းကို ပြောပြ ပါတယ်။ သူမြန်မာပြည်ပြန်ပြီး ဆေးကုသမှုခံ ယူမယ်ဆိုတာကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးတိုင်ပင်လာပါတယ်။ သူ့ရဲ့လက်ရှိအနာက ဆေးရုံမှာ ဆေးထပ် ကုဖို့ လိုသေးကြောင်း ကျွန်တော်ရှင်းပြပါတယ်။ တကယ်လို့ ကုသမှုမခံ ယူရင် ရောဂါပိုးဝင်ရောက်နိုင်ကြောင်းကိုလည်း သေသေချာချာရှင်းပြပါတယ်။
ကျွန်တော်သူတို့ မိသားစုအပေါ်မှာ တတ်နိုင်သလောက်အကူအညီပေးတယ် ဆိုပေမယ့် မိသားစုအရေးမှာတော့ ၀င်ရောက်ဆုံးဖြတ်ပေးဖို့ခက်ခဲလှပါတယ်။ သူတို့မှာ ဘတ်မရှိတဲ့အတွက် ရုံးကကားနဲ့ လိုက်ခြင်တယ်လို့ ပြောပါ တယ်။ ရုံးကကားကလည်း ဘတ်မရှိသူများတင်ခွင့်မရှိပါဘူး။ ဒါပေမယ့် ကျွန်တော် ခေါ်လာခဲ့ပါတယ်။ သူတို့ နေထိုင်ရာ အိမ်ရှေ့ ထိလိုက်ပို့ပေးခဲ့ပါတယ်။ သူတို့အတွက် ဆေးဖိုးကို ၆၉၀၀ ဘတ်ကျော်ကို ရှင်းပေးခဲ့ပါတယ်။ နေ့လည် ၂ ကျော်မှ ကျွန်တော်ထမင်းစားခဲ့ရပါတယ်။
ပါဝိစာသင်ကျောင်းမှာ ကျွန်တော့်ရဲ့ ကျန်းမာရေးအဖွဲ့ တီဘီရောဂါအကြောင်းကျန်းမာရေး ပညာပေးစစ်ဆေး နေတာကို ၀င်ကြည့်ခဲ့ပါတယ်။ ၃နာရီခွဲမှာ ရုံးကိုပြန်ရောက်ပြီး ခဏနားပါတယ်။ နောက်ပြီး စာသင်ကျောင်းမှ ကလေးတွေရဲ့ ကျန်းမာရေး စစ်ဆေးချက်တွေကို ၂၀၀၇ နဲ့ ၂၀၀၈ ပြန်ပေါင်းဖို့အတွက် လိုအပ်တဲ့ ဂရပ်တွေပြင် ပါတယ်။
ညနေ ၄ နာရီခွဲဝင်းကျင်မှာ တန်းလျားက လူနာတွေကို ထုပ်ပေးထားတဲ့ (ဘန်ချီ) အကြွေးစာအုပ်တွေကို သွားသိမ်းပါတယ်။ လူနာတွေရဲ့ စာရင်းကို တော့ဒီနေ့ ဘယ်အခန်းမှာ ဘယ်သူနေနေတယ်ဆိုတာကို တိတိကျကျ ကောက်ယူခဲ့ပါတယ်။ ARV ဆေးသောက်နေတဲ့ အေအိုင်ဒီအက်စ် လူနာယောက်ကျားလေး ၁၁ ဦးရယ်၊ အမျိုးသမီး ၃ ဦးရှိပါတယ်။ တီဘီဆေးသောက်နေသူ ၂ ဦး၊ လေဖြတ်သူ ၁ ဦး ၊ အသည်းပြည်တည်နာ ၁ ဦး ၊ ဆိုင်ကယ်တိုက်ပြီး အောက်ပိုင်းမသန်သူ ၁ ဦး ပေါင်း ၁၉ ဦးရှိပါတယ်။ ၁ နာရီကျော်ကျော်လောက်စကားပြောပြီး၊ ရုံးကိုပြန်လာခဲ့ပါတယ်။ (ဘန်ချီ) အကြွေးစာအုပ်ကို တွက်ကြည့်တော့ ၁၂၂၈၇ ဘတ်ဖိုးသုံးထားပါတယ်။ အမှန်တကယ်ဆိုရင် ကျွန်တော့မှာ အဲဒီလောက်သုံးပိုင်ခွင့်ပေးလို့မရပါဘူး။ ဒါပေမယ့်လည်း သုံးပြီးသား တွေဆိုတော့လည်း ရုံးမှာ စကားပြောရတော့မှာပေါ့။ သူတို့ခဗျာမှာလည်း နယ်စည်းမခြား ဆရာဝန်များ အဖွဲ့က ရိကာဖြတ်ထားတော့ ကျွန်တော်ပေးသုံးတဲ့ ဘတ်သုံးဆယ်ဟာ မလောက်မှန်းသိပါတယ်။ အဲဒီအတွက်လည်း ပြောအားမရှိပါဘူး။
ညပိုင်း ၇ နာရီလောက်ကနေစပြီး အမေရိကားက လုပ်အားပေးဆရာဝန်ကြီးနှစ်ယောက်နဲ့ တစ်လသင်တန်း အတွက် ကြိုတင်ပြင်မှုတွေအတွက် တိုင်ပင်တာ ည ၉ နာရီခွဲကျော်မှပဲ အိမ်ပြန်ရောက်ပါတယ်။

2 Comentários:
အား စိတ်မကောင်းဖြစ်မိတယ်ကွာ...
ကျနော်တို့ မြန်မာပြည်သားတွေအတွက် ဒီလို မျိုးတွေ တွေ့ ကြုံရပေါင်းတွေ လည်းမနည်းပါဘူး...
တကယ်စိတ်မကောင်းဖြစ်မိပါတယ်ဗျာ...
Post a Comment